လေ့ကျင့်ခန်းလုပ်စရာမလိုအစားလျော့စရာမလိုသော ရေသောက်ပြီးဝိတ်ချနည်းဗိုက်ချပ်နည်း

လေ့ကျင့်ခန်းလုပ်စရာမလိုအစားလျော့စရာမလိုသောဗိုက်ချပ်နည်းဒီနည်းလမ်းလေးကယုမွန်ကိုယ်တိုင်လုပ်ခဲ့တဲ့နည်းလမ်းလေးထဲကတစ်ခုပါဟိုးအရင်ကပေါင်ချိန်၁၄၅ပေါင်ရှိခဲ့

ဖူးတယ်အရပ်က၅ပေ၇ဆိုပေမဲ့အဲ့ပေါင်ချိန်နဲ့ကဝတဲ့ဘက်မှာရောက်နေတာပေါ့ပိုဆိုးတာကဗိုက်ပူတာပါဝိတ်ချလိုက်တာပေါင်၁၀၀ဘဲရှိတော့တဲ့အထိပါခုတော့၁၂၂ပေါင်ပါဒါပေမဲ့

ဘယ်လောက်ဝလာဝလာဗိုက်မပူလာတော့ဘူးတကယ်ထိရောက်တဲ့နည်းလေးပါအစားရှောင်စရာမလိုပါဘူးသေချာပုံမှန်လေးလုပ်သွားရင် ဗိုက်ချပ်ပြီးခါးသေးစေပါတယ်

Gymဆော့ဖို့လည်းအချိန်မပေးနိုင်တဲ့သူတွေအစားလည်းမရှောင်နိုင်တဲ့သူတွေအဆီကျဆေးတွေမသောက်ချင်တဲ့သူတွေအတွက်လုပ်သင့်တဲ့နည်းလမ်းကောင်းတစ်ခုပါ။ကျန်းမာရေးနဲ့

လည်းညီညွတ်တဲ့နည်းပါမနက်အိပ်ရာထထချင်းမှာရေတစ်ဖန်ခွက်သောက်ပေးပါရေသန့်ဗူးကြီး1Literရဲ့တစ်ဝက် 0.5literဒါမှမဟုတ်သောက်နိုင်တဲ့သူက ၂ဖန်ခွက်

သောက်ပေးပါပြီးမှမျက်နှာသစ်အပေါ့ပါးသွားပါမနက်စာကိုရေသောက်ပြီး၁နာရီကြာမှစားပါ။မနက်စာစားပြီးပြီးချင်း ရေထပ်မသောက်ရ။နောက်၁နာရီကြာမှရေပြန်သောက်ရမည်နေ့

လည်စာထမင်းမစားခင်နာရီဝက်အလိုရေ၁ခွက်သောက်ရမယ်။ပြီးမှထမင်းစားထမင်းစားရင်လည်းဖြေးဖြေးနဲ့ကြေညက်အောင်ဝါးစားသင့်ပါတယ်စားနေစဉ်အတွင်းရေခဲ

ရေ/ကော်ဖီသောက်ခြင်းကိုလည်းရှောင်ပါ။ပိုပြီးအဆီတွေစုစေပါတယ်။ထမင်းစားပြီး၁နာရီကြာမှရေပြန်သောက်ရမည်ညစာမစားခင်နာရီဝက်အလိုရေသောက်ရမယ်ပြီးမှထမင်းစား

ထမင်စားချိန်နဲ့အိပ်ချိန်ကိုအနည်းဆုံး၂နာရီခွာရမယ်။အိပ်ရင်လည်းရေတစ်ခွက်သောက်ပြီးမှအိပ်ရမယ်ထိုင်တဲ့အခါမှာအမြဲခါးကိုမတ်မတ်ထိုင်ပါခွေခေါက်ထိုင်ချင်းကအဆီပိုတွေစုစေ

ပါတယ်ခါးမတ်မတ် ထိုင်ပါခါးမတ်ထိုင်ချင်းဖြင့်ခန္ဓာကိုယ်ပုံစံပါsmartကျစေပြီးသွားလာနေထိုင်မှု့ပုံစံမှာကျန်မာရေးနှင့်ညီညွတ်ပြီးပို၍ကြည့်ကောင်းလာစေပါသည်ထမင်းစားပြီးပြီး

ချင်းရေမသောက်ဖို့ပါထမင်းစားပြီးချင်းပိန်ချင်ဇောနဲ့လမ်းလျှောက်တာဟာလည်းသိပ်ကိုမှားယွင်းတဲ့အပြုမူပါအစာချေဖျက်အားကိုကမောက်ကမဖြစ်စေပါတယ်။လဲ

လှောင်းချင်းလည်းမပြုရပါ။အနည်းဆုံးထမင်းစားပြီး၂နာရီကြာမှအိပ်စက်အနားယူသင့်ပါတယ်နည်းလမ်းလေးတွေက သိပ်ကိုရိုးရှင်းပါတယ်။အဓိကကရေသောက်နည်းနဲ့ဗိုက်ချပ်

စေတာပါ။အစားမစားခင်နာရီဝက်အလိုရေသောက်ပေးရင်အစာကြေလွယ်စေပါတယ်တခြားအချိန်တွေမှာလည်းရေကိုပုံမှန်သောက်လို့ရပါတယ်အဓိကကမစားခင်နဲ့စားပြီးအချိန်

လေးပါ။ရေကိုလည်းရိုးရိုးရေဘဲသောက်သုံးသင့်ပါတယ်အစပိုင်းမှာလုပ်ရတာသတိထားနေရတော့ခက်ခဲတယ်ထင်ရပေမဲ့နောက်ပိုင်းပုံမှန်လေးလုပ်သွားပေးရင်အဆင်ပြေမှာပါ

အမေရိကန်ကျန်းမာရေးသုတေသီတွေကအစထမင်းစားပြီးရေသောက်တာဟာ ကျန်းမာရေးနဲ့မညီညွတ်ကြောင်းပြောထားပါတယ်ရေကိုလည်း နဲနဲနဲ့ခဏခဏသောက်ပေးဖို့လို

ပါတယ်ရေသောက်ပေးချင်းအားဖြင့်ခန္ဓာကိုယ်ထဲမှာမလိုလားအပ်တဲ့အရည်တွေနဲ့အဆိပ်တောက်တွေကိုဆီး၊ဝမ်း၊ချွေး၊သလိပ်အဖြစ်စွန့်ထုတ်ပေးပါတယ်အဆီပိုတွေကျစေပါ

တယ်ရေသောက်ခြင်းအကျိုးကျေးဇူးတွေကတော့အများကြီးပါ။အသေးစိတ်တော့ရေးမပြတော့ဘူးနော်ဒီနည်းလမ်းလေးကအဓိကဗိုက်ချပ်စေတာပါလူတစ်ယောက်က အရမ်းဝနေ

ရင်တောင်ဗိုက်ကလေးချပ်နေရင်ကိုအဝတ်စားဝတ်ရတာလည်းအဆင်ပြေကြည့်ရတာလည်းအရမ်းsmartဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ယုမွန်ရေးထားတဲ့

ထဲမှာရေကိုအမြဲသောက်ပါလိုမပြောထားပါဘူး၊သေချာသောက်ရမဲ့အချိန်လေးမှာစနစ်တကျသောက်ပေးဖို့ဘဲရေးထားတာပါ။ကျန်တဲ့အချိန်တွေမှာရေဆာရင်ဆာသလိုသောက်ပေးလို့ရပါတယ်ရှင်

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners