အောက်စီဂျင်ရှုနေရက်နဲ့ ဘာကြောင့်အသက်ဆုံးရှုံးရတယ်ဆိုတဲ့အချက်ကို ပြောပြလာတဲ့ ခိုင်သင်းကြည်

အောက်စီဂျင်ရှုနေရက်နဲ့ ဘာကြောင့်အသက်ဆုံးရှုံးရတယ်ဆိုတဲ့အချက်ကို ပြောပြလာတဲ့ ခိုင်သင်းကြည်

လတ်တလော ဖြစ်ပွားနေတဲ့ ကိုဗစ် ရောဂါဟာ အောက်စီဂျင်တစ်ခုတည်း ရှိနေရုံနဲ့ မလုံလောက်ပါဘူး။ လိုအပ်တဲ့ အသက်ရှုလေ့ကျင့်ခန်းတွေအပြင် အစားအသောက်တွေကိုလည်း ဝင်သ လောက်စားပြီး ကိုယ်ခံအားကောင်းအောင် လုပ်ရတာမျိုးပါ။

တတ်သိနားလည်တဲ့ ဆရာဝန်တွေရဲ့ ပြောစကားအတိုင်း လိုက် နာပြီး စနစ်တကျ လုပ်ဆောင်မယ်ဆိုရင် အသက်ဘေးကနေလွတ်ကင်းနိုင်ပါတယ်။ ဒီနေ့မှာလည်း ပါမောကခ ဒေါက်တာခင်မောင်ထွေးရဲ့ အောက်စီဂျင်နဲ့ ပတ်သက်တဲ့ လွဲမှားမှုတစ်ခုကို ထောက်ပြထားတဲ့ အချက်တစ်ချို့ကို ခိုင်သင်းကြည်က သူမရဲ့လူမှုကွန်ယက်ကနေ တဆင့် ပြန်လည်ဝေမျှ ပေးလာခဲ့ပါတယ်။

ဒီအကြောင်းအရာကို ” Oxygen ရှုရဲ့သားနဲ့ ဘာ့ကြောင့်သေလဲလို့ မျှဝေပေးတဲ့ ဆရာကို ကျေးဇူးတင်ပါတယ် အပျင်းမကြီးဘဲ အသက်ရှု လေ့ကျင့်ခန်းတွေ များများလုပ်ကြပါနော် လေထဲမှာရှိတဲ့ အောက်စီဂျင် (၂၀-၂၁%) ဟာ လုံလောက်တာထက်ပိုပါတယ်ဆိုတာကို ထပ်မံအတည်ပြု ပြောချင်ပါတယ်။

ဒါပေမဲ့ ကိုဗစ်မှာ “ဘာ့ကြောင့် အောက်စီဂျင်အပိုကို သုံးနေကြရလဲ”ဆိုတဲ့ မေးခွန်း မေးစရာရှိပါတယ်။ ရှင်းပြပါ့မယ်။

လူ့ကိုယ်ခန္ဓာရဲ့ အဆုပ်မှာ လေအိပ် (alvilia) လေးများ (၇) မီလီယံလောက် ရှိပါတယ်။ ထိုလေအိပ်များကို ဖြန့်လိုက်ရင် အလျား (၇၀) မီတာ၊ အနံ (၇၀) မီတာလောက် ကျယ်ပါတယ်။ ထိုလေအိပ်လေးများကို သေးငယ်တဲ့လေပြွန် (bronchioles) လေးများဖြင့် စပျစ်ခိုင်လို ဆက်သွယ်ထားပါတယ်။

ထိုလေအိပ် ပတ်ဝန်းကျင်မှာက သေးငယ်တဲ့ ဆံခြည် မျှင် သွေးကြောလေးများဖြင့် ဝန်းရံထားပါတယ်။ ကိုယ်ခန္ဓာက လိုအပ်တဲ့ အောက်စီဂျင်ကို အဲဒီနေရာကနေ ကိုယ်ခန္ဓာထဲ ပို့ရပါတယ်။ ကိုဗစ်ဖြစ်သူများရဲ့ ပြသနာက အဲဒီနေရာမှာပါ။

ဆံခြည်မျှင် သွေးကြောလေးများ ပိတ်တယ်။ လေအိပ်ပြွန်ငယ်လေးများ ချွဲဖြင့်ပိတ်တယ်။ ပိတ်တဲ့ အရွယ်အစားပေါ် မူတည်ပြီး လေအဝင်အထွက်၊ အောက်စီဂျင် ကိုယ်ထဲရောက်တဲ့ ပမာ ဏ ကွာကြပါတယ်။ အောက်စီဂျင် ကျတယ်ဆိုတာ ပိတ်တဲ့ပ မာဏ များလို့ပါ။

အောက်စီဂျင် ရှူလိုက်ခြင်းအားဖြင့် ကျန်နေတဲ့ လေအိပ် နည်းနည်းလေးထဲမှာရှိတဲ့ အောက်စီဂျင် (၂၀%) ကို မြှင့်ပေးလိုက်တာပါ။ အဲဒါဟာ ခဏတာပဲ ကောင်းပါတယ်။ ရက်ပိုင်းလေးပါဆိုပြီး ရှင်းပြလာခဲ့ပါတယ်။


ဆက်လက်ပြီးတော့လည်း ” အောက်စီဂျင်ကို၌က ကြာကြာရှူရင် လေအိပ်လေးများ ပြန်ဖောင်းလာအောင် လုပ်ပေးတဲ့ surfactant လို့ခေါ်တဲ့ ဓါတ်တစ်မျိုးကို ယုတ်လျော့စေပါတယ်။ ဒါ့ကြောင့် အောက်စီဂျင်ကို ဘိန်းရှူသလို တစ်ပါတ်နှစ်ပါတ်ရှူနေရင် ကျန်နေတဲ့ လေအိပ်လေးတွေပါ ပိတ်ကုန်ပြီး လူ သေတဲ့အထိ ဖြစ်လာပါလိမ့်မယ်။

တစ်ချို့ဆို (၃-၄)ရက်အ တွင်း သေကြရပါတယ်။ ဒါ့ကြောင့် လေအိပ် ပြန်ဖွင့်ပေးမဲ့ အ သက်ရှူ လေ့ကျင့်ခန်းကို (မဖြစ်မနေ) ကျန်တဲ့ လေအိပ်လေးတွေမပိတ်ခင် ထိထိရောက်ရောက် လုပ်ကိုလုပ်ရပါ့မယ်။

နေကောင်းနေစဉ် ကတည်းက လေ့ကျင့်နေရင် တကယ်လက် တွေ့ရောဂါရတော့ ဆက်လုပ်နိုင်တာပေါ့။ Google မှာ Breathing Exercises for ကိုဗစ် Patient ဆိုရိုက်ရှာပါ။ အသက်ရှူ လေ့ကျင့်ခန်းတွေ အများကြီးတွေ့ရပါ့မယ်။ ဖွင့်ပြီး ကိုယ်တိုင် လိုက်လုပ်ကြပါ။


ဆေး၊ အောက်စီဂျင်တို့ကိုသာ အားကိုးမနေကြပါနဲ့ ” လုံ့လလည်းထူ၊ ဉာဏ်လည်းကူ ပျိုးလည်းသန်မှ၊ ငါလည်းမ “တဲ့။ ကိုယ့်အားကိုယ်ကိုး အင် အားမစိုက် မလုပ်ချင် မကိုင်ချင်ရင်တော့ ကိုယ်ပဲ နစ်နာဆုံးရှုံးရမှာပါ။

ပါမောက္ခ ဒေါက်တာခင်မောင်ထွေး “ဟုဆိုကာပြန်လည် ဝေမျှပေးခဲ့ပါတယ်။ စာဖတ်သူတို့လည်း ဆရာကြီးရဲ့အကြံပြုချက်ကို အသေအချာလေးဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners