ဇနီးကို အိမ်အလုပ်ကြိုးစားအောင်လို့ အဝတ်အညစ်များတွင် ပိုက်ဆံတွေထည့်ထားပေးတဲ့ အမျိုးသား

အရှေ့တောင်အာရှဒေသရှိ နိုင်ငံတိုင်းလိုလိုတွင် ခင်ပွန်းဖြစ်သူဟာ မိသားစုဝင်ငွေများကို ရှာဖွေပြီး

ဇနီးဖြစ်သူက နေအိမ်တွင်နေထိုင်ကာ အိမ်မှုကိစ္စတာဝန်များကို ဆောင်ရွက်ပေးတတ်ကြပါတယ်။

အိမ်မှုကိစ္စများသည် နေအိမ်တွင်လုပ်ကိုင်ရသည်ဆိုသော်လည်း ပင်ပန်းစွာလုပ်ကိုင်ရခြင်းဖြစ်သောကြောင့်

တစ်ခါတစ်လေတွင် ပျင်းရိခြင်းမျိုးဖြစ်ပေါ်လာတတ်တာဖြစ်ပါတယ်။

ယခုတွင် Marvien Cascato ဆိုသည့်အမျိုးသားဟာ သူ၏ဇနီးမှ အဝတ်လျှော်ခြင်း အိမ်အလုပ်လုပ်ခြင်းများကို

ပိုမိုစိတ်ဝင်စားစေရန် အသုံးပြုသည့် လျှို့ဝှက်ချက်ကို ပြောပြသောအခါ လူအများက သဘောကျနေခဲ့ပါတယ်။

အမျိုးသားဟာ သူ၏ အဝတ်အစားများကို ညစ်ပေသွားပြီဆိုလျှင် အိတ်ကပ်ထဲတွင် ပိုက်ဆံမေ့ခဲ့သည့်ပုံစံဖြင့် ထားခဲ့တတ်တာဖြစ်ပါတယ်။

ထိုအခါဇနီးသည်ဟာလည်း ပိုက်ဆံလေးတွေကို ရှာဖွေပြီး အလုပ်များကိုလည်း ပျော်ရွင်စွာဖြင့် စေတနာထားလုပ်ကိုင်ပေးလိမ့်နယ်လို့ သိရပါတယ်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners