ဒီအချက် (၁၀) ခု ဖြစ်လာရင် မပေါ့ပါနဲ့

တစ်ခါတရံမှာ အရမ်းမပြင်းထန်တဲ့ ရောဂါလက္ခဏာတွေက အသက်အန္တရာယ် ပေးနိုင်တဲ့အထိ ဆိုးရွားသွားနိုင်ပါတယ်။

သင့်ခန္ဓါကိုယ်မှာ တစ်ခုခု မမူမှန်တာကို သတိထားမိရင် ဆရာဝန်ထံသွားဖို့ အချိန်မဆွဲသင့်တော့ပါဘူးနော်။

၁။ နှုတ်ခမ်းခြောက်ခြင်း၊ နှုတ်ခမ်းကွဲခြင်း

နှုတ်ခမ်းကွဲတာက အသားအရေ ဓါတ်မတည့်တဲ့ လက္ခဏာတွေထဲက တစ်ခုပါပဲ။

အဲဒါကြောင့် သင်အသုံးပြုနေတဲ့ အလှကုန်ပစ္စည်း၊ အစားအစာ၊ ဆေးဝါးတွေကို သတိပြုကြည့်ပါ။

နှုတ်ခမ်းထောင့်စွန်းတွေကို အက်ကွဲနေတာက ဗီတာမင် B ၊ A နဲ့ E ဓါတ် ချို့တဲ့လို့ပါပဲ။

၂။ မျက်ခုံးမွေးများ ပါးလာခြင်း

သင်က မျက်ခုံးကောင်းသူတစ်ယောက် ဖြစ်ပါလျက်နဲ့ မျက်ခုံးမွေးတွေ ရုတ်တရက်ပါးလာရင်၊ ကျွတ်လာရင် ဆရာဝန်ဆီသွားဖို့ အချိန်မဆွဲသင့်တော့ပါဘူး။

မျက်ခုံးမွေးပါးလာခြင်းက သိုင်းရွိက်ချို့တဲ့တာ၊ ဒါမှမဟုတ် လွန်ကဲတာနဲ့ ဆက်စပ်နေလို့ပါ။

၃။ လက်သည်းကျိုးပဲ့ခြင်း

လက်သည်းကလည်း ခန္ဓါကိုယ်ကျန်းမာရေးကို ပြောပြပေးနိုင်ပါတယ်။

ပါးပြီးဖျော့တော့နေတဲ့ လက်သည်းက သွေးအားနည်းရောဂါနဲ့ ခန္ဓါကိုယ်မှာ သံဓါတ်ချို့တဲ့ကြောင်းပြတဲ့ လက္ခဏာပါ။

အဝါရောင်လက်သည်းက အသည်းနဲ့ အစာအိမ်လမ်းကြောင်းမှာ ပြဿနာရှိနေကြောင်း ပြသခြင်းဖြစ်ပါတယ်။

ဒါ့အပြင် လက်သည်းမှိုစွဲတဲ့အခါမှာလည်း လက်သည်းဝါသွားတတ်ပါတယ်။

လက်သည်းပေါ်မှာ အဖြူရောင်အစက်အပြောက်တွေ၊ အစင်းကြောင်းတွေ ပေါ်နေတာကတော့ ဇင့်၊ ကော့ပါးနဲ့ အိုင်အိုဒင်းဓါတ် ချို့တဲ့နေတာပါ။

လက်သည်းက ကျိုးလွယ်နေတယ်ဆိုရင် ဗီတာမင်ဓါတ်တွေ၊ ကယ်လ်ဆီယမ်နဲ့ သံဓါတ်ချို့တဲ့နေလို့ပါ။

၄။ နှုတ်ခမ်းဘေးမျဉ်းတွေ အရောင်ရင့်နေပြီး နှုတ်ခမ်းသား ဖြူဖျော့နေခြင်း

နှုတ်ခမ်းဘေးမျဉ်းတွေက နီရဲပြီး အဖုသေးသေးလေးတွေ ပေါက်လာရင် သင်က ခရမ်းလွန်ရောင်ခြည်ကို လုံးဝမတည့်တာပါ။

အဲဒါကြောင့် အပြင်သွားတဲ့အခါ နေရောင်ကို ကာကွယ်ပေးတဲ့ cream တွေကို ဆောင်ထားသင့်ပါတယ်။

၅။ မျက်နှာနီရဲခြင်း

အပူချိန်မြင့်တဲ့အခါ၊ အရက်ဘီယာတွေသောက်တဲ့အခါ၊ ဒေါသထွက်တဲ့အခါ မျက်နှာတွေ နီရဲလာတာက ပုံမှန်ပါပဲ။

အသက်၄၀ကျော်အမျိုးသမီးတွေကတော့ ဟော်မုန်းတွေက ကျဆင်းလာတာကြောင့် မျက်နှာတွေ နီရဲလာပါတယ်။

မျက်နှာရဲ့ တစ်စိတ်တစ်ပိုင်းသာ နီရဲလာမယ်ဆိုရင်တော့ ရုတ်တရက် မူးဝေလာခြင်းရဲ့ လက္ခဏာပါ။

၆။ ခြေထောက်ကွဲခြင်း

ဗီတာမင် A နဲ့ E ချို့တဲ့တာကြောင့် ခြေထောက်တွေ အက်ကွဲပါတယ်။ဒါ့အပြင် ခြေထောက်မှာ မှိုစွဲတာကြောင့်လည်းခြေထောက်ကွဲပါတယ်။

၇။ အသားအရေခြောက်လာခြင်း

အေးတဲ့ရာသီဥတုမှာ အသားအရေခြောက်လာတာက ပုံမှန်အခြေအနေပါပဲ။ ဒါပေမယ့် ရုတ်တရက်အသားအရေက ခြောက်ကပ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

အသားအရေခြောက်ကပ်လာတာက ဆီးချိုရောဂါနဲ့ လက္ခဏာတစ်ခုဖြစ်သလို ဓါတုပစ္စည်းတွေနဲ့ ဓါတ်မတည့်တာလည်း ဖြစ်နိုင်ပါတယ်။

၈။ ခြေထောက်ခွင်ခြင်း

ခြေကျင်းဝတ်က နာပြီး မတ်မတ်မရပ်နိုင်တာက အချိန်ကြာမြင့်စွာ ဒေါက်ဖိနပ်စီးခြင်း၊ အလေးချိန်များတဲ့တစ်ခုခုနဲ့ ထိခိုက်မိခြင်းတို့ကြောင့်ပါ။

ခြေကျင်းဝတ်က ခဏခဏနာပြီး ကြာကြာမရပ်နိုင်တော့တာက ခြေထောက်ခွင်ခြင်းရဲ့ အစဖြစ်လာနိုင်ပါတယ်။

၉။ သွားပေါ်တွင် အဖြူအစင်းကွက်များ ပေါ်လာခြင်း

သွားမတိုက်ခင်နဲ့ အစားစားပြီးချိန်မှာ သွားပေါ်မှာ အဖြူအကွက်တွေ ပေါ်လာတာက မပေါ့ဆသင့်တဲ့ လက္ခဏာတစ်ခုပါ။

အဲဒီကနေ သွားတစ်ရှုူတွေတွေ ဆွေးမြေ့တာ၊ သွားတွေ ကျိုးပဲ့တာတွေ ဖြစ်လာနိုင်ပါတယ်။

၁၀။ ဆံပင်ကျွတ်ခြင်း

လူတစ်ယောက်က တစ်နေ့ကို ဆံပင် အပင် ၁၀၀ ခန့် ကျွတ်ပါတယ်။

ဒါပေမယ့် ဆံပင်တွေက တစ်နေ့တစ်နေ့ အဆမတန် ကျွတ်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါပြီ။

အသားအရဓါတ်မတည့်တာ၊ သိုင်းရွိုက် ပုံမှန်မဟုတ်တာ၊ ကိုယ်ခံအားစနစ် ချွတ်ယွင်းတာ စတဲ့အကြောင်းအရင်းများစွာ ရှိနိုင်ပါတယ်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners