အိမ်ရှင်မများသိထားသင့်တဲ့ အန္တရာယ်ရှိသောကြက်သွန်နီခြမ်း

( နေ့တိုင်းဟင်းချက်ရင်အသုံးပြုတာမို့ ဖတ်ကြည့်စေချင်တယ်နော်)

ထက်ခြမ်းခွဲထားသော ကြက်သွန်နီ ကို ချက်ချင်းအသုံးမပြုနိုင်ပဲ ရက်ကျော်လွန်သွားလျှင်ပြန်၍အသုံးမပြုသင့်ပါ။ မစားသင့်ပါ။

အန္တရာယ် ကို ဖြစ်စေပါသည်။ ခွဲခြမ်းထားပြီး အပြင်မှာ အနည်းဆုံး ၆ နာရီနှင့် အထက်ကြာသွားသည့် ၎င်းကြက်သွန်နီခြမ်းဟာ

အပုတ်နံ့များ၊ အနဲ့ဆိုးများကို စုပ်ထားထားနိုင်ပြီး ဘတ်တီးရီးယားပိုးမွှားများနှင့် အခြား အန္တရာယ်ကို ဖြစ်စေတတ်သည့် ပိုးမွှားများလည်း ပါရှိလာသည့်အတွက် ဝမ်းပျက်၊

ဝမ်းလျှော၊ ပိုက်အောင့်၊ ပိုက်နာဖြစ်နိုင်သည့်အပြင် အဆိပ်အတောက်ကိုလည်း ဖြစ်စေနိုင်ပါတယ်လို့ နိုင်ငံတကာ ကျန်းမာရေးစာမျက်နှာများမှာ

ဖော်ပြထားကြပါတယ်။ အခွံခွာထားသည့် ကြက်သွန်နီနှင့် ထက်ခြမ်းခွဲထားသည့် ကြက်သွန်နီခြမ်းကိုပြန်လည်အသုံးပြုလိုပါက အဖုံးလုံအောင် ပိတ်ထားသောဗူး၊ခွက်တို့ဖြင့်လုံခြုံစွာထည့်ထားသင့်ပါတယ်။


သို့မဟုတ် ရေခဲသေတ္တာထဲတွင် ထည့်သွင်းသိမ်းဆည်းထားသင့်ပါတယ်လို့ အကြံပြုလိုပါတယ်။

မသိမ်းဆည်းလိုက်ရပဲ အပြင်မှာ အချိန်ကြာအောင် ပစ်ထားမိသည့် ကြက်သွန်နီခြမ်းကို မဖြစ်မနေ အသုံးပြုရတော့မည်ဆိုလျှင်လည်း ပုံထဲမှာ မြင်ရသည့်အတိုင်း အလယ်တည့်တည့်မှ အဆံ၊ အဖူးကလေးကို ဖယ်ထုတ်ပစ်သင့်ပါတယ်။

အကြောင်းကတော့ အပုတ်နံ့များနှင့် အနံ့ဆိုးများကို ၎င်းနေရာမှ အဓိက စုပ်ယူထားပြီး ပိုမွှားများလည်း ၎င်းနေရာမှာ ပါဝင်မှုအများဆုံးလို့ သိရပါတယ်။

အသက်ကို ဉာဏ်စောင့်ဆိုသလို သတိမမူ ဂူမမြင် မဖြစ်ကြစေဖို့ စေတနာဖြင့် မျှဝေပေးလိုက်ရပါသည်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။ Photo Credit to Owners