နဂါးမောက်သီးစားသုံးခြင်းရဲ့ကျန်းမာရေးကောင်းကျိုး(၅)ခု

ဂါးမောက်သီးစားသုံးခြင်းရဲ့ကျန်းမာရေးကောင်းကျိုး(၅)ခုနဂါးမောက်သီးစားသုံးခြင်းရဲ့ကျန်းမာရေးကောင်းကျိုး၅ခုနဂါးမောက်သီးတွေဟာအရင်တုန်းကတော့တောင်အမေရိက

မှာသာ စိုက်လို့ရတာမှန်ပေမယ့်အခုနောက်ပိုင်းမှာတော့အာရှနိုင်ငံ တွေမှာပါစိုက်ပျိုးလို့ရနေတာကြောင့်ဈေးကွက်ထဲမှာအလွယ်တကူဝယ်လို့ရတဲ့အသီးအနှံတမျိုးပဲဖြစ်ပါတယ်။အခု

ဖော်ပြပေးမှာကတော့နဂါးမောက်သီးကြိုက်သူတွေအတွက်သတင်းကောင်းတခုဖြစ်သလိုအခုမှစစားမယ့်သူတွေလည်းသိထားသင့်တဲ့နဂါးမောက်သီးရဲ့ကျန်းမာရေးကောင်းကျိုး

တွေပဲဖြစ်ပါတယ်(၁) ကိုယ်အလေးချိန်ကိုလျော့ကျစေတယ်။နဂါးမောက်သီးကို အစာမစားခင်စားပေးမယ်ဆိုရင်ကိုယ်အလေးချိန်ကိုလျှော့ချပေးနိုင်ပါတယ်။နဂါးမောက်သီးမှာ

ပါဝင်တဲ့ကယ်လ်ဆီယမ်နဲ့ဖော့ စဖိတ်ဓာတ်တွေဟာခန္ဓာကိုယ်တွင်းဖြစ်စဉ်တွေကိုကောင်းမွန်စေပြီး။အစားအစာတွေမှာပါဝင်တဲ့အဆီဓာတ်နဲကိုလက်စထရောတွေကိုလျှော့ချပေးနိုင်

တာကြောင့်ကိုယ်အလေးချိန်ထိန်းသိမ်းလိုသူတွေနဲ့အထူးပဲသင့်တော်ပါတယ်(၂)ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေတယ်။နဂါးမောက်သီးမှာပါဝင်တဲ့ဗီတာမင်စီဓာတ်ဟာ

ခန္ဓာကိုယ်ခုခံအားစနစ်ကျိုဟထေကောင်းမွန်စေတာကြောင့်ကိုယ်ခံအားကိုမြင့်တက်စေပါတယ်ဒါကြောင့်မို့လို့နာတာရှည်လူမမာတွေနဲ့မကြာခဏဖျားနာတတ်သူတွေအနေနဲ့

နဂါးမောက်သီးကိုစားသုံးပေးသင့်ပါတယ်(၃)အစာချေစနစ်ကို ကောင်းမွန်စေတယ်ဝမ်းပျက်ဝမ်းလျှောခြင်းအတွက် နဂါးမောက်သီးဟာသဘာဝဆေးဝါးတမျိုးဖြစ်ပြီးအစာအိမ်

တွင်းကအဆိပ်အတောက်တွေကိုလည်းဖယ်ရှားပေးနိုင်တာကြောင့်အစာအိမ်ကျန်းမာရေးပြဿနာရှိသူတွေပုံမှန်စားသုံးပေးသင့်တဲ့အသီးတမျိုးဖြစ်ပါတယ်(၄)သွေးအားကောင်းစေ

တယ်။နဂါးမောက်သီးမှာသံဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့်သွေးအားနည်းသူတွေနဲ့ကိုယ်ဝန်ဆောင်သည်အတွက်အထူးပဲသင့်တော်ပါတယ်(၅)ကျောက်ကပ်ကျန်းမာရေးကိုကောင်းမွန်

စေတယ်။နဂါးမောက်သီးဟာကိုယ်တွင်းကအဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်တဲ့အပြင်ဆီးလမ်းကြောင်းစနစ်ကိုကောင်းမွန်စေတာကြောင့်ကျောက်ကပ်ကျန်းမာရေးမကောင်းသူတွေနဲ့ကျောက်ကပ်ရောဂါကာကွယ်လိုသူတွေအတွက်
သင့်တော်ပါတယ်။


မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners