ဇနီးသည်ကို ဒူးရင်းသီလက်ဆောင်ပို့ပေးချင်ပေမဲ့ အဆူး ဆူးမှာစိုးရိမ်လို့ အဆူးတွေအကုန်ဖြတ်ထုတ်ပစ်ခဲ့တဲ့ Roလွန်းတဲ့ခင်ပွန်း

မလေးရှားနိုင်ငံက ဖခင်တစ်ဦးဟာ သူ့ရဲ့ဇနီးကို လက်ဆောင်ပေးရန် စီစဉ်နေခဲ့ပါတယ်။

သူ့ရဲ့ ဇနီးချစ်မြတ်နိုးတဲ့ ဒူးရင်းသီးကို ပေးရန်ဆုံးဖြတ်လိုက်ပါတယ်။

၎င်းဖခင်ဟာ ဒူးရင်သီးရဲ့ အဆူးများကို အရင်ဖြတ်တောက် ပြီး ဆူးများမပါတဲ့ ဒူးရင်းသီးကို သူ့ဇနီးအား ပြလိုက်တဲ့အခါမှာ

သူမက ဘာသစ်သီးအမျိုးအစားလဲဆိုတာ မသိနိုင်ခဲ့တာကြောင့် သူမစားရန် ကြောက်နေခဲ့ပါတယ်။

၎င်းရဲ့ အသွင်အပြင်ဟာ ပုံမှန်ထက်ပြင်းထန်တဲ့ဆူးများကနေ ချောမွေ့တဲ့ ဖရဲသီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပါတယ်။

သို့ပေမဲ့လည်း သူမက ဒူးရင်သီးရဲ့ အနံ့ဆိုးတွေထွက်လာမှသာ ဒူရင်းသီးဖြစ်နေမှန်း သိခဲ့ရပါတယ်။

သူမခင်ပွန်းရဲ့ ရယ်စရာလုပ်ရက်ကို သမီးဖြစ်သူ Tan က “သူမရဲ့ဖခင်က သူမအမေအတွက် ဘာလုပ်ခဲ့သနည်း” ဆိုတဲ့ caption နဲ့ သူမရဲ့ twitter အကောင့်မှာ ဝေမျှခဲ့ပါတယ်။

like ပေါင်း ၂၇.၃ k နဲ့ နဲ့ ပြန်လည်မျှဝေသူ ၂၂.၆ k ရရှိခဲ့ပါတယ်။

နောက်ပြီး များစွာသော Netizen တွေကလည်း ရယ်စရာ မှတ်ချက်လေးတွေနဲ့ တုံ့ပြန်နေကြပါတယ်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners