ဆွမ်းတော်ချက်စဉ်အပေါ့-အငံ-အချို မြည်းကောင်းပါသလားဆိုတော့

”’ ဆွမ်းတော်ချက်စဉ်အပေါ့-အငံ-အချို မြည်းကောင်းပါသလား “‘

မေး>>>ဘုရားနှင့် သံဃာတော်တွေကိုဆွမ်းကပ်ဖို့ ဆွမ်းတော် ချက်နေရင်း တပည့်တော်ဘယ်တော့မှ အပေါ့အငန်မမြည်းရဲဘူး၊ ဗိမ္မိသာရမင်းကြီးရဲ့ဆွေမျိုးပြိတ္တာတွေလိုဖြစ်မှာစိုးလို့ဘုရားတပည့်တော်တို့ ဆွမ်းတော်ချက်နေတုန်း အပေါ့အငန်မြည်းကောင်းပါသလားဘုရား”

ဖြေ>>> ဗိမ္မိသာရမင်းကြီး၏ ဆွေမျိုးပြိတ္တာ တို့သည် လူဘ၀တုန်းက ဘုရားရှင်နှင့် သံဃာ တို့မဘုဉ်းပေး ရသေခင် စားဦးစားဖျားတို့အား “တခဏတနပ်စာ ဗိုက်၀ဖို့အတွက် ဆိုးယုတ်သောဆန္ဒကို

မတားဆီးပဲ စိတ်အလိုကို လိုက်မိပြီး စားသောက်ခဲ့ကြသည့်အတွက် အလွန်ရှည်ကြာသော ကာလများတိုင်အောင် ငရဲဆင်းရဲ၊ပြိတ္တာဆင်းရဲကို ကျရောက်ခံစားကြရခြင်းပင်ဖြစ်ပါတယ် ”

ယခုခေတ်သံဃ ဒါနဆွမ်းလောင်းအသင်းများနှင့် အလှုအတန်းများတွင် ဆွမ်းချက်ကြသည့် ဒကာ,ဒကာမတို့အတွက် ထိုပြိတ္တာတို့၏ အဖြစ်အပျက်မှာ သတိထားစရာပင်ဖြစ်ပါတယ်။

ဗိမ္မိသာရမင်းကြီး၏အတိတ်ဘ၀ကဆွေမျိုးများ ငရဲကျ၊ပြိတ္တာဖြစ်ရခြင်းမှာ ဆွမ်းဟင်းချက်နေစဉ် “အပေါ့၊အငန်” မြည်းသောကြောင့် လုံး၀ မဟုတ်ပဲ ဘုရားရှင်နှင့် သံဃာတော်တို့မဘုဉ်းပေးရသေးခင် စိတ်စေတနာဆိုးဖြင့်စားသောက်ကြသောကြောင့်သာဖြစ်ပါတယ်။

ထို့ကြောင့် ဆွမ်းဟင်းချက်စဉ်သံဃာတော်တို့ အရသာရှိစွာဘုဉ်းပေးနိုင်ကြရန်“အစပ်အဟတ်တည့်မတည့်၊ အပေါ့အငန်”မြည်းခြင်းမှာ မည်သည့်အကုသိုလ်မှ မဖြစ်ပါပေ။

အကုသိုလ်မဖြစ်သည့်အပြင်သံဃာတော် အရှင်မြတ်များ အရသာရှိရှိဘုဉ်းပေးရ စေဖို့ဆိုသာကောင်းမြတ်မွန်မြတ်သော စေတနာဇောအဟုန်ကြောင့် ကုသိုလ်တရားပင်ဖြစ်ထွန်းစေပါသည်။

Credit :ဓမ္မဝီရ အရှင်တေဇနိယဓမ္မရတနာ