မျက်နှာပေါ်က အမဲစက် တင်းတိပ်တွေကို သက်သာပျောက်ကင်းစေမယ့် နည်းလမ်းကောင်း

က်နှာပေါ်က အမဲစက် တင်းတိပ်တွေကို သက်သာပျောက်ကင်းစေမယ့် နည်းလမ်းကောင်း

တင်းတိတ် ပျောက်ချင်လား သံပုရာသီး နဲ့ အုန်းမုတ်ခွက် သွေးလိမ်းပါ လက်တွေ့ပါ ။ အုန်းမုတ် ခွက် သာ သက်သေ ကြည့် တော့ ။

သံပုရာသီး မသုံးပဲ အုန်းမုတ်ခွက်ပဲ သွေးလူး ပါက သုံးခါလောက် လူးပြီး မျက်နာပြင်ချောမွေ့ လာမည်ကို လက်တွေ့ သိရ ပါလိမ့်မည် ။

“လူသိနည်းသော အုန်းမုတ်ခွက်ဆေးနည်းများအခု ပြောပြမယ့် ခွက်ကလေးက အုန်းမှုတ်ခွက် လေးအကြောင်းပါ ။ဖတ်ဖူးသမျှ နဲ့ ကိုယ်တွေ့ ဆေးဖက် ဝင်တဲ့ အုန်းမှုတ်ခွက် အကြောင်းလေးပါ ။

အညာဒေသရဲ့ ရွာတွင်း ရွာပြင် ပြယုဒ် တစ်ခု ဖြစ်တဲ့ ချစ့်စရာ့ ဓလေ့တွေ ဟာ…ပျောက်ကွယ်လု နီးပါး ဖြစ်နေ ပါပြီ ။ရေချမ်းစင် မှာ သောက်ရေခွက် အဖြစ် အများ အားဖြင့် အသုံးပြု ကြတာ ကတော့ အုန်းမှုတ် ခွက် ပါ ။

အိုးမှုတ်ခွက် ကို အသေချာ အချော ကိုင် ၊ ခွက် နားစွန်း တဖက်တချက် မှာ အပေါက်ပြီး လက်ကိုင်ရိုး ကို တတ် ထားပါ တယ် ။အခွံ မပါ ၊ အမွှေး မပါ ခွဲထားပြီး ၊ အသား ၊ အဆန် ထုတ်ထားပြီး ၊ လွှင့်ပစ် ထားသောအုန်းမှုတ်ခွက် အခွံကို ဆိုလို ပါသည် ။

“ဆေးနည်း တစ်မျိုးကတော့” – အုန်းမှုတ်ခွက် တစ်ခုကို ရေဆေး နေလှမ်းပြီး ပါက မီးရှို့ပါ ။ ထွက်လာသော အငွေ့ကို သန့်သော ဒန် ၊ သတ္ထု အဖုံး တစ်ခုခုဖြင့် မှိုင်းခံပါ ။

( တစ်ချို့ကတော့ ဓါးမကြီး တစ်ချောင်းပေါ်မှာ တင်ပြီး လုပ်ပါတယ် မြန်မာနည်း ပေါ့ )အညိုရောင် အဆီများ ကပ်လာပါမည် ။ပွေးကို သန့်သော ပစ္စည်း တစ်ခုဖြင့် ခြစ်ပါ ။

အပေါ်ယံ အရေပြား ပွန်းသွားပါက ၊ အုန်းမှုတ်ခွက် အဆီကို ခြစ်ယူပြီး သုတ်ပေးပါ ။အနည်းငယ် စပ်ပြီး ပျောက်ပါသည် ။

( ပွေးရောဂါ လက်တွေ့ ပျောက်ပါသည် )“ နောက်တစ်နည်း ကတော့ ” – “ တကယ် အသုံးဝင်တဲ့ မိတ်ကပ် တစ်မျိုးပေါ့ “အပျိုဖော် ဝင်ကာစ လူပျို အပျိုလေးတွေ နဲ့ မျက်နှာမှာ အဖုအထစ်တွေ နဲ့ လကမ္ဘာ အလား အစက် အပြောက်တွေ

ထူလပြစ် နဲ့ နဂို ရုပ်ခံကိုပျက်စီး စေတဲ့ ဝက်ခြံ တင်းတိတ် နေလောင်နာတွေ အတွက် … …ရက် တိုတို အတွင်း ပျောက်ကင်း ချောမွတ် နေ စေ ဖို့ အုန်းမှုတ်ခွက် အရင့် တစ်လုံး ကို သွေးပြီး သနပ်ခါး လိမ်းသလို ညတိုင်း လိမ်းအိပ်ပေးရမှာ ဖြစ်ပါတယ် ။

အုန်းမှုတ်ခွက် ဆိုပြီး လျှော့တော့ မတွက်လိုက်ပါနဲ့ ၊ လိမ်းထားလို့ ခြောက်သွားရင် သနပ်ခါး နဲ့ မခြားပါဘူး လက်လေးနဲ့ အသာပွတ်ကြည့် လိုက် ချောမွတ်နေတဲ့ အထိအတွေ့က . . . ဆက်မပြောတော့ဘူး လိမ်းဘူးတဲ့သူတွေသာ မေးကြည့် ပါတော့ ……။

Credit : နန်း နီ လာ ထွန်

Credit to original writer