ကမ္ဘာတွင် ကပ်ကြီးသုံးပါး ပြင်းထန်စွာ ဖြစ်မည့် အကြောင်းကိုကြိုတင် ဟောကြား ခဲ့သော လယ်တီဆရာတော်ဘုရားကြီး

ကမ္ဘာတွင် ကပ်ကြီးသုံးပါး ပြင်းထန်စွာ ဖြစ်မည့် အကြောင်းကိုကြိုတင် ဟောကြား ခဲ့သော လယ်တီဆရာတော်ဘုရားကြီး

ကမ္ဘာတွင် ကပ်ကြီးသုံးပါး ပြင်းထန်စွာ ဖြစ်မည့် အကြောင်းကို ခရစ်နှစ် (1910)ခန့်ကကြိုတင် ဟောကြား ခဲ့သော လယ်တီဆရာတော်ဘုရားကြီး

မြန်မာပြည်အား အင်္ဂလိပ်တို့ အုပ်ချုပ်သော ကိုလိုနီခေတ်တွင် လယ်တီဆရာတော် ဘုရားသီတင်းသုံးနေသော ကျောင်းသို့အင်္ဂလိပ် နယ်ပိုင်မင်း သမီး မက်ကလပ် မေရီ တစ်ယောက် ရောက်ရှိလာသည်။

ထိုအင်္ဂလိပ် အမျိုးသမီးသည် ခရစ်ယာန် မှ ဗုဒ္ဓဘာသာကို ကူးပြောင်း သက်ဝင်ယုံကြည်သဖြင့်လယ်တီဆရာတော် ကို အလွန်မှပင် ယုံကြည်ကိုးကွယ်လေသည်။

သူမ၏ အဖေနယ်ပိုင်မင်းသည် မြန်မာပြည်တွင် နှစ်ပေါင်းများစွာ တာဝန်ကျသဖြင့်သူမသည်လည်း မြန်မာပြည်တွင် မွေးဖွားကာ မြန်မာစကားကို ရေလည်စွာ တတ်ကျွမ်းလေသည်။

မေရီသည် လယ်တီဆရာတော်ဘုရားအား ရှိခိုးပြီး မနေ့ည က သူမထူးဆန်းစွာမက်သောအိမ်မက်ဆိုးကြီးကို သုံးခုအား ဆရာတော်ထံ လျောက်ထားလေသည်။

ရဟန္တာ ဖြစ်သော လယ်တီဆရာတော် သူမအိမ်မက်၏ ရှေ့ဖြစ်အကြောင်းကို သုံးသပ်လေသည်။

ရဟန္တာတို့ မည်သည် ရှေ့ဆက်ဖြစ်လာမည့် အရာများကို ကြိုတင်သိမြင်သလို ထိုသိမြင်သည်များကိုလည်း အကြောင်းမဲ့မဟော။ အကြောင်းတိုက်ဆိုင်ပြီး မေးမြန်းမှ ဟောကြား ဖြေကြားလေသည်။လယ်တီဆရာတော်က မက်ကလပ် မေရီအား ဤသို့မိန့်ကြားလေသည်။

ဒကာမကြီး မက်တဲ့အိမ်မက်ဆိုးသုံးခုက ကမ္ဘာ့ကပ်ကြီး သုံးပါး ကျမယ့် အိမ်မက်ပေ ပဲ။နှစ် (100 အတွင်း ကမ္ဘာမှာ ကပ်ကြီး သုံးခု ပြင်းထန်စွာ ကျလိမ့်မယ်။

မေရီ။ ။ ဘယ်လိုကပ်တွေလည်ဘုရား။

ဆရာတော်။ ။ စစ်ဘေးကပ် ရောဂါကပ် ငတ်မွတ်ခြင်းကပ်ပါ ဒကာမ။ ခရစ်နှစ် 1940 ခုနှစ်ကနေ 2040 ခုနှစ်အတွင်းကျမှာပါ ဒကာမကြီး။

1940နဲ့1955 ကြားမှာ ကမ္ဘာတွင် ကြီးမားသော စစ်ပွဲတွေ ဖြစ်ပွားလိမ့်မယ်။ လူသန်းပေါင်းများစွာ သေကြလိမ့်မယ် ။တကမ္ဘာလုံး လက်နက်ကပ်ဘေးတွေ ဆိုက်လိမ့်မယ် ဒကာမကြီး။

2015 နဲ့ 2025 ကြားမှာ ကမ္ဘာတွင် ငလျင်ဘေး သဘာဝဘေး ရေဘေး မီးဘေးတွေ ကြီးစွာ ဖြစ်လိမ့်မယ်။

အဲဒီအပြင် ကြီးမားတဲ့ကပ်ရောဂါကြီး ဖြစ်ပွားလိမ့်မယ်။ လူပေါင်းများစွာ ကူးစက်မယ်။ သန်းနဲ့ချီသေလိမ့်မယ်။ လူတွေ ထိတ်လန့်ကြလိမ့်မယ်။

2035 နဲ့ 2040 ကြားမှာ ကမ္ဘာပေါ်တွင် မိုးခေါင်ခြင်း ကြီးစွာဖြစ်လိမ့်မယ်။ ရေရှားမယ်။သီးနှံခင်းတွေ ပျက်စီးကြမယ်။အစာရေစာရှားပါးမယ်။လူသားပေါင်း များစွာ ငတ်မွတ်ခြင်းကြုံပြီး အငတ်ဘေးဆိုက်လိမ့်မယ်။

ဒီနှစ်(100)အတွင်းဖြစ်မယ် ဒကာမကြီး မေရီ။2040 နောက်ပိုင်းမှ အဆိုးကုန်ပြီး ကင်းစင်မယ်။ 2050 ကစလို့ နောက်ပိုင်းကမ္ဘာမှာ ခေတ်ကောင်းကြီးပြန် ဖြစ်လာမယ်။ကပ်ဘေး သဘာဝဘေး အမျိုးမျိုးကင်းစင်ပြီးအေးချမ်းလိမ့်မယ်။ ဘာသာတရားတွေကို သာလူတွေ အာရုံစိုက်လာကြတော့မယ် ဒကာမကြီး။

Credit orginal writer