
ခန္ဓာကိုယ်တစ်ခုလုံးကို အကျိုးပြုတဲ့ ပျားရည်နဲ့ကြက်သွန်ဖြူ
ကြက်သွန်ဖြူကတော့ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးပါဝင်တဲ့
သဘာဝအ စားအ စာ ဖြစ်တယ်ဆိုတာ ထူးပြီး ပြောပြစရာ လို မယ် မထင်ပါဘူး။
ပျားရည် ကြက်သွန်ဖြူ ဆေးအစွမ်း ကသွေးစီးဆင်းမှုကိုကောင်းစေပါတယ်။
အစာအိမ်မှ အစာခြေရည်ကောင်းကောင်း မွန်မွန် ထွက်စေပါတယ်။
ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ ကြွယ်ဝစွာပါဝင်တယ်။
ကြက်သွန်ဖြူဟာ နှလုံး ရော ဂါတွေအတွက် ကောင်းမွန်သလို
ကိုလက်စထရောပမာဏကို လျှော့ချပေးနိုင်တဲ့အပြင် သွေးတိုးလည်း ကျစေပါတယ်။
လည်ချောင်းနာတာ တုပ်ကွေးဖြစ်တာနဲ့ တခြား အအေးမိတဲ့ လက္ခဏာတွေ
ကြက်သွန်ဖြူ နဲ့ ပျားရည်စားသုံးပေးခြင်းဖြင့်ကာကွယ်နိုင်ပါတယ်။
နှလုံးရာဂါ ကိုကာကွယ်ပေးသလို ဆဲလ်တွေကို အားကောင်းစေတဲ့
Antioxidants တွေပါဝင် လို့ အသားအရေနူးညံ့ချောမွေ့ပြီးဝက်ခြံ ကင်း ပြီး အရွယ်တင်နုပျိူ စေပါတယ်။
ကိုယ်ခန္ဓာ အလေးချိန်ကျစေပါတယ်။ သောက်သုံးရမဲ့ ပမာဏက စားပွဲတင်ဇွန်း ၁ ဇွန်းဖြစ်ပြီး
မနက် ခင်း အစာမစားခင်သောက်ပေးရမှာဖြစ်ပါတယ်။
နာကျင်ကိုက်ခဲမှုများသက်သာစေပါတယ်။
ပြုလုပ် ပုံကတော့ ကြက်သွန်ဖြူ တစ်လုံးဥ လေးတွေကို ပျားရည် နဲ့ စိမ်ထားပြီး တပါတ် ကြာ လျှင်စား သုံးနိုင်ပါတယ်။
စာရေးသူကိုယ်တိုင်ယနေ့အထိ စားသုံးနေတာဖြစ်ပြီး
ဘေး ထွက်ဆိုးကျိုးမရှိ သလို ကျန်းမာရေးအတွက် အထူးသင့်လျော်တာဖြစ်လို့ ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။
အားလုံးသောသတ္တဝါတွေ အနာရောဂါ ကင်းရှင်းပြီး အသက်ရှည်ကျန်းမာ ချမ်းသာကြပါစေ…။
မူရင်းရေးသားသူကို လေးစားစွာဖြင့် Credit ပေးပါတယ်။