အသည်းကို အထိရောက်ဆုံး သန့်ရှင်းတဲ့ သဘာဝက ပေးသော ဆေးတစ်ဖုံ

အသည်းကို အထိရောက်ဆုံး သန့်ရှင်းတဲ့ သဘာဝက ပေးသော ဆေးတစ်ဖုံ

နေ့စဉ် စားသုံးတဲ့ အစားအသောက် တွေထဲမှာ အဆိပ် အတောက် ဖြစ်စေတဲ့ ဓာတ်တွေ ပါဝင်နေပါတယ်။ အဲဒီ အဆိပ် အတောက်တွေကို သင့်ရဲ့ အသည်းက ဖယ်ရှားပေးတယ်၊ ဖြေပေးတယ်။

ဒါကြောင့် သင့်အသည်း အားကောင်းဖို့ အရေးကြီးပါတယ်။ သင့် အသည်း သန့်ရှင်းနုပျိုစေ ဖို့ သဘာဝ ဆေးတဖုံ အကြောင်း ဖော်ပြချင်ပါတယ်။

အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး စသဖြင့် ပိုးတွေဟာ အသည်း ထိခိုက် အား နည်း နေ မှ တွယ်လို့ရတာပါ။ အသည်းဟာ သန့်ရှင်း အားကောင်းနေရင် ဒီပိုးတွေ မတွယ်ကပ်နိုင်ပါဘူး။

အသည်းကို ပိုးမတွယ်အောင် ဆေးကြောပေးဖို့ လိုပါတယ်။ အသည်း ဆေးကြောဖို့ အတွက် သင် သောက်သုံးပေးရမှာက မြန်မာပြည်မှာ လက်လှမ်းမီပြီး အလွယ်တကူ ဖန်တီးနိုင်တဲ့ မန်ကျည်း ဖျော်ရည်ပဲ ဖြစ်ပါတယ်။

အသည်းကို ဆေးဖို့ အ ကောင်း ဆုံး က သဘာဝက ပေးတဲ့ မန်ကျည်း ဖျော်ရည်ပါ။ မန်ကျည်းသီးဟာ အသည်းကို နုပျိုစေပြီး အသည်းခြောက်ခြင်း၊ ကျုံ့ခြင်း၊ ကြွပ်ခြင်း၊ ဆတ်ခြင်း၊ ပုပ်ခြင်းတွေ မဖြစ်အောင် ကာကွယ် ပေးပါတယ်။

မန်ကျည်း ဖျော်ရည် လုပ်ဖို့က ဒီလိုပါ။ မန်ကျည်းသီးမှည့် လက်တဆုပ်နဲ့ ထန်းလျက် အနည်းငယ်ကို မတ်ခွက် တခွက်ထဲ ထည့်ပြီး ရေနွေးဆူဆူ လောင်းထည့်ပါ။

မနက်ပိုင်းက စနှပ်ထားရင် ညနေဆိုရင် သောက်လို့ ရပါပြီ။ ချဉ်ချဉ်လေးကြိုက်ရင် သံပုရာသီး ညှစ်ထည့် သောက်သုံးနိုင်သလို အေးအေးလေး သောက်ချင်ရင်တော့ ရေခဲထည့် သောက်နိုင်ပါတယ်။

ထန်းလျက် ဖျော်ရည်က အသည်းက အဆိပ်အပုပ်တွေ သာမက ဝမ်းဗိုက်ထဲက အပူအပုပ်တွေလည်း ဝမ်းအပျော့ အဖြစ် သင့်ခန္ဓာကိုယ်ကနေ ထွက်သွားပြီး

ပေါ့ပါး လန်းဆန်းသွား စေပါလိမ့်မယ်။ အဆိပ် အပုပ် အပူအစပ်တွေ ကင်းရှင်းသွားပြီး၊ အသည်း အားကောင်း လာတဲ့အခါ သင့်ကျန်းမာရေးလည်း ကောင်းမွန် ပြည့်စုံမှာ သေချာပါတယ်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners