ဝါညစ်နေတဲ့သွားတွေကိုဖြေးဖြေးချင်းစီပြန်ဖြူလာစေမယ့် နည်းလမ်းလေးပါ

ါညစ်နေတဲ့သွားတွေကိုဖြေးဖြေးချင်းစီပြန်ဖြူလာစေမယ့် နည်းလမ်းလေးပါ

သွားဖြူချင်တဲ့သူတွေနဲ့ သွားဝါလို့ စိတ်ညစ်နေတဲ့သူတွေအတွက် ဝါညစ်နေတဲ့သွားတွေကိုဖြေးဖြေးချင်းစီပြန်ဖြူလာစေမယ့် အိမ်တွင်းဖြစ်နည်းလမ်းကောင်းကို မျှဝေပေးလိုက်ပါတယ်။

ချက်ချင်းကြီးဖြူလာမှာမျိုးတော့မဟုတ်ပေမယ့် ၃ ရက် တစ်ခါ၊ ၅ ရက် တစ်ခါ ပုံမှန် မပျက်အကွက်လုပ်ပေးမယ်ဆိုရင်တော့ ဝါနေတာတွေ တဖြေးဖြေးလျော့သွားပြီး ပြန်ဖြူလာမှာပါ။

မျိုးရိုးအရသွားဝါတာမျိုးကျတော့ အိမ်တွင်းနည်းလမ်းလောက်နဲ့ အဆင်မပြေပါဘူး။ သွားဆေးခန်းမှာဆရာဝန်နဲ့တိုင်ပင်ပြီး လေဆာပစ်တာမျိုးလုပ်မှသာ အဆင်ပြေပါလိမ့်မယ်။

လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ ကြက်သွန်ဖြူ၊ သံပယိုရည် (သို့) သံပုရာရည်၊ သွားတိုက်ဆေး၊နနွင်းမှုန့်တို့ပဲ ဖြစ်ပါတယ်။ လုပ်ရမယ့်ပုံစံကတော့ ကြက်သွန်ဖြူ ၅ တက်ကို အခွံခွာပြီး ပန်းကန်လုံးလေးထဲ ခြစ်ချပေးပါ။

သံပယိုရည် (သို့) သံပုရာရည်ကို စားပွဲတင်ဇွန်း ၁ ဇွန်းစာ ညှစ်ချပြီးနယ်ပေးပါ။

သွားတိုက်ဆေးကိုလည်း စားပွဲတင်ဇွန်း ၁ ဇွန်းစာ ညှစ်ထည့်ပြီး နယ်လိုက်ပါ။

နနွင်းမှုန့်ကို စားပွဲတင်ဇွန်းရဲ့ လေးပုံ ပုံ တစ်ပုံစာယူပြီး ထည့်နယ်ပါ။

သေချာသမအောင်နယ်ပြီးရင်တော့ သွားမှာပွတ်ပြီး ခဏလောက်ထားပါ။

ပြီးမှ ပလုတ်ကျင်းလိုက်ပါ။ အဲ့လိုမဟုတ်ပဲ သွားပွတ်တံနဲ့ယူပြီး သွားတိုက်ပေးလို့လည်း ရပါတယ်။

အဲ့နည်းလမ်းလေးကို သုံးရက်တစ်ခါ (သို့) ငါးရက်တစ်ခါ မပျက်မကွက် ပုံမှန်လုပ်ဆောင်ပေးပါ သင့်သွားဝါညစ်နေခြင်းကနေ ပုလဲဖြူကဲ့သို့ အသွင်ပြောင်းသွားပါလိမ့်မယ်…..

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners