တင်းတိပ်ကြောင့် စိတ်ညစ်နေတဲ့သူတွေအတွက်ပါ

တင်းတိပ်ကြောင့် စိတ်ညစ်နေတဲ့သူတွေအတွက်ပါ

1/နနွန်းမှုန့်

2/နံသာဖြူမှုန့် (ဘယ ဆေးဆိုင်တွေမှာ ရပါတယ်မန်းလေးဆိုရင် ဘယဆေးဆိုင် ညွှန်ပေးပါမယ်)

3/အာလူးရည် တို့ပဲဖြစ်ပါတယ်

ပထမဆုံး အာလူးရည်ရအောင် ပါးပါးလှီးပြီးကြိတ်စက်နဲ့ကြိတ်လိုက်ပါ အဝတ်စသန့်သန့်လေးထဲထည့်ပြီးအရည်ညစ်ယူပါ

အဲ့လိုကအဖက်မပါတော့လိုပိုကောင်းပါတယ် အာလူးကိုတစ်လုံးလုံးမလိုဘူးနော် တစ်ပိုင်းဆိုရတယ်

အာလူးရည်အသင့်အတင့်ထဲကို နနွန်းလက်ဖက်စားဇွန်းတစ်ဇွန်းမရှိတရှိ ၊ နံသာဖြူမှုန့် လက်ဖက်စားဇွန်းတစ်ဇွန်း ထည့်ပြီး သမအောင်မွှေပါ

ခပ်ပျစ်ပျစ်အရည် ရပြီဆိုရင် တင်းတိပ်ရှိတဲ့နေရာတွေမှာလိမ်းလို့ရပါပြီ

မျက်နှာတစ်ပြင်လုံးလိမ်းလဲရပါတယ် လိမ်းထားပြီးခြောက်သွားတာနဲ့ ‼ရေနွေးနွေးလေးနဲ့ ဆေးလိုက်ပါ ‼‼‼သတိပြုပါ

ရေအေးနဲ့မဆေးရသလို ရေနွေးနဲ့လဲမဆေးရပါ ‼ရေနွေးနွေးလေးပါ နွေးရုံလေးပါ ရေအေး ရေနွေးတွေက အသားကိုခြောက်ပြီး မဲစေပါတယ်

တစ်ပတ်ကို 2ကြိမ်လုပ်ပေးပါ ပုံမှန်လုပ်ပေးမယ်ဆိုရင် တင်းတိပ်တွေကို သိသိသာသာ သက်သာပျောက်ကင်းစေပါတယ်

ပျောက်သွားရင်လဲ အာလူးလေးပွတ်ပွတ်ပေးပါ နေကာခရင်မ်လေးသုံးပေးပါ ထပ်မဖြစ်ရအောင်ပါ

မျက်နှာမှာလိမ်းထားပြီးခြောက်တာနဲ့ ဆေးချမယ်နော် နနွန်းကအပူဓာတ်ဖြစ်တဲ့အတွက် အကြာကြီးမထားရပါဘူး

မြန်မာ့ရိုးရာနံသာဖြူက တင်းတိပ် အပြင် ဝက်ခြံတွေ အမဲစက်တွေပါ ပျောက်ကင်းစေပါတယ်

အာလူးကလဲအရောင်ချွတ်နိုင်တဲ့အစွမ်းရှိပြီး အသားကိုဖြူစေတယ် တင်းရင်းစေပါတယ်

နနွန်းကတော့အသားအရေကိုဘယ်လိုအကျိုးပြုတယ်ဆိုတာ ပြောစရာမလိုတော့ပါဘူးနော်

အားလုံးပဲ အပြစ်ကင်းစင်တဲ့မျက်နှာလေးကိုပိုင်ဆိုင်နိုင်ကြပါစေ

လေ့လာလို့ရသမျှ ကို မျှဝေပေးနေပါ့မယ်


မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners