ရက်ရက်စက်စက် သိသိသာသာကို အသားဖြူမြန်စေတဲ့ အာလူးပြုတ်အစွမ်း

ရက်ရက်စက်စက် သိသိသာသာကို အသားဖြူမြန်စေတဲ့ အာလူးပြုတ်အစွမ်း

ဒီတစ်ခါတော့ ဈေးကြီးနာမည်ကြီးတဲ့ အလှကုန်တွေ သုံးစရာမလိုဘဲ မျက်နှာအသားအရေကို သိသိသာသာ ဖြူဝင်းစေနိုင်မယ့် မှော်ဆန်ဆန် အာလူးပြုတ်နည်းလမ်းအကြောင်း မျှဝေပေးပါရစေ ။

ဒီနည်းလမ်းလေးဟာ သင့်မျက်နှာကို ခဏတာသာ ဖြူဝင်းစေတာမဟုတ်ဘဲ ထာဝရဖြူစေနိုင်တဲ့ နည်းလမ်းလို့တောင် တင်စားကြပါတယ်….ပထမဆုံး အာလူးကို ဆေးကြောပြီး ပြုတ်လိုက်ပါ ။ နူးသွားပြီဆိုလျှင် အခွံခွာပြီး ကောင်းစွာ ကြိတ်ခြေပါ။

ပြီးနောက် အရောအနှောမပါသော ဒိန်ချဉ် အနည်းငယ်ကို ထည့်မွှေပါ ။ ဒိန်ချဉ်မရှိလျှင် နွားနို့ ထည့်လို့ ရပါတယ် ။ နောက်ဆုံးတွင် ပျားရည် လက်ဖက်ရည် ၁ဇွန်းနှင့် သံပုယိုရည် ၃စက်ခန့် ထပ်ထည့်မွှေလိုက်ပါ ။

အားလုံးနှံ့စပ်အောင် မွှေပြီးလျှင်တော့ မျက်နှာပေါ်သို့ သုတ်လိမ်းထားလိုက်ပါ ။ နာရီဝက်ခန့်ကြာလျှင်တော့ ရေဖြင့် ဆေးကြောသန့်စင်နိုင်ပါပြီ ။ အာလူးပြုတ်မှာ ဗီတာမင်စီ နှင့် အသားအရေအတွက် ကောင်းမွန်တဲ့ဓါတ်တွေ အများကြီးပါဝင်ပါတယ် ။

ဒါ့အပြင် ဒိန်ချဉ်နှင့် ပျားရည်ကလည်း အသားကို ဖြူဝင်းစေနိုင်တဲ့အစွမ်းကို ပေးစွမ်းနိုင်ပါသေးတယ်….ဖော်ပြပါ နည်းလမ်းကို တစ်ပါတ်လျှင် ၂ကြိမ်ခန့် ပြုလုပ်ပေးခြင်းဖြင့် မျက်နှာအသားအရေကို ဖြူဝင်းစေခြင်း ၊ တင်းရင်းစေခြင်း ၊ အမဲစက်များကင်းခြင်း ၊

ဝက်ခြံနှင့် အရေးအကြောင်းများဖြစ်ခြင်းတို့မှလည်း ကာကွယ်ပေးနိင်ပါတယ်…..။

Credit_ CHAN (ရွှေအင်းလေး)