ပန်းရောင်းရင်းရပ်တည်နေရရှာတဲ့ မိခင်ကို အသက် ၄ နှစ်ထဲက တတ်ထားတဲ့ ပညာနဲ့ လုပ်ကျွေးနေတဲ့ သားတို့အမွှာ

ပန်းရောင်းရင်းရပ်တည်နေရရှာတဲ့ မိခင်ကို အသက် ၄ နှစ်ထဲက တတ်ထားတဲ့ ပညာနဲ့ လုပ်ကျွေးနေတဲ့ အမွှာညီကို

ပရိသတ်ကြီးရေ ဟန်သာမိုး ဟန်သာဖြိုး အမွှာညီအစ်ကိုကို သိကြမှာပါနော်… Myanmar Got Talent ပြိုင်ပွဲမှာ ထူးချွန်စွာယှဉ်ပြိုင်ခဲ့တဲ့ မိုး ဖြိုးအမွှာလေးဟာ ခုဆို မိဘကို အသက်ငယ်ငယ်နဲ့ လုပ်ကျွေးနေတာပါ…


အသက် ၄နှစ်မှာ သူတို့ ဝါသနာပါတဲ့ သဘင်အက နဲ့ စတင် ကခဲ့ပြီး အသက် ၇နှစ်မှာ ပြိုင်ပွဲတွေ ဝင်ပြိုင်ရင်း အောင်မြင်လာခဲ့ပါတယ်ဒီလို မအောင်မြင်ခင်က မိုးဖြိုးတို့ရဲ့ မေမေဟာ ဘုရားစောင်းတန်းမှာ ပန်းရောင်းရင်း သူတို့ညီအစ်ကိုကို ရှာကျွေးခဲ့တာပါ

ခုတော့ အမွှာညီအစ်ကိုက အမေဖြစ်သူကို ပြန်ရှာကျွေးနေနိုင်ပါပြီ…ဒီအကြောင်းလေးကို အမွှာတို့ရဲ့ မေမေက ခုလိုလူမှုကွန်ရက်မှာ ရေးသားပြောပြထားပါတယ်

…သမိုင်းဆိုတာလူတိုင်းမှာရှိတယ်…မဟာမြတ်မုနိဘုရားအရှေ့စောင်းတန်းမှာပန်းစပီးရောင်းခဲ့ရပါတယ်စောင်းတန်းထဲမှကူညီစောင့်ရှောက်ပေးပါသောကျေးဇူးရှင်များသူငယ်ချင်းအပေါင်းများလဲကိုလဲသတိတရရှိနေပါတယ်။

နုတ်၏ဆောင်မခြင်းလက်၏ဆောင်မခြင်းများကိုလဲအမှတ်တရရှိနေပါတယ်။မင်းသားဖြစ်ခြင်တဲ့သားကိုမင်းသားဝတ်စုံလက်ခမယူပဲတတ်နိုင်သလောက်ပံပိုးပေးတဲ့အတွက်ကျေးဇူးရှိပါတယ်။မင်းသားဖြစ်ချင်လို့တိးဝိုင်းတွေမှာကပါရစေဆိုပီးခေါ်ခဲ့သောအဆိုတော်မမငယ်ငယ်မမေ့ပါဘူးနော်…ဆရာဇော်နိုင်နဲ့မတွေ့ခင်မင်းသမီးမယမင်းလှိုင်ရဲ့သင်ပြပေးတဲ့ကျေးဇူးကိုလဲမမေ့ပါဘူး…

လိုအပ်ရင်ကူညီကြသောဆိုင်ကယ်တက်စီသမားများကျေးဇူးရှိသော ကျေးဇူးရှင်အပေါင်းတစ်ဦးတစ်ယောက်ခြင်းကိုကျေးဇူးတင်ပါတယ်။အကြောင်းမတိုက်ဆိုင်လို့မတွေ့မဆုံဖြစ်ကြပေမဲ့ခင်ပွန်းကြီးဆယ်ပါးဝန်ချတောင်းပန်ပြီးကျေးဇူးရှိသူအားလုံးကန်တော့ပါတယ်

အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပီးဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျပါစေ”…သားတို့မေမေ ဆိုပြီးသားတို့အမွှာ pageမှာ ရေးသားထားပါတယ်။သားတို့အမွှာကို ချစ်တဲ့ ပရိသတ်ကြီးလည်း ငယ်ငယ်လေးနဲ့ မိခင်ကို လုပ်ကျွေးနိုင်တဲ့ သူတို့ကို ဂုဏ်ပြုစကားလေးဆိုခဲ့ပေးပါအုံးနော်..

Source ; သားတို့အမွှာ . Jeeptoolay