တကယ်လို့ သင်ဟာ အနံ့ ပျောက်ပြီဆိုရင် ဒီအချက်တွေကို သိထားဖို့ လိုပါတယ်

တကယ်လို့ သင်ဟာ အနံ့ ပျောက်ပြီဆိုရင် ဒီအချက်တွေကို သိထားဖို့ လိုပါတယ်

သတိပြုကြပါ အနံ့ပျောက် လူနာများသို့ ဒီရက်ပိုင်းမှာ အနံ့ ရုတ်တရက်ပျောက် လူနာတွေ များလာပါတယ် ။

ကိုဗစ် ဘယ်လောက်ဆက်ပြီး ပျံ့မလဲဆိုတာကအနံ့ပျောက် လူနာတွေ အနေနဲ့ အခြားသူဆီ မကူးအောင် ဘယ်လောက် နေနိုင်လဲ အပေါ်မှာ မူတည်ပါတယ် ။

တကယ်လို့ သင်ဟာ အနံ့ ပျောက်ပြီဆိုရင် အောက်က အချက်တွေကို နားလည်ဖို့ လိုပါတယ် ။

၁။ ဖျားတာ ချောင်းဆိုးတာ မရှိရင် အနံ့ပျောက် လူနာအများစုဟာ ကိုဗစ် ရောဂါ နောက်ဆက်တွဲဆိုးရွားတဲ့ ပြဿနာတွေ ပေါ်လေ့ မရှိပါ။

အနံ့ တခုထဲ ပျောက်တာဟာ ဆေးပညာအရ good prognosis လို့တောင် ပြောကြပါတယ်။ ဆိုလိုတာက ကိုယ်ကိုယ်တိုင်အတွက် စိုးရိမ်စရာ သိပ်မရှိပါ ။

၂။ အနံ့ ပြန်ရဖို့ ထွေထွေထူးထူး ဆေးမလိုပါ။ သူ့ဘာသာ တစ်ပတ်လောက်အတွင်း အနံ့ ပြန်ရပါတယ် ။

၃။ အနံ့ပျောက် လူနာများဟာအနံ့ မပျောက်ခင် ၂ ရက်က စပြီး ၂ ပတ်အတွင်း အခြား လူများကို ကူးနိုင်ပါတယ်။

အနံ့ ပြန်ရရင်လည်း ၂ ပတ်ထိ အခြားသူကို ကူးနိုင်လို့ သီးသန့်ခွဲနေဖို့ အရေးကြီးပါတယ်။

၄။ အနံ့ပျောက် လူနာများဟာ အနံ့ ပြန်ရရင်မကူးနိုင်တော့ဘူးလို့ ယူဆနေကြပါတယ်။ဒါဟာ အယူအဆ အမှားပါ။( ၂ ) ပတ်အထိ ကူးနိုင်ပါသည် ။

၅။ အနံ့ပျောက်ပြီဆိုတာနဲ့ အိမ်က လူတွေနဲ့ ခွဲနေပါ။ နီးစပ်ရာ Fever Clinic ( သို့ )ဆေးရုံကို အကြောင်းကြားပြီးကုသ အကြံပေးမှုကို ခံယူပါ။

လိုအပ်ရင် Fever Clinic များမှ အနံ့ပျောက် စင်တာများသို့ ပို့ပေးပါလိမ့်မယ်။

၆။ သတိ ပေးချင်တာကတော့အနံ့ မရတာတခုပဲ ရှိတဲ့ လူနာတွေဟာ သူတို့ကို ကုဖို့ ဆိုတာထက် အခြားလူကို မကူးအောင် နေကြဖို့ ပို အရေးကြီးတယ် ဆိုတာကို သတိပေးချင်တာပါ ။

ဒါကြောင့် အနံ့ပျောက်လူနာများ သတိကြီးကြီးထားပြီး သီးသန့် နေကြမယ်ဆိုရင် ကိုဗစ် ဆက်လက် ကူးစက်မှုကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။


မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners