
ညကြီး အချိန်မတော် စွန့်ပစ်ခံထားရတဲ့ အဖွားကိုသွားရောက် ခေါ်ဆောင်ပေမယ့် မလိုက်ဘူး ပဲငြင်းနေကြောင်း ပြောပြလာတဲ့ ဆရာတော်တစ်ပါး
လူတိုင်းကတော့ အချိန်တန်ရင် အိုကြရသူတွေပဲမို့ ကိုယ့်ရဲ့ မိဘ ၊သက်ကြီး အဖိုးအဖွားတွေကို အိုမင်း မသန်စွမ်းလို့ ဆိုတဲ့ အကြောင်းတရားမျိုးစုံနဲ့ ဥပေက္ခာ မပြုသင့်ပါဘူး။
သက်ကြီးရွယ်အိုတွေဆိုတာ ဒီလို အချိန်တွေမှာ အရမ်းကို အားငယ်တတ်လို့ သားသမီး ၊မြေးတွေရဲ့ ဂရုစိုက်မှု ၊ ကြင်နာယုယမှုတွေကို မက်မက်မောမော တောင့်တတ်ကြပါတယ်။
ဒီလို သက်ကြီးအဖိုးအဖွားတွေကို ပြုစုစောင့်ရှောက်ပေးရတာလည်း ကုသိုလ်တစ်ပါးပဲ မဟုတ်လား။တစ်ချို့သော သူတွေကြတော့လည်း ဒီလို အဖိုးအဖွားတွေကို အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်လာတာတွေ လုပ်လာတာ တွေ့ရပါတယ်။
မနေ့ညကဆိုရင်လည်း ညကြီး အချိန်မတော် မန္တလေးမြို့ 55လမ်း 123 လမ်းဒေါင့်မှာ အသက် (၈၀) အရွယ် အဖွားတစ်ဦးကို အိမ်က လာရောက်စွန့်ပစ်ခဲ့တယ်လို့ အနီးပတ်ဝန်းကျင်က သူတွေပြောပြချက်အရ သိရပါတယ် ။
ဒီလို အစစအရာရာ အန္တရာယ်ရှိနေတဲ့ ကာလကြီးမှာ အဖွားခမျာ အထုပ်လေးကိုင်ပြီး ငူငူငေါင်ငေါင်ရပ်နေရှာတာ ပုံတွေကြည့်ပြီး တကယ်ကို စိတ်ပူပန် သနားမိတာ အမှန်ပါပဲ။
ဒီလို အဖွားစွန့်ပစ်ခံရတဲ့ အကြောင်းကို ပြည်သူတွေကလည်း အွန်လိုင်းကနေတစ်ဆင့် ကူညီသူတွေသိအောင် ဝိုင်းရှယ်ပေးကြတာတွေ့ရပါတယ် ။
ခဏကြာတော့ ဆရာတော်တစ်ပါးရောက်လာပြီး အဖွားကို လာရောက်ခေါ်ယူခဲ့ပေမယ့် အဖွားက ဘယ်လိုပြောပြော မလိုက်ဘူးပဲ ငြင်းနေတယ်လို့ ဆရာတော်ကပြောကြားထားတာတွေ့ရပါတယ်။ဒီသတင်းလေးဖတ်ပြီး တကယ်ကို စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ ။
အဖွားရဲ့ သတင်းလေးကို ပြန်လည်ဖော်ပြပေးရင်း အမြန်အဆင်ပြေပါစေ ဆုတောင်းပေးလိုက်ပါတယ် ။
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners