
တောင်ကိုရီးယားနိုင်ငံ တက္ကသိုလ်တခုဟာ ကျောင်းသား၊ ကျောင်းသူတွေရဲ့သေးကို အကျိုးရှိရှိသုံးနေပါတယ်။
သိပ္ပံနည်းကျ ဖန်တီးထားတဲ့ စပါရှယ်အိမ်သာတခုကို ကျောင်းမှာဆောက်ထားပြီး၊ ရလာတဲ့သေးနဲ့ တက္ကသိုလ်တခုလုံးကို စွမ်းအင်ပြန်ပေးနေတာဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပါမောက္ခ ချိုဂျေးဝန်(Cho Jae-weon)က (UNIST)လို့ အမည်ရတဲ့တက္ကသိုလ်မှာ
သန့်စင်ခန်းကိုတည်ဆောက်ထားပါတယ်။ သယ် ဘီးဗီ(the BeeVi)လို့ နာမည်ရတဲ့အဆိုပါ သန့်စင်ခန်းဟာ အလကားနေသေးပေါက်ချင်အောင် စွမ်းဆောင်နိုင်သူပါ။
ကျောင်းသားတွေက သေးပေါက်လိုက်တာနဲ့ ပိုက်ဆံရနိုင်ပါတယ်။ ဒစ်ဂျစ်တယ်ငွေအမျိုးအစားတခုဖြစ်တဲ့
ခရစ်တို(cryptocurrency)နဲ့ ငွေလက်ခံရမှာပါ။ ရလာတဲ့ပိုက်ဆံတွေကို ကျောင်းကရောင်းတဲ့ ကော်ဖီ၊မုန့်၊စာအုပ်တွေ ပြန်ဝယ်ဖို့ သုံးလို့ရပါတယ်။ ပေါက်တိုင်းရဆိုတော့ အားတိုင်းပေါက်ပါပဲ။
ဒါပေမဲ့ တကယ်တမ်းမှာက ပေါက်လေ ကျောင်းအတွက်ကောင်းလေပါ။ ပါမောက္ခရဲ့အဆိုအရ လူတယောက်ဟာ
တနေ့ကို ၅၀၀ ဂရမ်နှုန်းပေါက်ပြီး၊ အဆိုပါပမာဏဟာ မီသန်းဂက်စ် ၅၀ လီတာအထိစုဆောင်းနိုင်ပါတယ်။ အဲဒီကနေမှ ၀.၅ ကီလိုဝပ်အထိ လျှပ်စစ်ကိုရနိုင်ပါတယ်။
မြင်သာအောင်ပြောရရင်တော့ လျှပ်စစ်ကားတစီးကို(၁.၂)ကီလိုအထိ မောင်းနိုင်တဲ့ပမာဏပါ။ ကျောင်းသားတွေပေါက်လိုက်တဲ့သေးက
သေးလှောင်ကန်ထဲကိုရောက်သွားပြီး၊ နည်းစနစ်နဲ့ မီသိန်းဂက်စ်ကိုပြောင်းပေးလိုက်ပါတယ်။ အဲဒီကနေမှတဆင့် ကျောင်းကို မီးပေးပါတယ်။
ဒီတော့ပေါက်လေ လျှပ်စစ်တွေထုတ်နိုင်လေဖြစ်တဲ့အတွက် အားလုံးအတွက်ဂွတ်ရှယ်အခြေအနေဖြစ်နေပါတယ်။
ဒီလိုဂွတ်ရှယ်ဖြစ်နေပေမဲ့ ပါမောက္ခက မကျေနပ်နိုင်သေးပါဘူး။ အညစ်အကြေးတွေကနေ မြေဩဇာထုတ်ဖို့ပါပြင်နေပြီး၊
အိမ်သာကိုစပါရှယ်တကာ့ရှယ်အောင်ဖြစ်ဖို့ ကြိုးစားနေပါတယ်။ ဖြစ်နိုင်ရင် ရေသန့်ပါပြန်ထုတ်ဖို့အထိ စဉ်းစားထားတယ်လို့လည်း ရိုက်တာသတင်းဌာနကို ဖြေကြားခဲ့ပါတယ်။
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners