
ကိုယ်ဝန်ဆောင်မိခင်များ စားမိပါက ပျက်ကျသည်အထိ ဖြစ်စေနိုင်တဲ့ အစားအစာများ
ကိုယ်ဝန်လနုစဉ်မှာ မစားသင့်တဲ့ အစားအသောက်တွေကို
စားမိသွားတဲ့အခါ ကိုယ်ဝန်ပျက်ကျတဲ့အထိ ဖြစ်နိုင်ပါတယ်။
မိခင်လောင်းတို့ အနေနဲ့ ကိုယ်ဝန်ဆောင် ချိန်မှာဆိုရင်
သာမန်အချိန်ထက် အစားအသောက် အနေအထိုင် ဆင်ခြင်သင့်ပါတယ်။
အခုပြောပြမယ့် အစားအသောက် တွေကတော့
ကိုယ်ဝန်နုစဉ်မှာ လုံးဝမစားသင့်တဲ့ အစားအသောက်တွေဘဲ ဖြစ်ပါတယ်။
၁ နာနတ္သီး
နာနတ်သီးဟာ ကိုယ်ဝန်ပျက်နိုင်ခြေ အများဆုံး အသီးဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်တွေ လုံးဝမစားသင့်တဲ့ ဦးစားပေး အသီး တစ်မျိုးပါ။
နာနတ်သီးမှာ ပါဝင်တဲ့ bromelain လို့ ခေါ်တဲ့ ဓာတ်ဟာ
သားအိမ်ကို ပျော့စေပြီး သားအိမ်လမ်းကြောင်းကို ကျဉ်းမြောင်းစေကာ
ကိုယ်ဝန်နုစဉ်မှာစားရင် သန္ဓေသားအတွက်
အရမ်း အန္တရာယ်များပါတယ်။
၂ သေဘၤာသီး
နောက်တစ်မျိုးကတော့ သင်္ဘောသီးဘဲ ဖြစ်ပါတယ်။
အချို့က သင်္ဘောသီး အစိမ်းကို
မစားသင့်ဘူးဆိုတာ သိရှိပြီးသား ဖြစ်မှာပါ။
ဖြစ်နိုင်မယ်ဆိုရင်တော့ သင်္ဘောသီးကို အစိမ်းရော
အမှည့်ပါ မစားတာ အကောင်းဆုံးပါ။
၃ ရှားစောင်းလက်ပတ်ဖျော်ရည်
ကိုယ်ဝန်ဆောင်တစ်ယောက်အနေနဲ့ ဆိုရင်တော့
ရှားစောင်းလက်ပတ် ဖျော်ရည်ကြောင့်
တင်ပါးရိုး သွေးယိုစီးမှု ဖြစ်နိုင်ပြီး
ကိုယ်ပျက်ကျခြင်းကို ဖြစ်စေနိုင်ပါတယ်။
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners