
စနေသားသမီးများဟာအချစ်ကြီးတယ်။ သံယောဇဉ်ကြီးတယ်။ ချစ်သူဖေါက်ပြန်ရင်တောင်ခွင့်လွတ်နိုင်တတ်တယ်။
အပြောကောင်းတယ်။သဘောကောင်းတယ်။သဝန်တိုတတ်တယ်။ သူများထက်ပိုပြီး သဝန်တိုတတ်တယ်။ ကိုယ်ကတော့မစဘူး။
ကိုယ့်ကိုစလာရင်ပါပါသွားတတ်ပါတယ်။ လက်သာရင်လိုက်တဲ့ကလေးလိုပဲ။ ပိုဂရုစိုက်တဲ့သူနောက်ပါပါသွားတတ်ကြတာစနေသားသမီးပါပဲ။
စနေနဲ့ ကြိုက်ရင်တော့ ပိုဂရုစိုက်နိုင်အောင်သာ ကြိုးစားပေတော့ ။ နောက်တစ်ခု က စနေသားသမီးက ကြာရင် ငြီးငွေ့သွားတတ်ကြတယ် ။စနေသားသမီး နဲ့ တစ်နှစ်ကျော် ၂ နှစ်လောက်
သမီးရည်းစားဖြစ်ပြီးရင် ယူချင်စိတ် လျော့သွားတတ်ကြတယ်။ အဲဒီတော့ စနေသားသမီး နဲ့ ကြိုက်ရင် တစ်နှစ်အတွင်း ယူဖို့သာလုပ် နို့မို့ဆို မယူဖြစ်ပဲ ဇတ်မြောဖြစ်သွားတတ်ပါ တယ်။
စနေသား သမီးများ သတိုးသား ဖြစ်စေ၊ သတိုးသမီး ဖြစ်စေ စိတ်စေတနာကောင်း၊ စိတ်ရင်းကောင်း၊ ပင်ကိုယ် ဗီဇာ ကောင်းတတ်သည်။စနေတွေက အရာရာကို စိတ်အေး လက်အေးဖြင့်
ဝေဖန် သုံးသပ်၍ စဉ်းစားဆင်ခြင် လုပ်ကိုင်တတ်သည်။ အမှားအမှန်ကို မိမိဖညသာ ဝေဖန်ဆုံးဖြတ် တတ်သည်။
စိတ်သဘောထား ပြည့်ဝကြတယ်။ စိတ်ထား ကောင်းကြတယ်။ စိတ်ဒုက္ခ ရောက်နေလျှင် မိမိဖာသာ ကြိတ်မှိတ် ခံစားရတတ်သည်။
သင်ဟာ စနေသားသမီးနဲ့ ချစ်သူဖြစ်နေပီ ဆိုရင် ဂုဏ်ယူလိုက်ပါတော့ သူတို့ကို လက်လွှတ် ဆုံးရှုံးမခံပါနဲ။ စနေသား သမီးတွေက သူ့ရဲ့ချစ်သူကို ပျော်ရွှင်အောင် ထားကြတယ်။
သူ့ချစ်သူကို စိတ်ညစ်စေမယ့် အပြုအမူမျိုးကို လုပ်လေ့ မရှိဘူး။ တကယ်လို့ သူ့ချစ်သူက အကြောင်း တစ်ခုခုကြောင့် စိတ်ညစ်နေရင်လည်း ပျော်ရွှင်လာအောင် လုပ်ပေးတတ်ကြတယ်။
ဒါကလည်း သူတို့ရဲ့ ဗီဇလို့ ပြောရမှာပေါ့။နည်းနည်းတော့ စိတ်ကြီးကြတယ်။ တဇွတ်ထိုး လုပ်တတ်သည်။ ချစ်ရင် နှစ်ယောက်မရှိ၊စိတ်မြန် ကိုယ်မြန်၊ မဟုတ်မခံ ၊
ပြတ်ပြတ်သားသား ပြောတတ်တာ စနေပါ။သူတို့ကို မဟုတ်တာ ပြောရင် မကြိုက်ကြဘူး။ အောက်ကျိုး မခံတတ်။ စတာပဲဖြစ်ဖြစ် အတည်ပြောတာပဲ ဖြစ်ဖြစ် မကြိုက်ကြဘူး။
ဒါမယ့် စိတ်တိုတဲ့ အချိန်ကလည်း နာရီဝက်တောင်မကြာဘူး။ အချစ်ကြီးကြတယ်။ လူတစ်ယောက်ကို ချစ်ပီဆိုရင်
သူ့ရဲ့ပစ္စုပ္ပန်ကို မကြည့်ဘူး ရူးရူးမူးမူး စွဲစွဲလန်းလန်း ချစ်တတ်ကြတယ်။ သူ့ချစ်သူရဲ့အတိတ်က မကောင်းဘူး ဆိုရင်တောင်
အနာဂတ်မှာ သူ့ချစ်သူကို သေချာတိုင်ပင်ပြီး ပြုပြင်ပေးတတ်ကြတယ်။ ရုပ်ရည်အားဖြင့် ရုပ်ဆိုးတဲ့သူ မရှိကြဘူး။ ရှိခဲ့ရင်လည်း နည်းတယ်။ရုပ်ရည် အသင့်အတင့် ရှိတဲ့သူကလည်း
သူ့ရဲ့ဖက်ရှင် နဲ့တင် ကြွေလောက်တယ်။ ရုပ်ချောပီ ဆိုရင်တော့ ဘယ်သူမှ လိုက်မမှီဘူး။ အရပ်အားဖြင့် အရမ်းလည်း မရှည်ဘူး။အရမ်းလည်း မပုကြဘူး။
အနေတော်လေးနဲ့ ချစ်စရာ အရမ်းကောင်းကြတယ်။ စကားပြောတဲ့ အချိန်တို့ ရယ်လိုက်တဲ့ အချိန်တွေကတော့ အလှပဆုံးနဲ့ ချစ်စရာ အကောင်းဆုံး အချိန်တွေပါပ။
စနေသားသမီးတွေက လူ့ဘဝကိုစရောက်ပီဆိုကတည်းက စိတ်ကြီးတတ်ကြပါတယ် ဒေါသဖြစ်ပီဆိုရင်လည်းအရာဝတ္ထုတခုခုနဲ့ ကိုယ့်အသားကိုနာကျင်အောင်လုပ်တတ်တယ်
ပြောချင်တဲ့စကားကို သွယ်ဝိုက်မပြောတတ်ဘဲတိုက်ရိုက်ပွင့်ပွင့်လင်းလင်းပြောတတ်တာ စနေပါအစွဲအလန်းကြီးတယ် အမှတ်တရတွေကိုသတိရနေတတ်တယ်
ကိုယ့်အပေါ်ကောင်းတဲ့လူဆိုရင် လွယ်လွယ်နဲ့မမေ့တတ်ကြဘူးဒေါသကြီးရင်လည်း သူများနဲ့မတူအောင်ပါပဲစိတ်ကြီးတယ်မဟုတ်မခံတတ်ဘူး အချိန်ခနလေးနဲ့ဒေါသအရမ်းထွက်တတ်ပေမဲ့
ဟုန်းခနဲထတောက်တဲ့မီးလိုပဲ ဒေါသတွေကခနပဲ ကြာကြာတော့စိတ်ထဲမထားတတ်ဘူးကိုယ့်ရှေ့မှာ သတ္တဝါတွေမြင်ရင် ချစ်တတ်တယ် သနားတတ်တဲ့စိတ်ထားရှိကြတယ်
မျက်နှာတည်ပီး ရင်ထဲမှာတော့ တကယ်ခင်တတ်တဲ့စိတ်ထားစနေမှာအပြည့်အဝရှိတယ် အနေအေးပေမဲ့ကိုယ့်ကိုလာခင်တဲ့လူတွေနဲ့ဆို ဖော်ရွေစွာနေတတ်တာစနေပါ
သူငယ်ချင်းတွေရဲ့ အချစ် ခင်မင်မှုတွေကိုလည်းလိုချင်ကြတယ် မိသားစုတွေရဲ့ ဂရုစိုက်မှုကိုလည်းခံချင်ကြတာလည်း စနေပါ စိတ်ဆိုးနေရင်မျိုသိပ်မထားတတ်ဘူး ဖွင့်ပြောမိတတ်တယ်
ပြောပီးရင်လည်း အကြောင်းတခုကို အပြန်ပြန်အလှန်လှန်စဉ်းစားတတ်ပီး စိတ်မကောင်းဖြစ်နေတတ်တာလည်းစနေပါဘဲချစ်သူနဲ့ဖြစ်ဖြစ် သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ်ရန်ဖြစ်ပီးမခေါ်ကြရင်
ကိုယ်ကဘယ်တော့မှအရင်စမခေါ်ချင်ကြဘူး မာနအိုးတွေပါ သူ့ဘက်ကစခေါ်ပီဆိုရင်လည်း သူ့ထက်2ဆခင်မင်ပြတတ်တာစနေ ခင်ရတဲ့သူတွေကို ကိစ္စတွေတိုင်း မပြောပြတတ်ဘူး
အချို့သောအရာတွေကို လျှို့ဝှက်ထားတတ်တယ် ကိုယ်လုပ်တဲ့ကိစ္စတွေတိုင်းကို လက်ကြောတင်းအောင် အကောင်းဆုံး လုပ်ကြပါတယ် ကိုယ်လုပ်ထားတဲ့အရာတွေကို
အကောင်းပြောတာဘဲ ခံချင်ကြတာလည်းစနေပဲ သီချင်းတွေ ဒဏ္ဍရီစိတ်ကူးယဉ်ဆန်ဆန်တွေကိုနှစ်သက်ကြတယ် တခါတလေ တယောက်ထဲရှိရင်သီချင်းတွေညည်းနေတတ်တယ်
အိမ်မက်တွေကိုလည်း အမျိုးမျိုးအထအနကောက်တတ်ကြတယ် အမျှော်အမြင်ကြီးတယ် တိုးတက်ချင်တဲ့စိတ်တွေအင်မတန်ရှိတယ် စိတ်သဘောထားကောင်းတတ်ကြတာ စနေပါ
အချစ်ရေးမှာတော့ ကိုယ့်ချစ်သူရဲ့မြတ်နိုးမှု အချစ်တွေကိုခံရပေမဲ့ ခေတ္တယာယီတော့ ဝေးနေတတ်ကြတယ် …!
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners