
သားသမီးများကို ငရဲပေးတဲ့ မိဘ ဆိုတာတကယ်ရှိပါတယ်… (ဖတ်ကြည့်ကြပါ)
သားသမီးများကို ငရဲပေးတဲ့ မိဘဆိုတာ တကယ်ရှိပါတယ်…. မိဘတိုင်းလို့ မဆိုလိုပါ။
(၁) `အပြစ်တင်လွန်းတဲ့မိဘ´
ဘာလုပ်လုပ် အပြစ်တင်နေတတ်တာ တနည်းဆိုရရင် လောဘကြီးမိကြတာပါ။အသုံးမကျဘူး ဆိုတဲ့ ဘောင်ထဲ သွတ်သွင်းတာ သားသမီးက တကယ် အသုံးမကျတာဖြစ်ချင်ဖြစ်မယ် ။ဒါပေမဲ့ အသုံးမကျတာကိုပဲ ဖောက်မြင်နေတတ်တာ ဒါကို ကြားရဖန်များလာတဲ့ အခါ ဒေါသက မိဘကိုပြန်ခံပြောတတ် ဖို့ စတင်လာတယ် ။
(၂) `ဘက္လိုက္တာ´
သားသမီးချင်း တူတူ ငါ့သမီး/သားလေး ဘက်လိုက် ဆက်ဆံတတ်တာ။ဘက်လိုက်တတ်တဲ့ မိဘတွေရဲ့ သားသမီးတွေဟာ မစည်းလုံးကြတာ များတယ်။မိဘက သွေးခွဲထားလို့ပါ `နင်ကညံ့တယ် နင်ကတော်တယ်´ ဆိုပြီး ကွာလတီ ခွဲလိုက်တဲ့ ကုန်ပစ္စည်းတွေ ဟာဘယ်တော့မှ ဈေးနှုန်း ညှိမရကြတော့ဘူး ။
ဘက်လိုက်မှုက မလေးစားမှုကို အစပျိုးပါတယ် အချင်းချင်း မနာလို စိတ်ကနေ အမုန်းတရား ပွားများလာတယ်။ကလေးဘဝ ကတည်းက အရိုးစွဲတဲ့ အမုန်းတရားက ဘယ်တော့မှ ဖျောက်မရတော့ဘူး။မိဘတွေသာမရှိကြတော့ရင် ဒီမောင်နှမတွေဟာ ပက်သက်စရာ လုံးဝကို မရှိတော့တဲ့ လူတွေဖြစ်နေကြပါ လိမ့်မယ် ။
(၃) ဆဲဆိုလွန်းတာ
နေ့စဉ် အဆဲခံရတဲ့လူဟာ မခံချင်စိတ်ကြောင့် ဒေါသများမယ်။ပြန်ပြောမိရင်တော့ မိဘကို ခံပြောသလိုဖြစ်တယ်။ငရဲကြီးမယ် ဒုက္ခရောက်မှ အေးမယ် ။ခွေးဖြစ်မှာ ဆိုတဲ့ ကျိန်စာဆန်ဆန် စကားတွေဟာ အရမ်းဆိုးပါတယ်။
ကောင်းကောင်းမွန်မွန် ပြောပြီးခိုင်းလို့ ရနိူင်ပေမယ့် ဆဲရေးပြီးမှ လုပ်မယ်။ထင်တဲ့ အတွေးနဲ့ ခိုင်းတာဟာ ဆိုးဝါးလွန်းပါတယ်။
(၄) `သားသမီး အိမ်ထောင်ရေးကိစ္စကို စွက်ဖက်တာ´
`နင့် ယောက်ကျားက ဘယ်လို´
`နင်ယူထားတဲ့ မိန်းမကဘယ်လို´ ဆိုတာမျိုး မပြောသင့်ပါဘူး ။
သားသမီးရဲ့ ရွေးချယ်မှုကို လဲ လေးစားရပါမယ်။သူတောင် သူ့ဘဝကိုသူ နေတတ်လို့နေနေတာပါ။သားသမီးက သူ့အိမ်ထောင်နဲ့ ပက်သက်ပြီး ကူညီပါလို့ မပြောမချင်း ဝင်ပါစရာ မလိုတာပါ။ငါ့သမီးမှန်တယ် ငါ့သားမှန်တယ် ဆိုတဲ့ အယူအဆ ဟာမှားပါတယ်။
ကိုယ့်သားသမီး အကြောင်းသိတယ် ဆိုတာ ကလေးဘဝ မှာပဲဖြစ်ပါလိမ့်မယ်။ကလေးဘဝမှာသာ မိဘနဲ့တစ်နေကုန် ရှိနေလို့သူတို့ အကျင့်လေးတွေသိနေကြရတာ
သူတို့်အရွယ်ရောက်တဲ့အခါ မိဘနဲ့နေချိန်နည်းလေ မိဘက သားသမီးစိတ်ကို မသိရလေဆိုတာ ကိုသတိထားသင့်ပါတယ်။သားသမီးဆိုတာ မိဘကို အစစအရာရာပြောပြချင်တဲ့ အရွယ်ဆိုတာ အသက်လေးငါးဆယ်နှစ် အရွယ်မှာပဲရှိတယ်။
ဒါကိုကလေးလိုပဲ အကုန်သိချင် အကုန်ဖြေရှင်းပေးချင်တယ် ဆိုရင်တော့ တကယ်ဖြစ်လာရင် တောင် မိဘကိုမတိုင်ပင် ကြတော့တာများပါတယ်။`ငါပြောသားပဲ´ဆိုတဲ့ စကားနောက်က အပြစ်တင်မှုတွေဟာ ပြဿနာကိုဖြေရှင်းဖို့ ဝေးကွာစေတာ သားသမီးတွေက ရိပ်စားမိကြပါတယ်။သားသမီးအကြောင်း တကယ်သာသိရင် ဒါမျိုးမလုပ်သင့်တာကို သိကိုသိထားရမယ်။
(၅) `သားသမီးကို ပြောဆိုဆက်ဆံပုံ မှားတာ´
အချို့ မိဘတွေရှိပါတယ်…။ ပြင်ပမှာတော့ လူငယ်လူကြီး မရွေးကို အရမ်းအလေးထား ဆက်ဆံတတ်ပါတယ်။ပြောရရင် လူတွေအပေါ် လေးစားမှု ရှိတာပေါ့ ။ သားသမီးကိုကျ အဲ့လို မလုပ်နိုင်ကြပါဘူး။သားသမီးဆိုတာ ငယ်နိုင်လိုဖြစ်နေတော့ စိတ်အလိုမကျ တိုင်းသားသမီးကို နှိမ်နေတတ်တာမျိုးပါ။
စေတနာစကားပေမယ့်.. အပြောမတတ်ရင် နားခါးတာ လူ့သဘာဝပါ။အပြင်ပန်းက မှတ်မထားချင်ရင် နေမယ် ။ စိတ်ခံစားချက် ကတော့ မိဘက ငါပြောတိုင်း မကောင်းမြင်တယ်ဆိုပြီး ဒေါသကြီးနေတတ်တဲ့သားသမီးတွေ ရှိလာရတာပါ။
စိတ်ဆိုတာ အမြဲကြည်သာ မနေပါဘူး ။ အမြဲနားပူအောင် နေ့စဉ် ဆုံးမစကား ဆိုမနေမိ ပါစေနဲ့။သူနေ့စဉ်လုပ်တာတွေ မှတ်ထားပြီး တစ်ပတ်တစ်ခါ တစ်လတစ်ခါလောက်သာ စားပွဲဝိုင်းမှာ အေးအေးဆေးဆေးပဲ ဆုံးမစကား တစ်ခွန်းချင်းပြောသင့် ပါတယ်။
တစ်ပတ်တစ်ခါမို့ ဆုံးမရတာ စိတ်လဲရှည်တယ်။သားသမီးအနေနဲ့လည်း မိဘက ချက်ကျလက်ကျပြောတော့ ငြင်းရခက်တယ်။သူ့အမှားကိုဆင်ခြင်နိုင်တယ် ။ `ဒေါသပါတဲ့ ဆုံးမစကားဟာ ပြောင်းပြန်အကျိုးသက်ရောက်ပါတယ် ။
ဘာလို့လဲဆိုတော့ သားသမီးဆိုတာလူသားမို့ ဒေါသထွက်ရင်အရွဲ့တိုက်တတ်လို့ပါ။အဆင်မပြေမှုတွေကို သူတို့လဲမလိုလားကြပါဘူး ။ ဒါပေမဲ့ ငြင်းဆန်မရရင်တော့ မိဘနဲ့ ထိပ်တိုက်ရင်ဆိုင်ခြင်း ထက် အဝေးကို ပြေးသွားလိုက်တာ အကုသိုလ်အနည်းဆုံး အဆင်ပြေဆုံးလို့ ထင်မြင်ယူဆလာကြပါတယ်။
မိဘနဲ့အဆင်မပြေတဲ့ သားသမီးဟာ သူ့ဖာသာ ရပ်တည်နေရတဲ့ အခါမှာလဲ အဆင်ပြေဘို့ဆိုတာ မလွယ်ကူပါဘူး။အဆင်ပြေပြေ မပြေပြေ မိဘမသိပါစေနဲ့ အဆင်ပြေတယ်ပဲပြောလိုက်ပါ ။ တွေးပူနေတတ်တဲ့ မိဘကိုလည်း စိတ်မပင်ပန်းစေသလို အကုသိုလ်လဲနည်း စေပါတယ် ။
တတ်နိုင်ရင်အဝေးကနေ ထောက်ပံ့ခြင်းကို လုပ်လို့ရပါတယ် ။ အနီးမှာပဲ နေမယ်ဆိုလဲမိဘနဲ့ အဆင်ပြေအောင်နည်းလမ်းရှာပြီးစိတ်လျော့ကြပါ။မိဘဆိုတာ အဖိုးတန်ပါတယ် ဒါပေမယ့်… သားသမီးဆိုတာလဲ လူသားမို့ သူလဲသူ့တန်ဖိုးနဲ့သူရှိတယ်ဆိုတာ မိဘများ အထူး သတိထားကြည့်ကြပြီး မိဘနဲ့သားသမီးများ ဆက်ဆံရေး ဟာလဲပိုအဆင်ပြေကြမှာပါ။
Credit : ရေးသားသူ