
ရှားစောင်းလက်ပတ်နဲ့ ပေါင်းတင်နည်း (၈)မျိုး
ရှားစောင်းလက်ပတ်နှင့်ပေါင်းတင်နည်းများ
၁။အသားအရေစိုပြေစေရန်ပေါင်းတင်နည်း ရှားစောင်းလက်ပတ်အလယ်သား အနှစ်လေးတွေကို ဇွန်းနဲ့ခြစ်ယူပြီး
ရလာတဲ့ ဂျယ်အနှစ်လေးတွေကို မျက်နှာပေါ်လိမ်းပေးပါ။
မိနစ် သုံးဆယ်ခန့်ခြောက်သွေ့အောင်ထားပြီး ရေအေးအေးလေးနဲ့ ဆေးချပါ။
တစ်ပတ်နှစ်ကြိမ်ခန့်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် အသားအရေ စိုပြေတင်းရင်းစေပြီး
ရေဓာတ်ခမ်းခြောက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ဝက်ခြံထွက်ခြင်း အသားအရေခြောက်သွေ့ယားယံခြင်း၊
အသားအရေရောင်းရမ်းခြင်း များကိုသက်သာစေမှာဖြစ်ပါတယ်
၂။ဝက်ခြံအမာရွတ်နဲ့အမဲစက်အတွက်ပေါင်းတင်းနည်း ရှားစောင်းလက်ပတ်အနှစ်ကို ဇွန်းနဲ့ခြစ်ယူပါ။
ခရမ်းချဉ်သီး အစေ့ထုတ်ပြီးသားတစ်လုံးကို ဓားသန့်သန့်ဖြင့် နုတ်နုတ်ဆင်းပြီး
ရလာသောအရည်ကို ရှားစောင်းလက်ပတ်အနှစ်နဲ့ဆတူရောပြီး သမအောင် မွှေနှောက်ပေးပါ။
ရလာသောအနှစ်အရည်ကို သန့်စင်ထားသောမျက်နှာပေါ်လိမ်းပေးပါ။
ဆယ့်ငါးမိနစ်ခန့်ခြောက်သွေ့အောင်ထားပြီး ကြက်သီးနွေးရေလေးနှင့်ဆေးချပါ။
တစ်ဖန်ရေအေးအေးလေးနှင့် ပြန်သစ်ကာ ခြောက်သွေ့သန့်ရှင်းသော တဘက်လေးနဲ့ ခပ်ဖွဖွသုတ်ပေးပါ။
လိမ်းနေကျ toner, moisturizerလေးလိမ်းပေးပါ။
တစ်ပတ်နှစ်ကြိမ်ခန့်ပြုလုပ်ပေးနိုင်ပါသည်။ ခရမ်းချဉ်သီးမှာပါတဲ့
အက်စစ်ဓာတ်နဲ့အာဟာရဓာတ်တွေက ဝက်ခြံကြောင့်ဖြစ်တဲ့အမဲစက်တွေနဲ့ဝက်ခြံအမာရွတ်တွေကို
ကုသပေးနိုင်ပြီး အသားအရေကို ကြည်လင်သန့်ရှင်းစေပါတယ်။
ရှားစောင်းလက်ပတ်က အသားအရည်ကိုရေဓာတ်ဖြည့်စိုပြေစေပြီး အသားအရေယောင်ရမ်းမှုကိုသက်သာစေပါသည်။
၃။ရှားစောင်းလက်ပတ်အနှစ်+ကြက်ဥအကာပေါင်းတင်နည်း
ရှားစောင်းလက်ပတ်အနှစ်နှစ်ဇွန်းကို ကြက်ဥအကာတစ်လုံးနဲ့ ရောမွှေပြီး မျက်နှာပေါ်လိမ်းပေးပါ။
ဆယ့်ငါးမိနစ်ခန့်ထားပြီး ရေနွေးနွေးလေးနဲ့ဆေးချပါ။
တစ်ဖန်ရေအေးလေးနဲ့ပြန်ဆေးပါ
တစ်ပတ်နှစ်ကြိမ်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ချွေးပေါက်ကျဉ်းကာ အသားအရေစိုပြေစေမှာဖြစ်ပါတယ်။
၄။ရှားစောင်းလက်ပတ်scrubလုပ်နည်း
သကြားခွက် တစ်ဝက် ရှားစောင်းလက်ပတ်အနှစ် ခွက် လေးပုံတစ်ပုံ အုန်းဆီခွက်တစ်ဝက် တို့ကိုရောမွှေပါ။
ရလာသောအနှစ်ကို အသားအရည်ပေါ် ခပ်ဖွဖွ ပွတ်တိုက်ပေးခြင်းဖြင့် ဆဲလ်သေဖယ်ရှာပေးသော scrub အဖြစ်အသုံးပြုနိုင်ပါသည်။
နှုတ်ခမ်းသားမဲညိုနေခြင်းအတွက်လည်း အသုံးပြုနိုင်သလို ဒူးခေါင်းမဲခြင်း တံတောင်စစ်မဲခြင်းတို့အတွက်လည်း အသုံးပြုနိုင်ပါသည်။
