တက္ကစီမောင်းတဲ့သူကို ချစ်သူအဖြစ်ရွေးချယ်ခဲ့လို့ ဝေဖန်နေတဲ့ သူတွေကို တုန့်ပြန်လိုက်တဲ့ မော်ဒယ်မလေး

ချစ်တဲ့သူနဲ့အတူတူဘဝကို သာသာယာယာဖြတ်သန်းနိုင်ဖို့ဟာ မိန်းမငယ်လေးတိုင်းရဲ့ အိပ်မက်လို့ပြောရမှာပါပဲ။

ဒီအိပ်မက်လေးကို အကောင်အထည်ဖော်ခဲ့တဲ့
ထိုင်းနိုင်ငံက မော်ဒယ်မလေးတစ်ဦးကတော့
ဆင်းရဲတဲ့ကောင်လေးကို လက်တွဲဖော်အဖြစ်ရွေးချယ်ခဲ့တာကြောင့် အင်တာနက်တစ်ခွင်မှာ ပရိသတ်ကို အံ့အားသင့်စေခဲ့ပါတယ်။

သူမကတော့ Jubjang Nutchanart Chaichan လို့အမည်ရတဲ့ ထိုင်းနိုင်ငံရဲ့ တက်သစ်စမော်ဒယ်တစ်ဦးပဲဖြစ်ပါတယ်။

Nutchanart Chaichan ဟာ အသက် ၂၂နှစ်သာရှိသေးပြီး ဆိုရှယ်မီဒီယာမှာ လူကြိုက်များနေတဲ့ မော်ဒယ်တစ်ဦးဖြစ်ပေမယ့် သူရွေးချယ်ခဲ့တဲ့ချစ်သူကတော့ တစ်နေ့ကို ၁၅ဒေါ်လာပဲဝင်ငွေရှိတဲ့ တက္ကစီသမားလေးပဲဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့ ဓာတ်ပုံတွေနဲ့အတူ ဆိုရှယ်မီဒီယာကနေတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့တဲ့ အချစ်ရေးသတင်းကြောင့် ပရိသတ်တွေ တော်တော်လေး အံ့အားသင့်ခဲ့ကြရတာပါ။

တချို့ပရိသတ်တွေကတော့ လှပချောမောတဲ့မော်ဒယ်မလေးကိုနှမြောတသဖြစ်ကာ ဝေဖန်မှုများလည်းရှိခဲ့ပါတယ်။

Nutchanart Chaichan ကတော့ သူမနဲ့ချစ်သူဖြစ်တဲ့ Wutthichai Saeng-ngern တို့မှာ ကွဲပြားမှုတွေအများကြီးရှိပေမယ့် သူတို့အချစ်တွေကတော့ ထပ်တူကျနေပါတယ်လို့ အခိုင်အမာဆိုထားပါတယ်။

” သူစားတာကျွန်မလိုက်စားမယ် သူသွားတဲ့နေရာ ကျွန်မလိုက်မယ် သူနဲ့အတူရှိနေရုံနဲ့ ပျော်ရွှင်ရပါတယ်” လို့ ဆိုထားပါတယ်။

သူတို့နှစ်ဦးဟာ ချစ်သူသက်တမ်း ၅ နှစ်ရှိပြီဖြစ်ပြီး သူတို့အချစ်ရေးကို ကြမ်းကြမ်းတမ်းတမ်းဝေဖန်သူတွေကိုတော့ Nutchanart Chaichan က ယောက်ျားတစ်ယောက်ကို ဝင်ငွေတစ်ခုတည်းနဲ့မဆုံးဖြတ်ဖို့ ဆိုခဲ့ပြီး သမ္မာအာဇိဝကျကျ လုပ်ကိုင်စားသောက်နေတဲ့ချစ်သူကို လူပုံအလယ်ချပြရမှာ မရှက်ဘူးလို့ဆိုထားပါတယ်။

Shwe Yaung Myanmar ( Writer – Lwin Lwin Aung )
Source – Nextshark