သူဌေးအကြီးစားလက်(လက္ခဏာ)

သူဌေးအကြီးစားလက်(လက္ခဏာ)

လူအများစုသည် လက်ဝါးပြတ်ဆိုလျင်အင်မတန်ကြောက် အင်မတန်ရှောင်ကြ၏။ဘယ်လောက်ထိကြုံခဲ့ဖူးလဲဆိုရင် သူ့သမီးနှင့်ယူမည့်လူ အားလုံးခေါင်းငြိမ့်သဘောတူပြီးမှ လက်ဝါးပြတ်ဖြစ်နေ၍ခါးခါးသီးသီးငြင်းလိုက်တာမျိုးလက္ခဏာ ဗေဒင်ဟောသက် ၂၂ နှစ်ကျော်အတွင်း သုံးလေးဦးကြုံဖူးပါသည်

ယခုလက္ခဏာရှင်သည်လက်ဝါးပြတ်ဖြစ်၏။ပထမအရွယ်မကုန်သေးအသက်ငယ်သေး၏။သို့သော်ချမ်းသာ၏။ပြီးခဲ့တဲ့သုံးလေးရက်ကဤပုဂ္ဂိုလ်ကိုဟောဖို့အလှည့်ရောက်၏။မန္တလေးမြို့ကြီးကဖြစ်၏။

(၁)အနီရောင်ဖြင့်ပြထားသောလက်ဝါးပြတ်ဖြစ်နေသော်လည်းလက်မသည်လက်မတင်းပုတ် ပုတိုတိုလက်မမျိုးမဟုတ်သောကြောင့်လက်ဝါးပြတ်ဟုမသတ်မှတ်ပါ။

ထို့ပြင်

(၂)ထိုလက်ဝါးပြတ်သည်အနက်ရောင်ဖြင့်ဆွဲပြထားသောစိန်သရဖူအကြီးစားဖြင့်အတူတွဲဖြစ်နေခြင်းအဝါရောင်ဖြင့်ဆွဲပြထားသောအောင်မြင်ကျော်ကြားလမ်းကြောင်းပါနေခြင်းတို့ကြောင့်လက်ဝါးပြတ်မဟုတ်ကြောင်းထပ်၍သက်သေပြနေပြန်၏

(၃)လက်သူကြွယ်အောက်တွင်အဖြူရောင်ဖြင့်ဆွဲပြထားသောအလံတိုင်သင်္ကေတအဝါရောင်ဖြင့်ဆွဲပြထားသောတြိဂံ ၂ ထပ်နှင့် ခက်ရင်းခွတို့ပါနေ၏

ယခုဆိုခဲ့ပြီးသောအချက်အားလုံးသည်ကျိကျိတက်ချမ်းသာမည့်ပုဂ္ဂိုလ်ဖြစ်ခြင်းစီးပွားရေးနယ်ပါယ်မှာနာမည်ကောင်းတစ်လုံးဖြင့်ရပ်တည်ရမည်ဖြစ်ခြင်းအလုပ်တွေ သုံးလေးမျိုးမကလုပ်ခြင်းသားသမီးတို့ကိုပါပညာအမွေ၊ဥစ္စာအမွေ၊ဂုဏ်သိက္ခာအမွေတို့ ပေးသွားမည်ဖြစ်၏။

အားကျစရာကောင်းလောက်အောင်ကြွယ်ချမ်းသာမည့်ဘဝမျိုးရောက်မည်။ထင်ပေါကျော်ကြား စီးပွားရေးသမားဘဝမျိုးရောက်မည်။

ဇွဲလုံ့လဝိရိယကောင်းသူဖြစ်ခြင်းစိတ်ဓာတ်ပြတ်သားခိုင်မာခြင်းလုပ်ငန်းကြီးတို့ကို ပိုင်ပိုင်နိုင်နိုင်အောင်မြင်အောင် လုပ်ပြနိုင်သူဖြစ်မည်။ဤပုဂ္ဂိုလ်၏မွေးဇာတာသည်လည်းထူးခြားသော ရာသီ၊ဂြိုဟ်၊နဝင်းတို့ဖြင့်ဖွဲ့စည်းထား၏

(၁)ကုန်သည်ရာသီ၊စီးပွားရေးသမားရာသီချိန်ခွင်ရာသီတွင် လဂ် ရပ်တည်၏။

(၂)တနင်္ဂနွေဂြိုလ် ဥုစ်ရထားပြီးဓနုရာသီနဝင်းပြန်စီးထား၏

(၃)တနင်္လာဂြိုဟ် ဥုစ်နဝင်းစီးထား၏

(၄)တရုတ်ရိုးရာ ရာသီဖွားအရလည်းဆိတ်နှစ်ဖွား”သတ္တုဆိတ်နှစ်ဖွား”ဖြစ်နေ၏

(၅)လက်ကလဲ ဘယ်လက်ဘယ်လက်မှာပါသောအမှတ်အသားတွေဖြစ်နေ၍ပို၍ ပို၍ကောင်းပါသည်။

ဘယ်ဥပဒေ ဘယ်နည်းစနစ်ဘက်ကဆိုဆိုအကြီးအကျယ်ချမ်းသာကြွယ်ဝလိမ့်မည်

စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Dr.Myint Win(Ph.D)