
အဖေတွေဟာ သားတွေထက် သမီးတွေကိုပိုချစ်ကြောင်း ဖော်ပြနေတဲ့ အချက်တွေ
အဖေတွေဟာ သားသမီးတိုင်းရဲ့ သူရဲကောင်းတစ်ယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ သူတွေပါ။
အဖေတွေဟာ အမေတွေလောက် သားသမီးတွေနဲ့ အနီးကပ်မနေဖြစ်ကြသလို သူတို့ရဲ့အချစ်တွေကိုလည်း သိပ်ဖော်ပြလေ့မရှိတတ်ကြပါဘူး။
ဒါပေမယ့် အဖေတွေဟာ သားတွေထက် သမီးတွေအပေါ် ပိုဂရုစိုက်ကြပြီး သူတို့ရဲ့ခံစားချက်တွေကို သမီးတွေအပေါ်မှာတော့ ပိုဖော်ပြလေ့ရှိကြပါတယ်။
ဒီအချက်တွေက အဖေတွေဟာ သမီးတွေကို ပိုချစ်ကြောင်း သက်သေပြနေပါတယ်။
-အချိန်ပိုပေးကြတယ်
အဖေတွဟာ သမီးတွေအပေါ်မှာ သားယောကျာ်းလေးတွေထက် ပိုနွေးနွေးထွေးထွေးနဲ့ အချိန်ပိုပေးကြတာကို တွေ့ရပါတယ်။
သမီးတွေနဲ့အတူ ဆော့ပေးတာ၊ သမီးတွေအကြိုက် အလှပြင်ပေးတာမျိုးကို ငြိမ်ခံတာ၊ အတူသီချင်းဆိုတာ၊ ကခုန်တာမျိုးတွေအထိပါ လုပ်ပေးတတ်ကြပါတယ်။
အဖေနဲ့ သားတွေကြားမှာတော့ ကြမ်းကြမ်းတမ်းတမ်း ဆော့ကစားတဲ့ပုံစံမျိုးကိုသာ လုပ်တတ်ကြပါတယ်။
-စိတ်ခံစားချက်တွေကို တုံ့ပြန်တတ်တယ်
အဖေတွေဟာ သားတွေနဲ့ပတ်သက်လာရင် သူတို့ရဲ့ခံစားချက်တွေကို သိပ်ဖော်ပြလေ့မရှိပဲ ပုံမှန်အနေအထားနဲ့ ဆက်ဆံတတ်ကြတာ များပါတယ်။
ဒါပေမယ့် သမီးတွေနဲ့အတူ ရှိတဲ့အချိန်မှာတော့ သူတို့ရဲ့စိတ်ခံစားချက်အမှန်ကို ဖော်ပြတတ်ကြသလို သမီးတွေပျော်အောင် စနောက်တာ၊ ကျီစယ်တာနဲ့ ရယ်မောပျော်ရွှင်တဲ့ မျက်နှာကို ပိုတွေ့ရတတ်ပါတယ်။
-စကားပြောခြင်း
အဖေတွေက သူတို့ရဲ့ကလေးတွေကို စကားပြောတဲ့ပုံစံ ကွဲပြားပါတယ်။ အဖေတွေဟာ သားတွေကိုတော့ အောင်မြင်မှုနဲ့ပတ်သက်တဲ့ စကားတွေကို ပိုပြောဖြစ်တတ်ကြပြီး သမီးတွေကိုတော့ သူတို့ရဲ့ခံစားချက်နဲ့ ခွဲခြမ်းစိတ်ဖြာခြင်းနဲ့ဆိုင်တဲ့ စကားတွေကို ပြောဖြစ်ကြတယ်လို့ ဆိုပါတယ်။
-အာရုံစိုက်ခံရမှု
သားတွေဆိုတာ ကြံ့ခိုင်ပြီး သန်မာတယ်လို့ တွေးထားကြတဲ့ အဖေတွေဟာ သားတွေရဲ့ခံစားချက်ကိုတော့ သိပ်အလေးအနက်မထားဘူးလို့ ထင်ရတတ်ပါတယ်။
ဒါပေမယ့် တကယ်တမ်းမှာတော့ ဒါက သားတွေကိုပိုကြံ့ခိုင်တဲ့သူ ဖြစ်စေချင်တဲ့အတွက်ကြောင့်ပါ။
သမီးတွေရဲ့အပေါ်မှာတော့ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်းတွေကို ပိုဂရုစိုက်ပေးတတ်ကြပြီး ဒါဟာ စာနာစိတ်ပိုကောင်းလာစေတဲ့ သမီးမိန်းကလေးတစ်ယောက် ဖြစ်လာစေချင်တဲ့ အတွက်ဖြစ်ပါတယ်။
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners