ဘဝတစ်လျှောက်လုံး ခေါက်ဆွဲရောင်းပြီး ရှာထားတဲ့ ပိုက်ဆံတွေ အားလုံးကို ဆေးရုံသို့ လှူဒါန်းလိုက်တဲ့ အဖိုးနဲ့အဖွား

လူသားတွေဟာ ရှေ့ရေးနောက်ရေးအတွက်စဉ်းစားပြီး အကြောင်းအမျိုးမျိုးနဲ့ ငွေစုဆောင်းတတ်ကြစမြဲပါ။

သို့သော်လည်း ကိုယ့်တစ်ဘဝလုံးခြစ်ကုတ်စုဆောင်းထားရတဲ့ချွေးနဲစာတွေကို အများအကျိုးတွေအတွက် ပုံအောလှူဒါန်းရဲတဲ့လူသားကတော့ ဒီဇမ္ဘူမှာ ခပ်ရှားရှားရယ်လို့ ဆိုရမှာပါပဲ။

ထိုင်းနိုင်ငံ Chonburi မှာနေထိုင်ပြီး ဘဲသားခေါက်ဆွဲဆိုင်လေးဖွင့်ထားတဲ့ အသက် ၈၀ကျော်အရွယ် အဘိုးနဲ့အဘွားကတော့ သူတို့ရဲ့ဘဝတစ်လျှောက်လုံးစုဆောင်းထားတဲ့ငွေတွေကို ကိုဗစ် 19 တိုက်ဖျက်ရေးအတွက် ရည်ရွယ်ပြီး ဆေးရုံ ၂ရုံကိုလှူဒါန်းခဲ့ပါတယ်။

သူတို့ဟာ ဘဲသားခေါက်ဆွဲရောင်းရင်း သမ္မာအာဇီဝကျကျရလာတဲ့ငွေ ၁မီလီယံကျော်ကို ဆေးရုံ ၂ခုကို ခွဲဝေလှူဒါန်းခဲ့တာဖြစ်ပြီး ဒီလှူဒါန်းငွေတွေကို ကိုဗစ်ရောဂါရှိမရှိစမ်းသပ်သည့်ကိရိယာများနှင့် ကာကွယ်ဆေးများဝယ်ယူရန် အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဘိုးနဲ့အဘွားတို့ရဲ့စွန့်လွှတ်လှူဒါန်းရဲတဲ့ သတ္တိကတော့ တကယ့်ကိုလေးစားစရာပါပဲ။

ဒီလှူဒါန်းမှုနဲ့ပတ်သတ်ပြီး Daily News မှအင်တာဗျူးရာမှာတော့ အဖိုးနဲ့အဖွားတို့က သူတို့ခေါက်ဆွဲရောင်းနေတာ နှစ်၅၀ကျော်ပြီဖြစ်ကြောင်းနဲ့ အဘိုး Prachuap ခွဲစိတ်မှုတစ်ခုကြောင့် ဆေးရုံတက်ရစဉ် ကြင်ကြင်နာနာဆက်ဆံပေးခဲ့ကြတဲ့ ဆရာဝန်များကိုကျေးဇူးတင်တဲ့အနေနဲ့ ဒီလိုလှူဒါန်းခဲ့တာဖြစ်တယ်လို့ အဖိုးနဲ့အဖွားတို့ကဆိုပါတယ်။

သူတို့စုံတွဲရောင်းချနေတဲ့ နှစ် ၅၀ကျော်သက်တမ်းရှိပြီဖြစ်တဲ့ Ta Khem Duck Noodle လို့နာမည်ကြီးတဲ့ဘဲသားခေါက်ဆွဲဟာ ဒေသခံတွေကြား အကောင်းဆုံးအစားအစာအဖြစ်နာမည်ကြီးလျက်ရှိနေဆဲပါ။

လူအများအတွက် လတ်ဆက်ကောင်းမွန်တဲ့အစားအစာကို စေတနာနဲ့ရောင်းချနေရုံသာမက အများအကျိုးအတွက် မိမိတို့ရဲ့စုငွေတွေကို လှူဒါန်းရဲတဲ့ဇနီးမောင်နှံရဲ့ သဒ္ဒါတရားကတော့ တကယ့်ကိုလေးစားစရာပါပဲနော်။

Shwe Yaung Myanmar ( Writer – Lwin Lwin Aung )
Source – Bkk foofie & News nestia