
ညအိပ်ရာ မဝင်ခင် ဒီလို “ ရေ ” မျိုး သောက်ပေးတာ ဗိုက်အဆီကို လောင်ကျွမ်းစေပါတယ်
ဝိတ်ချ ချင်သူတွေ ၊ ညဘက် အမြဲ ဗိုက်ဆာ နေတတ် သူတွေ အတွက် အစာအိမ်ကို ထိန်းနည်းပဲ ဖြစ် ပါ တယ် ။ အစာအိမ်ကို ထိန်းတဲ့ အထဲမှာတော့ ရေ က အဓိက နေရာ ကနေ ပါဝင် ပါတယ် ။
ဘယ်လို ရေ မျိုးတွေကို သောက်ပေး သင့်လဲ ဆိုတာ ကြည့် လိုက် ကြရ အောင် ….
( ၁ ) ရိုးရိုးရေ
ကျန်းမာရေး ကောင်းခြင်းရဲ့ အစက ရေများများ သောက်ခြင်းပါပဲ ။ ရေ များများ သောက်ပေးတာက အစား နည်းနည်း လေးနဲ့ ဗိုက် ပြည့် စေ နိုင်ပါတယ် ။ ဒီလို ကနေ ဗိုက်ပြည့် တယ်လို့ ခံစား သွားစေ နိုင်လို့ ဝိတ် မတတ်နိုင် တော့ပါဘူး ။
( ၂ ) သခွားရေ
ရေဓာတ် များများ ပါတဲ့ အသီးအနှံ ကလည်း ဝိတ်ကျ စေနိုင်ဖို့ အတွက် အထောက်အကူ ဖြစ် စေ နိုင် ပါ တယ် ။ တစ်ခွက်ထဲမှာ ကယ်လိုရီ ( ၁၆ )ပဲ ပါပေမယ့် ရေဓာတ် နဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါ ပါတယ် ။
သခွားသီးမှာ ဗီတာမင် စီ ပါတာ ကြောင့် အဆီတွေ ကိုလည်း ချေဖျက် ပေးနိုင် ပါတယ် ။
( ၃ ) သံပရို ရေ
ဝိတ်ချ နေသူ တွေ အတွက် အကောင်းဆုံး ကတော့ သံပရိုရေ ပါပဲ ။ သံပရိုသီးမှာ ဗီတာမင် စီဓာတ် ပါတာ ကြောင့် သခွားသီး လိုပဲ အဆီ တွေကို ချေဖျက် ပေးနိုင်ပါတယ် ။
အချိုရည်တွေ သောက်မယ့် အစား သဘာဝအသီးကိုပဲ အိမ်မှာ လုပ် သောက်ပါ ။ ကျန်းမာရေး အတွက် ကောင်းစေ နိုင်သလို ဝိတ် လည်း ကျစေ နိုင်ပါတယ် ။
( ၄ ) ဂျင်း
ဂျင်းကတော့ အရသာ ရှိမှာ မဟုတ် ပေမယ့် အစား စားချင်စိတ်ကို ထိန်းချုပ် ပေးနိုင် ပါတယ် ။ အိပ်ရာ မဝင်ခင်မှာ တစ်ခုခု စားလိုက်ရမှ ကျေနပ်သူ တွေ သောက်ပေး သင့်ပါတယ်။
ဂျင်းက စိတ်ဖိစီး စေနိုင်တဲ့ ဟော်မုန်း အတွက်လည်း ကောင်းစေ နိုင်ပါတယ် ။ အစား အလွန် အကျွံ စားမိတာ တွေကို တားဆီး ပေးနိုင်ပါတယ် ။
Credit : Hannwe Soe