၅။ဆံသားတောက်ပဖို့အတွက် ရှားစောင်း လက်ပတ်+ဒိန်ချဉ်ပေါင်းတင်နည်း
ရှားစောင်းလက်ပတ်အနှစ် ခွက်တစ်ဝက် ဒိန်ချဉ်ခွက်တစ်ဝက် ပျားရည်နဲ့သံလွင်ဆီ တစ်ဇွန်းဆီထည့်ပြီး
ခေါင်းလျှော်ပြီးသား ဆံသားမစိုမခြောက်ပေါ် ဦးရေးပြားမှစ၍ ဆံသားအဆုံးအထိလိမ်းပေးပါ။
တဘတ်ကလေးနဲ့ ဆယ်မိနစ်ခန့်ပေါင်းပေးထားပါ။
ဆယ်မိနစ်ပြည့်ရင် တဘတ်ကိုဖြေချပြီး နာရီဝက်ခန့် ထားပြီးမှ ရေပြောင်အောင်ဆေးချပါ။
ဒိန်ချဉ်အနံ့ပျောက်ချင် ခေါင်းလျှော်ရည်နည်းနည်းနဲ့ပြန်လျှော်ပေးပါ။တစ်ပတ်တစ်ကြိမ်အသုံးပြုနိုင်ပါသည်။
၆။ဆံသားခြောက်သွေ့ခြင်းအတွက် ရှားစောင်းလက်ပတ်+အုန်းဆီပေါင်းတင်နည်း အုန်းဆီခွက် တစ်ဝက်
ရှားစောင်းလက်ပတ်အနှစ် ခွက်တစ်ဝက် ပျားရည်ခွက် လေးပုံတစ်ပုံ တို့ကိုရောမွှေ၍ ခေါင်းလျှော်ပြီးသား မစိုမခြောက်ဆံသားပေါ် လိမ်းပေးပါ။
နာရီဝက်ခန့်ထား၍ ခေါင်းလျှော်ရည်အနည်းငယ်နှင့်ပြန်လျှော်ပေးပါ။
ဆံသားခြောက်သွေ့ပျက်စီးနေခြင်းအတွက် အလွန်အသုံးဝင်သောပေါင်းတင်နည်းဖြစ်ပါတယ်။
တစ်ပတ်တစ်ကြိမ်အသုံးပြုနိုင်ပါသည်။
၇။ဗောက်ပျောက်စေမည့် ရှားစောင်းလက်ပတ်+ပန်းသီးရှာလကာပေါင်းတင်နည်း
ရှားစောင်းလက်ပတ်အနှစ် ခွက်တစ်ဝက် ပန်းသီရှာလကာရည် ခွက်လေးပုံတစ်ပုံ ပျားရည် ခွက်လေးပုံတစ်ပုံ တို့ကိုရောမွှေပြီး
ခေါင်းလျှော်ပြီးသား မစိုမခြောက်ဆံသားပေါ်လိမ်းပေးပါ။
မိနစ်နှစ်ဆယ်ခန့်ထားပြီး ခေါင်းလျှော်ရည်အနည်းငယ်နဲ့ပြန်ဆေးချပါ။
တစ်လ နှစ်ခါ ပုံမှန်အသုံးပြုပေးလျှင် ဗောက်ထခြင်းကိုသက်သာစေမှာဖြစ်ပါတယ်။
၈။အသားအရေကြည်လင်စေမည့် ရှားစောင်းလက်ပတ်အနှစ်+ နနွင်း ပေါင်းတင်နည်း
ရှားစောင်းလက်ပတ်အနှစ် ခွက်တစ်ဝက် နနွင်း ခွက်လေးပုံတစ်ပုံ ပျားရည် သုံးဇွန်း တို့ကို
သမအောင်ရောမွှေပြီး ရလာသောအနှစ်ကို သန့်စင်ထားသောမျက်နှာပေါ်လိမ်းပေးပါ။
မိနစ်နှစ်ဆယ်ခန့်ထားပြီး ရေအေးနှင့်ဆေးချပါ။
အဆီပြန်၍အသားအရေ ညစ်ထေနေခြင်း၊
အသားအရည်အမဲစက်များကို သက်သာစေပြီး အသားအရည်ကြည်လင်စေမှာဖြစ်ပါတယ်။
တစ်ပတ်နှစ်ကြိမ်အသုံးပြုနိုင်ပါသည်။
မင်မင်ပြောပြသွားတဲ့ ရှားစောင်းလက်ပတ်ပေါင်းတင်နည်းလေးတွေကို အသုံးပြုရင်း ပျိုမေတို့ လှပနိုင်ကြပါစေရှင်..
ရှားစောင်းလက်ပတ်အနှစ်နဲ့ပေါင်းတင်နည်းတွေက အများကြီးရှိနေတာမို့ ပျိုမေတို့အသုံးပြုဖူးတဲ့
ရှားစောင်းလက်ပတ်ပေါင်းတင်နည်းလေးတွေကိုလည်း commentမှာ မျှဝေသွားနိုင်ပါတယ်။
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners