ဘာဘီအရုပ်လေးလို တူအောင် ပြင်ဆင်တတ်လွန်းတဲ့ Make up အပြင်အဆင်တွေကြောင့် နာမည်ကြီးနေသည့် ချစ်စရာ ကောင်မလေ

ဘာဘီအရုပ်လေးလို တူအောင် ပြင်ဆင်တတ်လွန်းတဲ့ Make up အပြင်အဆင်တွေကြောင့် နာမည်ကြီးနေသည့် ချစ်စရာ ကောင်မလေး

လွန်ခဲ့တဲ့နှစ်တုန်းကတော့၊ဘာဘီရုပ်လေးလိုတူအောင်ဆိုပီးခွဲစိတ်ပြုပြင်ခဲ့တဲ့၊ယူကရိန်းနိုင်ငံက Valeria Lukyanova ဆိုတဲ့အမျိုးသမီးရဲ့အကြောင်းကတော့၊ကမ္ဘာ့သတင်းမီဒီယာတွေမှာဖော်ပြခြင်းခံခဲ့ရပါသေးတယ်။သို့ပေမဲ့ယခုတစ်ခေါက်မှာတော့

တရုတ်နိုင်ငံက Kina Shenဆိုတဲ့အမျိုးသမီးငယ်လေးဟာ၊အရုပ်မလေးနဲ့တူလွန်းအောင်မိတ်ကပ်ပြင်ဆင်တတ်လွန်းတာကြောင့်၊သက်ရှိဘာဘီရုပ်လေးဆိုပီးတရုတ်social mediaမှာနာမည်ကြီးနေလျက်ရှိပါတယ်။

Shen ဟာသူမရဲ့ Instagram မှာဆိုရင်၊followerပေါင်း(712,000)ခန့်ပိုင်ဆိုင်ထားပီး၊ပေါ်ပြူလာအဖြစ်ဆုံးအမျိုးသမီးတစ်ယောက်အဖြစ်ရပ်တည်နေခဲ့ပါတယ်။

Shenဟာသူမရဲ့စိုပြေနူးညံ့တဲ့အသားရေနဲ့အလွန်လိုက်ဖက်ပီး၊မိတ်ကပ်လိမ်းခြယ်တတ်လွန်းတဲ့အပြင်ဆင်ကြောင့် ဘာလီရုပ်လေးအလားထိရက်စရာမရှိအောင်ကို၊လှပချောမောလွန်းတဲ့အတွက်ကြောင့်၊မိန်းခလေးများကအားကျခဲ့ကြပါတယ်။

ယခုအခါမှာဆိုရင်တော့ Shen ဟာ၊make up artistတစ်ယောက်အနေနဲ့ရပ်တည်နေခဲ့ပါပီ။ Shen ဟာတခါတရံမှာဆိုရင်လဲ၊သူမရဲ့ IG မှာmake up tutorialလေးတွေကိုမျှဝေ ပေးလေ့ရှိတယ်လို့သိရပါတယ်။

သူမရဲ့ပင်ကိုယ်မျက်နှာပေါက်ကိုလဲပြသဖူးပီး၊သူမဟာယောက်ျားလေးမျက်နှာပေါက်နဲ့ဆင်ပေမဲ့၊ခလေးဆန်ဆန်ချစ်ဖို့ကောင်းတယ်လို့မှတ်ချက်ပေးခဲ့ကြပါတယ်။


မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners