အရွယ်နဲ့မလိုက်အောင် ပရဟိတအလုပ်တွေကို နေ့တိုင်းလုပ်နေတဲ့ စေတနာ့ဝန်ထမ်း ၆တန်းကျောင်းသားလေး

အရွယ်နဲ့မလိုက်အောင် ပရဟိတအလုပ်တွေကို နေ့တိုင်းလုပ်နေတဲ့ စေတနာ့ဝန်ထမ်း ၆တန်းကျောင်းသားလေး

လက်ရှိမှာ Covid 19တတိယလှိုင်း ကူးစက်မှုတွေကြောင့် မြန်မာပြည်အတွင်း သေဆုံးသူလူနာများ တစ်နေ့ပြီးတစ်နေ့ ပိုမို များပြားလာနေပြီ ဖြစ်ပါတယ်။

အခုလို ကိုဗစ်လူနာတွေအတွက် ရှေ့တန်းကနေကူညီပေးနေကြတဲ့သူတွေကတော့ ပရဟိတအဖွဲ့အစည်းတွေပဲဖြစ်ပါတယ်။

ပရဟိတလူငယ်လေးတွေဟာ ကိုယ့်အတွက်ကိုယ်တောင်မငဲ့ပဲ ကိုဗစ်လူနာတွေကို ကူညီကယ်တင်ပေးနေကြတာကို ပရိသတ်တွေလည်း မြင်ကြမယ်ထင်ပါတယ်။

ပရဟိတအလုပ်တွေကို အင်တိုက်အားတိုက်ကူညီပေးနေကြတဲ့သူတွေထဲမှာ သံဃာတော်တွေလည်းပါဝင်ကြသလို ခရစ်ယာန်သာသနာပြု sister ကြီးတွေအထိပါဝင်ကူညီနေကြတာကိုတွေ့ရပါတယ်။

အခုလိုကူညီပေးနေကြတဲ့သူတွေထဲမှာ အသက်၁၄နှစ်အရွယ် ဆဌမတန်းကျောင်းသားလေးဖြစ်တဲ့ မောင်ထွန်းလင်းနိုင်ကတော့ အသက်အငယ်ဆုံးစေတနာ့ဝန်ထမ်းလေးပဲဖြစ်ပါတယ်။

မောင်ထွန်းလင်းနိုင်ဟာ အရှေ့ဒဂုံမြို့နယ်ရှိ ကျူးကျော်ရပ်ကွက်တခုတွင် နေထိုင်သူဖြစ်ပြီး မိဘများမှာကျပန်းအလုပ် လုပ်ကိုင်ကြကာ မောင်နှမလေးယောက်အနက် အကြီးဆုံးဖြစ်ပါတယ်။

မောင်ထွန်းလင်းနိုင်ဟာ ပရဟိတလူမှုကယ်ဆယ်ရေးလုပ်ငန်းများတွင် စိတ်အားတက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် မေတ္တာသဂ်ဟအသင်း၏ အသက်ငယ်ဆုံး စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်လာခဲ့တယ်လို့သိရပါတယ်။ ပရိသတ်တွေအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။


မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owner