စီးပွားဖြစ်ထုပ်လုပ်ရောင်းချနိုင်သောတောင်ပို့မှိုစိုက်ပျိုးနည်း…။

ဒီနည်းဟာအလွယ်ကူဆုံးနဲ့ကုန်ကျစရိတ်ဘာမှမရှိတာမို့ မြန်မာပြည်သူပြည်သားအားလုံး တပိုင်တစ်နိုင် လုပ်ကိုင် နိုင်သလို မြေဧက အနည်းငယ်ရှိသူတွေအတွက်လည်းစီးပွားဖြစ်ထုပ်လုပ်ရောင်းချ နိုင်ပါတယ်။

ယနေ့ မှိုတစ်ပိဿာဈေးဟာလည်း ၁သောင်းကျော်နေတာမို့မက်လောက် စရာဖြစ် ပါတယ်။ အရေးကြီးတာက နည်းသိဖို့ပါဘဲ။

သဘာဝ နည်းဖြစ် တာကြောင့် ဓာတုဗေဒဆေးဝါးကင်းတာကြောင့်စားသုံးသူ များအန္တရယ်မရွိယုံသာမကအနံအရသာဟာလည်းသဘာဝ မှိုကဲ့သို့ စိမ့်ချိုနေစေ မှာပါ။

နည်းမှာပါဝင်ပစ္စည်း၃မျိုးသာ ရှိပြီးမိမိပတ်ဝန်းကျင်မှာ အလွယ်တကူ ရှာဖွေ ရလွယ်ပါတယ်။

၁။ ခြတောင်ပို့အတွင်းပိုင်းမှ မြေသား၂၀သားခန့်။၂။ ထမင်းဖြူ ၆၅ ကျပ်သား( တစ္ကီလို)၃။ ရေ၂လီတာ(ရေသန့်ဗူး၂ဘူး) တို့ဘဲ ဖြစ်ပါတယ်။ပထမဦးစြာ တောင်ပို့မြေနဲ့ထမင်းဖြူတို့ကိုဇလုံတစ္ခုထဲ မှာရောထည့်ပြီးသမအောင်

မွှေပေးရ ပါမယ်။ ထို့နောက် ရေကို ဖျန်းလိုက် မွှေလိုက်ဖြင့် ရေသန်ဘူး၂ဘူးစာကုန်တဲ့အထိ မွှေပေးရပါမယ်။ ပြီးနောက် ထိုဇလုံကို နေရောင်ခြည် တိုက်ရိုက် မကျတဲ့နေရာ မပူလွန်းမအေးလွန်းတဲ့ နေရာမှာ၇ရက်ခန့်ထားရပါမယ်။

ထိုအတောအတွင်းဇလုံကို ရွှေ့ပြောင်းခြင်းမပြုဘဲ ငြိမ်သက်စွာထားရမွာပါ။၇ရက်ကျော်တဲ့အခါဇလုံရဲ့မျက်နှာပြင်ပေါ်မှာ အမြှပ်အဖက် ဖြူဖြူမဲမဲများ တက္လာတာကို တွေရပါမယ်။အဲဒါဟာမှိုဖောက်ဖို့ ကျူလ္လင်စီတွေဘဲဖစ်ပါ တယ်။

(တနည်းအားဖြင့်

မှိုမျိုးစေ့တွေဘဲ ဖြစ်ပါတယ်)ထိုမှိုမျိုးများအားခပ်ယူ၍ အစိုဓာတ်ရှိသော မြေဆွေးပုံ ကောက်ရိုးဆွေးပုံ သစ်ပင်အောက်ရှိ မြေဆွေးတွေ အပေါ် နှံစပ်အောင်ချ ထားပေးပြီး ထားရပါမယ်။မှိုမျိုးစေ့များချထားသော နေရာအား ၇/၈ရက်တစ်ကြိမ်

ရေစိုရုံသာ ဖျန်းပေးရုံဖြင့်အနံ့အရသာနှင့် ပြည်စုံတဲ့ တောင်ပို့မှို တနည်း ကောက်ရိုးမှို တို့ကို လွယ်ကူစွာ း စားသုံးနိုင်ပြီး ပိုလျှံပါက ရောင်းချ၍ ဝင်ငွေတိုးစေမှာပါ။အိမ်တွင်း၊ တိုက်ခန်း၊ ကွန်ဒိုနေ သူများအဖို့ ပန်းအိုးများအတွင်း မြေဆွေးထည့်၍

စိုက်ပျိုးနိုင် ပါတယ်။ (အကယ်၍ကျူလင်စီများပိုလျှံနေပါကဌင်းကျူလင်စီ ရေသန့်ဘူးတစ်ဗူးစာကို ရေသန့်ဗူး ၁၀ ဗူးနဲ့ရောပြီး အပင်များပေါ် ဖျန်းပေးခြင်းဖြင့်၎င်းမှိုမျိူးစေ့ ချထားသော နေရာများအားပက်ဖျန်းခြင်းဖြင့်

အပင်များရှင်သန်ကြီးထွားစေသော မြေဩဇာကဲသို့အသုံးပြုနိုင်ပါသည်။စားဝတ်နေရေး ပြေလည်စေနိုင်ပါမည်

ပြန်လည်မျှဝေပါသည်

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners