စက်ဘီးတစ်စီးနဲ့ အစားအစာတွေ ပို့ဆောင်ပြီး အလုပ်ကြိုးစားနေတဲ့ ၁၀ နှစ်အရွယ် ကောင်လေး

အခုလိုရောဂါဝေဒနာတွေ ထူပြောနေတဲ့ကာလအတွင်းမှာ လူအများဟာ အိမ်ထဲမှာပဲ နေထိုင်ကြရတဲ့အတွက် အပြင်အစားအစာတွေကို အနည်းနဲ့အများလွမ်းနေကြမှာ အသေအချာပါပဲ။

.

ဒီကာလမှာ ကျောင်းသားလေးတစ်ဦးကတော့ ကျောင်းပိတ်ချိန်အတွင်း သူကိုယ်တိုင်လည်းဝင်ငွေရအောင် အများလည်း စားချင်တဲ့အစားအစာတွေစားရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အစားအသောက်လိုက်လံပို့ဆောင်တဲ့အလုပ်ကိုလုပ်ကိုင်ခဲ့ပါတယ်။

.

ဒီလို Covid ကာလအတွင်း အလုပ်ကြိုးစားလုပ်ကိုင်နေသူကတော့ အသက်၁၀နှစ်ပဲရှိသေးတဲ့ ထိုင်းနိုင်ငံက ကလေးငယ်တစ်ဦးပဲဖြစ်ပါတယ်။

.

မိသားစုနဲ့ မောင်နှမတစ်သိုက်အတွက် တစ်ဖက်တစ်လမ်းက စီးပွားရှာနေတဲ့ ကောင်လေးဟာ စက်ဘီးလေးတစ်စီးနဲ့ “ဘတ် ၁၀တန်အစားအစာ”လို့ရေးသားထားတဲ့ စာတန်းပါ ကတ်ထူပုံးလေးကိုလွယ်ကာ အစားအစာတွေကို အိမ်တိုင်ရာရောက်ပို့ဆောင်ပေးနေတာပဲဖြစ်ပါတယ်။

.

အလုပ်ကြိုးစားရုံသာမက အပြောချိုတဲ့ ကလေးငယ်ဟာ မြင်ရသူတွေကို လေးစားချစ်ခင်စေခဲ့ပြီး အင်တာနက်သုံးစွဲသူအများကလည်း ကလေးငယ်ရဲ့ဓာတ်ပုံကိုမြင်ကာ အံ့သြချီးကျူးနေကြပါတယ်။

Shwe Yaung Myanmar ( Writer – Lwin Lwin Aung )