မြန်မာတွေမသိကြတဲ့ နတ်ပြည်ကပေးသော ရတနာသစ်ပင်

မြန်မာတွေမသိကြတဲ့ နတ်ပြည်ကပေးသော ရတနာသစ်ပင်

မြေအောက်ရေ စုပ်ယူမှုများတဲ့ မလေးရှားပိတောက် တို့ ယူကလစ်ပင်တို့ စိုက်မယ့်အစား ဒီအပင်ကိုစိုက်သင့်တယ်. .”နတ်ပြည်က ပေးတဲ့ရတနာသစ်ပင်

”Tropical Treasures မဂ္ဂဇင်းရဲ့ ၂၀၀၉ ခုနှစ်တုန်းက ညွှန်းထားတဲ့ အပင် နောင်နှစ် နောင်နှစ်တွေမှာ ဒီလောက်မပူရအောင် အခုကတည်းက ကြိုတင်ပြင်ဆင်သင့်ပြီ ….အခုပြောမယ့်အပင်က သခွပ်နီပင်လို့ပဲ ကင်ပွန်းတပ်လိုက်ကြပါစို့။

ဒီအပင်ရဲ့ သိပ္ပံအမည်ကတော့ Muntingia calabura လို့ခေါ်ပြီး မျိုးရင်းကတော့ Muntingiaceae ပါ။ ထိုင်းနိုင်ငံမှာတော့ သခွပ်လို့ခေါ်ပါတယ်။ မြန်မာပြည်မှာ သကြားသီးပင် လို့လည်းခေါ်လေ့ရှိပါတယ်။ အသီးကချိုအီအီအရသာရှိပါတယ်။

ဂျမေကန်ချယ်ရီ၊ စင်္ကာပူချယ်ရီ၊ ပနားမားဘယ်ရီ စသည်ဖြင့် လည်း ခေါ်ကြပြီး အထွားမြန်၊ အရိပ်ရအပင်ဖြစ်ကာ ၂ နှစ်အတွင်း ၁၀ မှ ၂၀ ပေခန့်မြင့်ပြီး အမြင့်ဆုံး ပေ ၂၀ မှ ၄၀ အထိ ရှိနိုင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။

အသီးကို စားလို့ရပြီး အရွက်ကို လက်ဘက်ခြောက်လုပ်လို့ရတယ်။ အပွင့်ကို ပဋိဇီဝဆေးဖော်ရာမှာသုံးတယ်။ ဝမ်းဗိုက်ထဲမှာ ထိုးအောင့်တတ်တဲ့ ရောဂါကိုကုသဖို့နဲ့ အပုပ်နိုင်ဆေး၊ ပိုးသတ်ဆေးအဖြစ်သုံးတယ်။

ငှက်တွေက အသီးကိုကြိုက်တတ်လို့ ဥယျာဉ်တွေမှာ စိုက်ကြပါတယ်။ အိမ်ခြံတွေနဲ့ လမ်းဘေးဝဲယာတလျှောက်မှာလည်း အရိပ်ရပင်အဖြစ် စိုက်ကြတယ်။အခေါက်ကို လျှော်ကြိုးအနေနဲ့ အသုံးပြုလို့ရပြီး အသားကို သစ်မာအနေနဲ့ သုံးနိုင်ပါတယ်။ ထင်းအဖြစ်လည်း သုံးကြပါတယ်။ စွယ်စုံရတယ်လို့ ပြောရပါမယ်။

“အပင်ရဲ့ဂုဏ်သတ္တိတွေ”

မြေဆီညံ့တဲ့နေရာမှာ စိုက်ပျိုးလို့ဖြစ်တယ်။ PH နည်းလွန်း၊ များလွန်းတဲ့နေရာတွေမှာတောင် စိုက်လို့ဖြစ်တယ်။ အငံဓါတ် ရှိတဲ့မြေမှာလည်းပေါက်နိုင်တယ်။

အမြစ်ရှည်ပြီး မြစ်ဖုတွေပါကာ ပဲမျိုးရင်းဝင်တွေလို နိုက်ထရိုဂျင်ဖမ်းပေးတဲ့ ရိုင်ဇိုဘီယမ် တွေရှိတာကြောင့် နိုက်ထရိုဂျင်နည်းတဲ့ တနည်း မြေဆီညံ့ဒေသတွေမှာတောင် အလေ့ကျအပင်အဖြစ် ရှင်သန်နိုင်တယ်။

နောက်ပြီး သူ့ဆီက ကြွေကျတဲ့ အသီးတွေကို ငါးတွေ အလွန်ကြိုက်တယ်။ မြစ်ကမ်းနံဘေးမှာစိုက်ပြီး ငါးမျှားကြတယ်ဆိုပဲ။ ဒါ့အပြင် ငါးတွေအတွက် အဟာရဓာတ်ဖြစ်ဖို့ သူ့ဆီက အရွက်၊ အသီးတွေမှာပါတာမို့ ငါးမွေးကန်ဘေး တ်ပတ်လည်မှာ စိုက် ထားသင့်တယ်။

သူ့ဆီက ကြွေကျတဲ့ အရွက်တွေကလည်း မြေဆီကြွယ်ဝစေပြီး ဝါးရွက်မြေဆွေးတွေမှာ တွေ့ရတတ်တဲ့ မှိုတစ်မျိုး တနည်း ဒိုချက်ကင် မှိုလိုမျိုး အကျိုးပြုမှိုတွေက ဒီ အပင်ရဲ့ အရွက်တွေကို သဘာဝနည်းနဲ့ ဆွေးစေလို့ မြေသြဇာ ကောင်းမွန်စေပါ တယ်။

မြန်မာနိုင်ငံရဲ့ လမ်းဘေးဝဲယာတွေမှာ မလေးရှားပိတောက်ဆိုတာကို စိုက်မယ့်အစား ဒီ သခွပ်နီပင်ကို စိုက်ဖို့ အကြံပြုချင်ပါ တယ်။

မလေးရှားပိတောက်ပင်တွေထက် ဒီ သခွပ်နီပင်တွေက ငှက်နဲ့ အခြားတိရိစ္ဆာန်တွေအတွက်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းရေးအတွက်၊ ဂေဟစနစ်တိုးတက်ဖြစ်ထွန်းရေးအတွက် ပိုပြီးအကျိုးရှိလိမ့်မယ်လို့ ယူဆမိပါတယ်။

အရိပ်လိုအပ်တဲ့ ကော်ဖီခြံနဲ့ သစ်မွှေးခြံတွေမှာလည်း ဒီ သခွပ်နီပင်ကို အရိပ်ရပင်အဖြစ် စမ်းသပ်စိုက်ပျိုးကြည့်သင့်ပါတယ်။
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners