ချစ်သူကောင်လေးနဲ့ Selfie ဆွဲပြီးနောက် ဓာတ်ပုံပေါ်မှာ မျက်နှာနှစ်ဖက်ပေါ်နေခဲ့ရတဲ့ မိန်းကလေးတစ်ဦးရဲ့ကျောချမ်းစရာအဖြစ်

အင်တာနက်လောကသားများက အမည်မသိစုံတွဲတစ်တွဲရဲ့ selfie ပုံတစ်ပုံကို ကျဲ့ကားကာပျံ့နှံ့သွားစေခဲ့ပုံရပါတယ်။

အဆိုပါ စုံတွဲရဲ့ selfie ပုံထဲအရ အမျိုးသမီးဟာ selfie ဆွဲပြီးနောက် သူမရဲ့မျက်နှာဟည နောက်ကျောရှိမှန်မှာ သွားပေါ်နေခဲ့တာကို တွေ့ခဲ့ရပြီး ၎င်းဟာ အင်တာနက်သုံးစွဲသူတို့အား စိတ်ကယောင်ခြောက်ခြားဖြစ်သွားစေခဲ့ပါတယ်။

The Daily Mail UK သတင်းစာ၏အဆိုအရ Twitter အသုံးပြုသူ @itsthemans ဟာ စမတ်ဖုန်းဖြင့် selfie ဆွဲကာ ပြုံးနေခဲ့ကြတဲ့စုံတွဲတစ်တွဲရဲ့ဓာတ်ပုံတစ်ပုံကို မျှဝေပေးခဲ့ပါတယ်။

ပထမတော့ သင်က ၎င်းဓာတ်ပုံကို သာယာနေတဲ့စုံတွဲတစ်တွဲရဲ့သာမန် selfie ပုံဖြစ်တယ်လို့ သင်ယူဆကောင်းယူဆမိပါလိမ့်မယ်။

သို့ပေမဲ့ ၎င်း selfie ကို အနီးကပ်ဆွဲကြည့်လိုက်ရင်တော့ သင့်အား ကြက်သီးမွှေးများထသွားစေပါလိမ့်မယ်။

င်းဓာတ်ပုံထဲရှိ အရာအားလုံးက ပုံမှန်အတိုင်း ဖြစ်နေပေမဲ့ အမျိုးသမီးရဲ့မျက်နှာဟာ ရောင်ပြန်ဟပ်မှုကြောင့် နောက်ကျောရှိမှန်ပေါ်မှာ မျက်နှာနောက်တစ်ခုက လာပေါ်သလို ဖြစ်နေခဲ့ပါတယ်။၎င်းဓာတ်ပုံဟာ

“ ဘယ်လိုတွေတောင် ဖြစ်ပျက်နေတာလဲ ” ဆိုတဲ့ caption ဖြင့် social media စာမျက်နှာများပေါ်မှာ တောမီးလောင်နေသလို ပျံ့နှံ့သွားခဲ့ရပါတယ်။

အင်တာနက်အသုံးပြုသူများစွာက ၎င်းဓာတ်ပုံမှာ ထူးဆန်းတဲ့ပညာလုပ်ဆောင်မှုများ ပါဝင်နေတယ်လို့ ယုံကြည်ကြပေမဲ့ အချို့သောလူများကတော့ ၎င်းကို Photoshop ဖြင့် ဖန်တီးထားတယ်လို့ ဝေဖန်အပြစ်တင်ခဲ့ကြပါတယ်။

ထို့အပြင် Twitter အသုံးပြုသူ @Cbone925 က ” lol ဓာတ်ပုံတဲ့လူက အထဲမှာ ရှိနေတာ အဲ့ဒါနဲ့ သူတို့က နှစ်ခါရိုက်ပြီး Photoshop နဲ့ ဖြတ်ညှပ်ကပ်လိုက်တာ ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။စာဖတ်သူတို့ကော ၎င်းဓာတ်ပုံနှင့်ပတ်သက်ပြီး ဘယ်လို ထင်မြင်မိပါသလဲ။

Mia (kbdailynews)

Reference : rachfeed