ကက်သွန်ဖြူကို မီးကင် ( သို့မဟုတ် ) မီးဖုတ်ပြီး စားရင် ရမည့် ကျန်းမာရေး အကျိုးကျေးဇူး

ကြက်သွန်ဖြူကို မီးကင် ( သို့မဟုတ် ) မီးဖုတ်ပြီး စားရင် ရမည့် ကျန်းမာရေး အကျိုးကျေးဇူး
ကြက်သွန်ဖြူကို မီးကင် ( သို့မဟုတ် ) မီးဖုတ်ပြီး စားလိုက်သောအခါ

ကြက်သွန်ဖြူဟာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတစ်ခုပါ။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ သဘာ၀ ဂုဏ်သတ္တိတွေဟာ ရောဂါများစွာကို ကုသပေးနိုင်ပြီး ဆေးဝါးအဖြစ်လည်း ကမ္ဘာပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေ ကြပါတယ် ။

ကြက်သွန်ဖြူကို မီးကင် ( သို့မဟုတ် ) မီးဖုတ်ပြီး စားလိုက်သောအခါ1

ကိုလက်စထရော ပမာဏကို လျှော့ချပေးပါတယ် ။ မီးဖုတ်ထားတဲ့ ( သို့ ) မီးကင်ထားတဲ့ ကြက်သွန်ဖြူ ၆ မွှာကို နေ့စဉ် စားသုံးပေးတာဟာ ကျန်းမာရေးကို များစွာ အထောက်အကူ ပြုနေပါတယ် ။

 

၂ နာရီမှ ၄ နာရီအတွင်း

ကြက်သွန်ဖြူကို မီးကင် ( သို့မဟုတ် ) မီးဖုတ်ပြီး စားလိုက်သောအခါ2

ကင်ဆာဆဲလ်တွေကို စတင် တိုက်ဖျက်ပေးပြီး တခြားရောဂါတွေ ဝင်ရောက်ခြင်းကနေ ကာကွယ်ပေးပါတယ် ။

၄ နာရီမှ ၆ နာရီအတွင်း

ခန္တာကိုယ်အတွင်းမှာ မလိုအပ်တဲ့ အဆီပိုတွေကို ဖယ်ရှားပေးပါတယ် ။

၆ နာရီမှ ၇ နာရီအတွင်း

ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဘက်တီးရီးယား ဆန့်ကျင်ပစ္စည်းတွေဟာ ခန္တာကိုယ်အတွင်းမှာ တွေ့ရတဲ့ ဘက်တီးရီးယား ပိုးမွှားတွေကို တိုက်ဖျက်ပေးပါတယ် ။

ကြက်သွန်ဖြူကို မီးကင် ( သို့မဟုတ် ) မီးဖုတ်ပြီး စားလိုက်သောအခါ3

၆ နာရီမှ ၁၀ နာရီအတွင်း

ကြက်သွန်ဖြူမှာ ပါဝင်တဲ့ အာဟာရဓါတ်တွေဟာ ဓါတ်တိုးမှုကို ကာကွယ်ပေးနိုင်ပြီး အရွယ်တင် နုပျိုစေပါတယ် ။

၁၀ နာရီမှ ၂၄ နာရီအတွင်း ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ် ။

အရိုးတွေကို သန်မာစေပါတယ် ။

သွေးပေါင်ချိန် မှန်စေပါတယ် ။

အဆီတွေကို ဖယ်ရှားပေးပါတယ် ။

ကိုလက်စထရော ပမာဏကို ထိန်းချုပ်ပေးပါတယ် ။

နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးပါတယ် ။

ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတာကြောင့် အမောခံနိုင်ပြီး အားကစား ပိုလုပ်နိုင်လာပါတယ် ။

credit My Food Myanmar