တတိယလှိုင်း နဲ့ စတုတ္ထလှိုင်း ထပ်သွားနိုင်သည့် အခြေအနေ(စတုတ္ထလှိုင်း စနေပြီ)
တတိယလှိုင်း၏ Peak & Plateau Phase (လှိုင်းထိပ်ဆုံး နှင့် လှိုင်းခုံးကာလ) သည် အနည်းဆုံး သုံးလ ကြာမည် ဖြစ်သည်။
၂၀၂၁ ဇူလိုင်လ၊ ဩဂုတ်လ၊စက်တင်ဘာလ တို့ ဖြစ်သည်။
စတုတ္ထလှိုင်းသည် ဥရောပ၊ ဂျပန်နှင့် အမေရိကတို့တွင် စနေပြီ ။
အောက်တိုဘာလ(မိုးအကုန်၊ ဆောင်းအကူး) တွင် မြန်မာနိုင်ငံသို့ ကိုရိုနာ စတုတ္ထလှိုင်း ရိုက်ခတ်နိုင်သည်။ထိုကြောင့် တတိယလှိုင်း နှင့် စတုတ္ထလှိုင်း ထပ်သွားနိုင်(overlapping ဖြစ်သွားနိုင်)
ဖြစ်ပေါ်လာနိုင်မှု။
၁။ ယခင် လှိုင်းသုံးခုတွင် ကူးစက်ပြီးသူများ စတုတ္ထလှိုင်းဒဏ်ကို ခံနိုင်ရည် ရှိမည်ဟု ခန့်မှန်းရသည်။
၂။ အဆိုးမြင်ရရင် သွေးလွန်တုပ်ကွေးကဲ့သို့ ပထမတကြိမ်ဝင်ပြီး ဒုတိယအကြိမ်၊ တတိယအကြိမ်တို့တွင် မျိုးကွဲထပ်မံကူးစက်ပါက ပိုမိုဆိုးဝါးသကဲ့သို့ ကိုရိုနာတွင်လည်း ဗီဇတူ မျိုးကွဲများ ထပ်မံ ကူးစက်ပါက အလားတူ ပိုမိုဆိုးဝါးမှု ဖြစ်နိုင်သည်။
၃။ ဆောင်းတွင်းတွင် ရှိရင်းစွဲ နမိုးနီးယား(အဆုတ်ရောင်ကပ်ရောဂါ)ကပ် ဖြစ်တတ်ရာ ကိုရိုနာနဲ့ ပေါင်းပြီး လူကြီးလူလတ်လူငယ်ကလေး အရွယ်အားလုံးကို နှိပ်စက်နိုင်သည်။
ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်၊ ငွေကြေးတို့ကို စိစိစစ်စစ် ကြိုတင်ရှာဖွေစုဆောင်းထားသင့်ပါသည်။
Credit.Dr Htein Linn Aung