အောင်မြင်စွာငွေစုနိုင်ဖို့နည်းလမ်းများ

ငွေကြေးစုဆောင်းခြင်းဟာ ပြောရလွယ်သလောက်အမှန်တကယ်လုပ်ဆောင်ဖို့ခက်ခဲတဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။

ငွေစုဆောင်းဖို့ရည်ရွယ်ထားပေမယ့်တစ်ပြားတစ်ချပ်မှအဖတ်မတင်ပဲကုန်သွားလို့စိတ်ညစ်နေရင် အောင်မြင်စွာ ငွေစုဆောင်းနိုင်မယ့်နည်းလမ်းတချို့ကို ဖော်ပြလိုက်ပါတယ်။

ပေးစရာရှိတဲ့အကြွေးတွေကိုအရင်ဆပ်ပါ

ပြနလည်ပေးဆပ်ရမယ့် ကြွေးမြီတွေရှိနေရင် ငွေစုဆောင်းဖြစ်ဖို့ကမလွယ်ပါဘူး။အကြွေးတွေဟာ ငွေကြေးဆိုင်ရာဝန်ထုပ်ဝန်ပိုးလည်းဖြစ်ပါတယ်။ဒါ့ကြောင့် ငွေစုဆောင်းဖို့ဆုံးဖြတ်ပြီးရင်အရင်ဆုံးလုပ်ရမှာက ပေးစရာရှိတဲ့အကြွေးတွေကိုအရင်ကျေအောင်ဆပ်ပါ။

အသုံးစရိတ်တွေကိုမှတ်တမ်းလုပ်ပါ

ငွေစုဆောင်းတော့မယ်ဆိုရင်သင့်ရဲလစဉ်အသုံးစရိတ်ဘယ်လောက်ရှိလဲဆိုတာအရင်သိထားဖို့လိုပါတယ်။ ဥပမာစားစရိတ်၊လမ်းစရိတ်၊အဝတ်အစားဝယ်၊မီတာခ၊ ရေခ၊ ကလေးမုန့်ဖိုး၊အာမခံကြေး၊ လောင်စာဆီဖိုးစသဖြင့်

ဘယ်အကြောင်းအရာအတွက်ဘယ်လောက်ကုန်ကျမှုရှိတယ်ဆိုတာမှတ်သားထားပါ။ဒါမှသာစုဆောင်းဖို့ ငွေပိုငွေလျှံဘယ်လောက်ထိရှိနိုင်မလဲဆိုတာ သိနိုင်မှာပါ။

ငွေစုဖို့ဘတ်ဂျတ်သတ်မှတ်ပါသင့်ရဲ့အသုံးစရိတ်တွေကိုသိပြီဆိုရင်အသုံးစရိတ်တွေကိုဖယ်ပြီး ငွေဘယ်လောက်စုဆောင်မလဲဆိုတာကို သတ်မှတ်ပါ။နည်းနည်းချင်းစီကနေစတင်ပါ

ငွေစုဆောင်းချင်ပေမယ့်မစုဖြစ်ကြသူတွေလုပ်မိတတ်တဲ့အမှားတစ်ခုကပမာဏများများနဲ့ စတင်စုဆောင်းကြတာပဲ ဖြစ်ပါတယ် ငွေကိုစတင်စုဆောင်းရာမှာ လျှော့သုံးလိုက်ရင်လည်းမသိသာတဲ့ပမာဏလောက်ကနေပဲစတင်သင့်ပါတယ်။တစ်လကို၅၀၀၀/၁၀၀၀၀ လောက်ကစတာ အကောင်းဆုံးပါပဲ။

အသုံးစရိတ် လျှော့ချနိုင်မယ့်နည်းလမ်းတွေရှာဖွေပါ

အသုံးစရိတ်နည်းလေလေ၊ ငွေကိုပိုပြီးစုဆောင်းနိုင်လေလေပါပဲ။ဒါ့ကြောင့်သင့်ရဲ့အသုံးစရိတ်တွေထဲကမလိုအပ်တာတွေကို လျှော့ချနိုင်ဖို့ ကြိုးစားပါ။

မဖြစ်မနေကုန်ကျမယ့်အသုံးစရိတ်တွေကိုလည်းအကုန်အကျသက်သာမယ့်နည်းလမ်းတွေကိုရှာဖွေအသုံးချပါ။

ငွေစုဆောင်းရတဲ့ရည်မှန်းချက်သတ်မှတ်ပါ

ငွေစုဆောင်းတဲ့အခါမှာရည်မှန်းချက်သတ်မှတ်ပြီးစုဆောင်းတာက အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။သင့်ရဲ စုဆောင်းငွေကို ဘာအတွက် စုဆောင်းတာလဲ၊ဘယ်လောက်ရလောက်

စုဆောင်းမှာလဲ၊အချိန်ဘယ်လောက်ကြာအောင်စုဆောင်းမှာလဲစသဖြင့်ရည်မှန်းချက်တွေသတ်မှတ်ထားပါ။

သင့်ကိုယ်သင်အရင်ပေးပါ

ငွေစုဆောင်းသူတွေလုပ်တတ်ကြတဲ့ နောက်ထပ်အမှားတစ်ခုကသုံးလို့ပိုတဲ့ ငွေကိုစုဖို့ စိတ်ကူးတာပဲဖြစ်ပါတယ်။သုံးစရာရှိတာတွေသုံးပြီးမှ ပိုတဲ့ငွေကိုစုမယ်ဆိုရင်ဘယ်တော့မှစုဖြစ်တော့မှာမဟုတ်တော့ပါဘူ။

ဒါ့ကြောင့်ဝင်ငွေရပြီဆိုတာနဲ့စုဆောင်းဖို့ ရည်ရွယ်ထားတဲ့ပမာဏကိုအရင်ဆုံး စုငွေစာရင်းထဲထည့်ထားလိုက်ပါ။

ဝင်ငွေတိုးလာအောင်လုပ်ပါ

ဝင်ငွေပိုများလေလေ၊အသုံးစရိတ်အများကြီးဖြတ်တောက်လျှော့ချစရာမလိုပဲ ငွေပိုစုနိုင်လေ ဖြစ်ပါတယ်။ဒါ့ကြောင့်ဝင်ငွေတိုးလာစေမယ့် နည်းလမ်းတွေကို ရှာဖွေပါ။

သင့်ရဲ့ကျွမ်းကျင်မှုကိုအသုံးချပြီး ဘေးပေါက်အလုပ်တစ်ခုခုလုပ်ပါ။လုပ်ငန်းခွင်ထဲမှာရာထူးလစာတိုးလာအောင်ကြိုးစားပါ။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners