စီးပွားတက်မည့်အိမ် (မဖတ်ထားရင်နောင်တရမယ်နော်)

အောက်တွင်Zawgyi နှင့်ဖတ်ရှုနိုင်ပါသည်။

စီးပွားတက်မည့်အိမ် (မဖတ်ထားရင်နောင်တရမယ်နော်)

မိမိအိမ်မှာလာဘ်ပွင့်ငွေဝင်အိမ်အေးချမ်းအောင်ဒါတွေလုပ်ဆောင်ပါ

(1)ဘုရားပန်း နှင့်သောက်တော်ရေဆွမ်း ဆီမီးအမြဲကပ်ပါ။ဘုရားပန်းမနွမ်းပါစေနဲ့။ဘုရားပန်းအိုးထဲမှရေများမပူပါစေနဲ့။သောက်တော်ရေကိုသတိရတိုင်းကပ်ပါ

(2)ဘုရားရှိခိုးလျင်အိမ်စောင့်နတ်ခြံစောင့်နတ်အိမ်ဝန်းအတွင်းမှီတင်းစောင့်ရှောက်နေထိုင်ကြသောနတ်မြတ်နတ်ကောင်းများမြင်အပ်မမြင်အပ်သတ္တဝါများအားလုံးကိုမေတ္တာပို့အမျှဝေပါ

(3)အလွန်ကံညံ့လာဘ်ပိတ်နေလျင်ညသန်းခေါင်ပရိတ်ရွတ်ပါ။ည12နာရီနောက်ပိုင်းသည်နတ်မြတ်နတ်ကောင်းများလူ့ပြည်သို့လှည့်လည်ကြည့်ရှုချိန်ဖြစ်၍ညဘက်ပရိတ်ရွတ်ဖတ်ဆုတောင်းလျှင်ပို၍ ဆုတောင်းပြည့်စေပါတယ်

(4)အိမ်မှာအဟောင်းအစုတ်တွေမထားပါနဲ့။အချိူ့အိမ်တွေမှာ နှမြောပြီးထားတတ်ကြတာတွေရှိပါတယ်။ ပုလင်းကွဲတွေဒန်အိုးပေါက်တွေအဝတ်အစားစုတ်တွေဘယ်လိုမှသုံးမရတာတွေလွှတ်ပစ်လိုက်ပါ။အိမ်မှာလိုအပ်တာတွေသာအဓိကထားပါ

(5)အိမ်ကိုတံမြက်စည်းလှည်းလျှင်နံနက်လှည်းလျှင်အိမ်ရှေ့မှအိမ်နောက်သို့လှည်းပါ။ညနေနှင့်ညဘက်လှည်းလျင်အိမ်နောက်မှအိမ်ရှေ့သို့လှည်းပါ။

(6)မီးဖိုချောင်တွင်ဆန်နှင့်ဆီကိုအပြတ်မခံပါနဲ့ ။မကုန်မီ ကြိုတင်၍ဝယ်ပါ

(7)အိမ်ရှိလှေကားများကျိူးပျက်နေသည်ကိုပြုပြင်ပါ။လှေကားများကျိူးပျက်နေခြင်းကလာဘ်တိတ်စေသလိုမကောင်းသောအန္တရာယ်များကိုဖိတ်ခေါ်စေပါတယ်

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners