တစ်နေ့ကို သိန်6း0လောက်ရောင်းနေရတဲ့ ဆေးဆိုင်ပိုင်ရှင် အန်တီကြီးက ဆေးလာဝယ်သူ အဖိုးအိုကြီး ပိုက်ဆံတစ်ရာလိုတာကို မ‌လျှော့ပေးနိုင်ဘူးတဲ့

တစ်နေ့ကို သိန်း60လောက်ရောင်းနေရတဲ့ ဆေးဆိုင်ပိုင်ရှင် အန်တီကြီးက ဆေးလာဝယ်သူ အဖိုးအိုကြီးပိုက်ဆံတစ်ရာလိုတာကို

မ‌လျှော့ပေးနိုင်ဘူးတဲ့…

အဲ့တာနဲ့ဝန်ထမ်းမလေးက ဘယ်သူမှမသိအောင် သူ့ပိုက်ဆံတစ်ရာလေး စိုက်ပေးလိုက်တယ်…

အဖိုးကြီးကတော့ ဆိုင်ပိုင်ရှင်ကြီးလျော့ပေးလိုက်တယ်ထင်ပြီးကျန်းမာပါစေ ချမ်းသာပါစေဆိုပြီး ဆုတောင်းပေးသွားရှာတယ်…

ကျောက်သူဌေးကြီးတစ်ဦးက ဘုရားမှာပိုက်ဆံတွေသိန်းရာနဲ့ချီလှူနေသတဲ့

ဘုရားခြေရင်းက တောင်းစားနေတဲ့ကလေးလေးကိုမမြင်ရှာဘူး… သူ့မှာပိုက်ဆံတွေအများကြီးလှူနိုင်လို့ သူ့ကိုယ်သူ ဂုဏ်ယူနေသတဲ့…

ဘုရားခြေရင်းကတောင်းစားနေတဲ့ကလေးလေးက သူဌေးကြီးကိုကြည့်ပြီး သာဓုတွေခေါ်နေရှာတယ်…

တစ်ခါတစ်လေ ပြောင်းပြန်ဖြစ်နေတဲ့ လူတွေနဲ့လောကကြီးကို ကျွန်တော် အရမ်းမုန်းတယ်….

တချို့က အလှူလုပ်နေတာမှ မဟုတ်တာ ဂုဏ်လိုချင်ကျတာ…

ရေခွက်တခွက်မှာ ရေပြည့်လျံတာကို ထပ်လောင်းထည့်နေရင် အပိုပါပဲ ရေမပြည့်တဲ့ ခွက်တွေအများကြီးပါ

မပြည့်တဲ့ ခွက်ထဲကိုသာ ရေအပြည့်ဖြည့် ပေးမယ်ဆိုရင်……💖💖

မူရင်းရေးသားသူ #Credit