
သင့်အိမ်ထဲကို ကံကောင်းခြင်း အငွေ့အသက်တွေ ရောက်ရှိလာစေမယ့် နည်း(၅)နည်း
တခါတလေ အိမ်ထဲမှာထိုင်နေရင်းနဲ့ အလိုလိုနေရင်း နေလို့ထိုင်လို့ မကောင်းတာ၊ စိတ်ညစ်ညူးလာတာ၊
မကောင်းတဲ့အငွေ့အသက် တစ်ခုခုရှိနေသလို ခံစားနေရတာမျိုး ဖြစ်တတ်ကြပါတယ်။
အဲ့လိုဖြစ်နေတာဟာ အိမ်အပြင်အဆင်နဲ့ ပတ်သက်ပြီး ပြဿနာရှိနေလို့ပါ။ အဲ့ဒီ မကောင်းတဲ့ အငွေ့အသက်တွေကို နှင်ထုတ်ဖို့ ဒီနည်းလေးတွေကို သုံးလိုက်ပါ။
(၁) အိမ်ထဲကပစ္စည်းအဟောင်းတွေကိုလဲပါ
အိမ်ထဲမှာ ကောင်းတဲ့အငွေ့အသက်တွေ ရှိနေစေချင်ရင် အမြဲတမ်းသန့်ရှင်းရေး လုပ်ဖို့လိုပါတယ်။ ဒါ့အပြင် မသုံးတာကြာနေတဲ့ ပစ္စည်းအဟောင်းတွေ၊
အသုံးမဝင်တော့တဲ့ ပစ္စည်းတွေ၊ ပစ်သင့်တာတွေကို ပစ်ပြီး အသစ်လဲသင့်တာတွေကိုလဲရပါမယ်။
ပြီးရင် အိပ်ရာခင်းစွပ်၊ ခေါင်းအုံးစွပ်၊ ဆိုဖာအဖုံး၊ ခန်းဆီး၊ လိုက်ကာတွေကို အသစ်လဲလိုက်ပါ။
(၂) ပရိဘောဂတွေကို နေရာရွှေ့ပါ
နှစ်ရှည်လများ အသားသေနေတဲ့ ပုံစံကနေ အသစ်တစ်မျိုး ပြောင်းကြည့်လိုက်ပါ။ ကျဉ်းကျပ်နေတဲ့ နေရာမှာ ကျယ်ဝန်းသလို ထင်ရအောင်၊
သင့်ရဲ့စိတ်ကိုသက်တောင့်သက်သာရှိတဲ့ အခင်းအကျင်းမျိုးဖြစ်အောင် ပြောင်းလိုက်မယ်ဆိုရင် ကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်လာတာကို တွေ့ရပါလိမ့်မယ်။
(၃) အမွှေးနံ့လေးတွေသုံးပါ
ကိုယ်နေတဲ့ ပတ်ဝန်းကျင်မှာ အမွှေးနံ့လေးတွေ လွှမ်းခြုံနေမယ်ဆိုရင် ကောင်းတဲ့အရိပ်အငွေ့လေးတွေလည်း သူ့အလိုလိုရောက်ရှိလာမှာပါ။
ဒါကြောင့် မနက်စောစောနဲ့ ညအိပ်ခါနီးတွေမှာ မွှေးရနံ့ပါတဲ့ ဖယောင်းတိုင်ထွန်းတာမျိုး၊ ခန်းဆီး၊ လိုက်ကာတွေကိုရေမွေးဆွတ်ပေးတာမျိုး ပုံမှန်လုပ်ပေးပါ။
(၄) အိမ်အတွင်းမှာ အပင်လေးတွေစိုက်ထားပါ
အရွယ်အစားသေးငယ်တဲ့အပင်လေးတွေတောင်မှ အိမ်ထဲကညစ်ညမ်းတဲ့လေထုကို အထောက်အလျောက်သန့်စင်ပေးနိုင်ပါတယ်။
အိမ်ထဲမှာ မျက်စိအမြင်လည်းအေး၊ လေထုကိုလည်းသန့်စင်ပေးနိုင်တာကြောင့် ကောင်းမွန်တဲ့အရိပ်အငွေ့လေးတွေဖြစ်စေနိုင်ပါတယ်။
(၅) သင့်ရဲ့မကောင်းတဲ့ အတွေးအမြင်တွေကို ရပ်တန့်ပါ
မကောင်းတဲ့အဖြစ်တွေကြုံရတဲ့၊ မကောင်းတဲ့အရိပ်အငွေ့လေးတွေခံစားနေရတဲ့အဓိကအကြောင်းရင်းက စိတ်ထဲကမကောင်းတဲ့အတွေးအမြင်၊ ခံစားချက်တွေကြောင့်ပါ။
အတတ်နိုင်ဆုံးကိုယ့်စိတ်ထဲမှာ အဆိုးမြင်အတွေးတွေမဖြစ်လာအောင်၊ စိတ်ရှင်းအောင်ကြိုးစားလိုက်မယ်ဆို သင့်ဘေးနားက မကောင်းတာတွေအကုန်ထွက်ခွာသွားပါလိမ့်မယ်။
Credit : Aunty May