ပျောက်ကွယ်လုနီးပါးဖြစ်နေသော ရှေးထုံး အစဉ်အလာ စကားများ ၁

၀၁ ။ အိမ်မှာလုံးစုံ ပတ်လည်အုံ ဆီဆုံမရှိကောင်း ။

၀၂ ။ ပဒိုင်း ၊ ခတ္တာ ၊ ပဲကြီးဝါ နီးစွာ မစိုက်ကောင်း ။

၀၃ ။ မျောက်နှင့် ဖရုံ နီးစိုက်တုံ ဖျင်းသုဉ် ပျက်တတ်ကြောင်း ။

၀၄ ။ အိမ်ရှေ့မှာသာ နွားထားရာ မြန်စွာ ပျက်စီးကြောင်း ။

၀၅ ။ ထဘီ ၊ တဘက်လျှင် ပခုံးတင် ဆွဲငင်မရိုက်ကောင်း။

၀၆ ။ သား ၊ မြေး တို့ကို သွေးသံယို မျက်လို မရိုက်ကောင်း ။

၀၇ ။ ချိုးကျိုးကျွဲ ၊ နွား ကန်ငြား ဆင် ၊ မြင်း စီးနင်ခြင်း ရှောင်ကွင်း မဝယ်ကောင်း ။

၀၈ ။ ချိုတည်လူးနွား အိမ်မှာထား ၊ စီးပွား ဆုတ်ယုတ်ကြောင်း ။

၀၉ ။ ရွာပြင် ၊ အိမ်ပြင် သေလေလျှင် ရွာအိမ်အတွင်း မသွင်းမယူရ ။

၁၀ ။ မသာပို့ရာ အလောင်ဟာ နောက်မှာထား၍ မပို့ကောင်း ။

၁၁ ။ မသာချသွား အိမ်ရှေ့ပါး ရပ်နားမပြုကောင်း။

၁၂ ။ တံခွန်ကုက္ကား ၊ ကြက်လျှာများ စိုက်လွှား အိမမှာ မပြုနှင့် ။

၁၃ ။အိမ်ရှေ့ သမိုက် ထရံ၌ စိုက်၍လေးကို မထားနှင့် ။

၁၄ ။ စားဖွယ် သောက်ရံ ခွက်ပန်းကန် အသံမြည်အောင် မချနှင့် ။

၁၅ ။ ရေလဲမည်တွင် ထမီလျှင် အိမ်ရှေ့အပြင် မလှန်းနှင့် ။

၁၆ ။ခေါင်းလျှော်ပြီးလျှင် ထိုဆံပင် နေတွင် မလှန်းနှင့် ။

၁၇ ။ စားဖွယ်ပို့လာ ခွက်ယောက်မှာ ဆေးကာပြန်၍ မပေးနှင့် ။

၁၈ ။ ကိုယ်ဝန်ဆောင်မိန်းမ စားသမျှ ကိုယ်ကယူငင် မစားနှင့် ။

၁၉ ။ ကိုယ်ဝတ်တသွယ် သားသူငယ် ဓားဝယ် မမြှောက်နှင့် ။

၂၀ ။ အုပ်ဆောင်းပခြုပ် ဦးထုပ်တစ်ဖြာ ဆန်ကောမှာ ထေးဖာ မသုံးနှင့် ။

ဘာပဲဖြစ်ဖြစ် လိုက်နာရင် ကိုယ်အတွက်ကောင်းတာတွေ အများကြီးပါတယ်လို့ ယူဆနိုင်ပါတယ် ။

အခုခေတ် မြန်မာတွေကတော့ ဒါတွေဟာ လောကီအယူအဆတွေပါ နိဗ္ဗာန်ရောက်ကြေင်း မဟုတ်ဘူးလို့ ပြောချင် ပြောနေပါ လိမ့်မယ် ။ဒါပေမယ့် ဗဟုသုတအနေနှင့် လေ့လာသင့်ပါတယ်။

credit- original writer
photo credit-Pinterest