ဝတ်သားတုတ်ထိုး၊ အကင် ကြိုက်သူတွေ ဖတ်ဖြစ်အောင်ဖတ်ပ

ဝတ်သားတုတ်ထိုး၊ အကင် ကြိုက်သူတွေ ဖတ်ဖြစ်အောင်ဖတ်ပါ

ဆရာဝန်ညီလေးတစ်ယောက်ရဲ့ဆေးခန်းကိုလာပြတာ အသက် ၂၀ ကျော်ကောင်ကလေး၊ သူ့စအိုကနေ ( intestinal fluke လို့ခေါ်တဲ့ )အကောင်အရှင်လေးတွေ ထွက်ထွက်နေတာ ပေါ်လိုက်ပျောက်လိုက်နဲ့ ၃-၄ နှစ်လောက်ရှိပြီတဲ့…။

သတိထားမိတာတော့ အဲဒီမတိုင်ခင် ဝက်သားတုတ်ထိုးတွေ အတော်စားဖြစ်တယ်လို့ပြောတယ်။အဲဒီအကောင်လေးတွေသာ အသည်းထဲမှာတွယ်ကပ်မိရင် အတော်ကို ဆိုးဆိုးရွားရွား ဒုက္ခပေးတော့မှာ။No description available.

ဒီလပိုင်း/နှစ်ပိုင်းတွေမှာ ဆေးရုံမှာလည်းမကြာခဏတွေ့လာရတာတွေက အသက် ၃၀ ဝန်းကျင်လူနာတွေ အစာအိမ်ကင်ဆာ

အူမကြီးကင်ဆာတွေနဲ့၊ တစ်ချို့ဆိုရင် ခွဲလို့မရနိုင်တော့တဲ့အခြေအနေမို့ အသက် ၃၀ ကျော်လေးမှာပဲ သေမင်းရက်ချိန်းကို ထိုင်စောင့်နေရတဲ့ဘဝတွေကိုဖြစ်လို့။No description available.

အဲဒီလိုလူနာတွေကို တွေ့ရ မြင်ရ ကြားရတိုင်း လမ်းဘေးမှာ မကျက်တကျက်ပြုတ်တွေထိုင်စားနေတဲ့ တုတ်ထိုးဆိုင်တွေ

၊ မကျက်တကျက်ကင်တဲ့အပြင် မီးခိုးငွေ့တွေ ညှော်ငွေ့တွေပါရိုက်ထားတဲ့ အကင်ဆိုင်တွေနဲ့ တစ်ခါတလေ ခေါင်းထဲ ဗိုက်ထဲက သွေးတွေတောင်ထွက်လာတတ်သေးတဲ့ငါးကင်တွေ…No description available.

နောက်တစ်ခါ ဆိုင်ကြီးကနားကြီးတွေနဲ့ရောင်းပြီး ဈေးကြီးပေးစားရတဲ့ ဆိုင်တွေက ပွက်ပွက်ဆူနေတဲ့အိုးထဲထည့်ပြီး ကျက်မှန်းမသိ

မကျက်မှန်းမသိ ဆယ်စားနေကြတဲ့ အသား ငါး ပုစွန်တွေနဲ့ readymade အသင့်စား အစားအစာလို့ခေါ်တဲ့ ခေါက်ဆွဲခြောက် ကြာဇံခြောက် ကော်ဖီမစ် တီးမစ်တွေကို မျက်စိထဲမှာပြေးမြင်မိတယ်။No description available.

အသိဉာဏ် ဗဟုသုတမရှိလို့ စားတာလားဆိုတော့လည်း ကိုယ့်ဆရာဝန်တွေတောင် အတော်များများ အားပေးကြတာတွေ့ရတယ်။

တစ်ခါတလေကြုံလို့ အပြောင်းအလဲအဖြစ်စားမိတာမျိုးက မထောင်းသာလှပေမယ့် တစ်ချို့လူတွေကတော့ နှစ်နှစ်ခြိုက်ခြိုက် စွဲစွဲလန်းလန်းကို စားကြတာလည်းတွေ့ရတယ်။

အဲဒီလူတွေထဲမှာ ဒီအစာတွေဟာ ဒီလိုဒုက္ခတွေပေးတတ်တယ်ဆိုတာ သိတဲ့သူတွေအများကြီးပါတာလည်း တွေ့ရတယ်။အဲဒီတော့ ပြောစရာက တစ်ခုပဲရှိတော့တယ်၊ သေရဲရင် စားသာစားကြပေတော့လို့ပဲ….။

မူရင်းရေးသူကို credit ပေးပါတယ်။ Photo by fb.