ချွေးပေါက်ကျယ်ခြင်းကိုသက်သာစေမယ့် အိမ်တွင်းဖြစ်သဘာဝနည်းလမ်းများ

မျက်နှာက ချွေးပေါက်အရမ်းကျယ်ပြီး အဆီပြန်နေရင် ချွေးပေါက်ကျဉ်းစေမယ့် Skincare တွေအများကြီးရှိလို့ ဝယ်သုံးချင်သုံးလို့ရပါတယ်။

ဒါပေမယ့် ငွေကုန်မခံချင်ဘူးဆိုရင်တော့ အိမ်တွင်းဖြစ် သဘာဝနည်းလမ်းတွေကို သုံးပါ။ ငွေကုန်သက်သာပြီး ချွေးပေါက်တွေပြန်ကျဉ်းသွားစေမယ့် သဘာဝနည်းလမ်းတွေ အများကြီးထဲကမှ

အားလုံး အလွယ်တကူလိုက်လုပ်လို့ အဆင်ပြေစေမယ့် နည်းလမ်းတွေကို ရွေးပြီးမျှဝေပေးလိုက်ပါတယ်။ ကိုယ်နဲ့အဆင်ပြေတဲ့နည်းလမ်းတစ်မျိုးကို ရွေးပြီးလုပ်လို့ရတာပေါ့။

သခွားသီး

ပန်းကန်တစ်လုံးထဲကို သံပရိုရည် – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ သခွားသီးကို အဝိုင်းချပ်လေးတွေ ၄ ချပ် (သို့) ၅ ချပ်လောက်လှီးပြီး သံပရိုရည်ထည့်ထားတဲ့ ပန်းကန်ထဲ ထည့်စိမ်ပါ။

ပြီးရင်တော့ သံပရိုရည်စိမ်ထားတဲ့ သခွားသီးအချပ်လေးတွေကို ချွေးပေါက်ကျယ်တဲ့ မျက်နှာပေါ်ကနေရာမှာ ကပ်ထားပါ။ ၁၅ မိနစ်ကြာအောင်ထားပြီးရင်တော့ ရေအေးနဲ့ မျက်နှာသစ်လိုက်ပါ။

ငှက်ပျောသီးအခွံ

ငှက်ပျောသီးအခွံရဲ့အတွင်းသားနဲ့ မျက်နှာပေါ်က ချွေးပေါက်ကျယ်တဲ့နေရာကို ဖြေးဖြေးချင်းစီ ပွတ်ပေးပါ။ ၁၅ မိနစ်လောက်ထားပြီးရင်တော့ မျက်နှာသစ်လိုက်လို့ရပါပြီ။

သံပရိုသီး

သံပရိုရည် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရေ – စားပွဲတင်ဇွန်း ၁ ဇွန်းစာတို့ကို ခွက်တစ်ခုထဲထည့်မွှေပါ။ ပြီးရင်တော့ ဂွမ်းဖတ်လေးနဲ့မွှေထားတာကိုယူပြီး ချွေးပေါက်ကျယ်တဲ့နေရာတွေမှာ တို့တို့ပြီး လိမ်းပေးပါ။ ၁၀ မိနစ်လောက်ထားပြီးရင်တော့ မျက်နှာသစ်လိုက်လို့ရပါပြီ။

သင်္ဘောသီး

သင်္ဘောသီးအသားကို ကျေညှက်သွားအောင်ချေပြီး မျက်နှာပေါ်မှာ ပေါင်းတင်သလိုမျိုး လိမ်းထားလိုက်ပါ။ မိနစ် ၂၀ ထားပြီးရင်တော့ မျက်နှာသစ်လိုက်ပါ။

ရှားစောင်းလက်ပတ်ဂျယ်လ်

လတ်ဆတ်တဲ့ ရှားစောင်လက်ပတ်ဂျယ်လ်ကိုယူပြီး မျက်နှာပေါ်မှာသုတ်လိမ်းပေးပါ။ ၁၀ မိနစ်ထာ

းပြီးရင် မျက်နှာသစ်လို့ရပါပြီ။ တစ်ချို့က ရှားစောင်းလတ်ပက်နဲ့မတည့်တာမျိုးရှိပါတယ်။ မတည့်ရင်အပေါ်က နည်းလမ်းထဲက တစ်မျိုးကိုလုပ်ပါ။

Credit :mystyle