
အိမ်ရှင်မများအထူးသတိထားသင့်တဲ့အန္တာရာယ်ရှိသောကျောက်ငရုပ်ဆုံ(ကျောက်ကျည်ပွေ့)အကြောင်း
မြို့မြို့တောတော အိမ်တိုင်း၏ မီးဖိုချောင်တွင်မရှိ၍မဖြစ်သော ငရုတ်ဆုံများမှာ ရှိနေတတ် ကြလေသည်
ငရုတ်သီး အထောင်းများ၍လည်း ငရုတ်ဆုံဟုတွင်ကျယ်စွာခေါ်ဝေါ် ကြခြင်းဖြစ်သည်
ခရမ်းချည်သီးခရမ်ခရမ်းသီး တို့ကိုလည်းငရုတ်ဆုံတွင်ထည့်ထောင်း၍
ငရုတ်သီးနှင့်ရောဖျော်၍ စားသုံး ကြပါသည်ဆူးပုတ်ရွက်ထောင်း ဟူ၍လည်း စားသုံးကြပါသည်
ကျောက်ငရုတ်ဆုံ ကျောက်ကျည်ပွေ့ သံကျည်ပွေ့ တို့သည်အန္တရာယ်များကြောင်းကို သိသူရှားပါးမည် ဟုထင်ပါသည်
မည်သည့် ဟင်းလျှာ အစားစား ကိုဖြစ်စေ ကျောက်ငရုတ်ဆုံထဲတွင် ကျောက်ကျည်ပွေ့
သံကျည်ပွေ့များဖြင့် ထည့်၍မထောင်းရပေ ကျမ်းမာရေးအတွက် အလွန်အန္တရာယ်များလေသည်
ကျောက်ငရုတ်ဆုံကို ကျောက်ကျည်ပွေ့သံကျည်ပွေ့များဖြင့်ထောင်းသည်ဖြစ်၍
အထောင်းခံရသော ကျောက်ငရုတ်ဆုံမှကျောက်မှုန့်များ ထွက်လာပါသည်
ထိုကျောက်မှုန်များသည် ဟင်လျှာ အသီးအရွက် ေ ထာင်းများနှင့်ရောသမသွားကာစားသုံးသူများ၏ဝမ်းဗိုက် အတွင်းဆီသို့ရောက်သွားပါတော့သည်
*အစာအိမ်ရောဂါ အသေအခြာခံရမည်မှာမလွဲတော့ပေ*တဦးတယောက်တွင်
သာမက မိသားစုအားလုံးပါ အစာအိမ်ဝေဒနာခံကို စားရမည်ဖြစ်ပါသည်
အမှန် တကယ်လည်း ကျောက်ငရုတ်ဆုံ ကျောက်ကျည့်ပွေ့သံကျည်ပွေ့သုံးစွဲသူများ အစာအိမ်ဝေဒနာကုသခဲ့ရပါသည်
နောက်ပိုင်း ကျောက်ငရုတ်ဆုံ ကျောက်ကျည်ပွေ့သံကျည်ပွေ့များကို ရှောင်ရှားသွားရပါတော့သည်
တချို့မိသားစု များက စဥ့်ထည်နှင့် ပြုလုပ်ထားသော ငရုတ်ဆုံများဖြင့်ထည့်ထောင်းကြ၍
အန္တရာယ်မကြုံရပေစဥ့်ငရုတ်ဆုံမှာ သစ်သား ဝါးသားကျည်ပွေ့ များဖြင့်ထောင်းကြ၍ ဘာအန္တရာယ်မှ မကြုံရခြင်းဖြစ်၏
ထို့ကြောင့် မီးဖိုချောင် မှာ ဟင်းမျိုးစုံ အသီးအရွက် အမျိုးစုံများမကျန်ထောင်း မည်ဆိုက
ကျောက်ငရုတ်ဆုံကျောက်ကျည်ပွေ့သံကျည်ပွေ့များအား ရှောင်ရှား၍စဥ့်ငရုတ်ဆုံများ သစ်သားကျည်ပွေ့များ
ဝါးကျည်ပွေ့များကိုသာ အသုံးပြုကြပါရန် စေတနာကောင်းဖြင့် ရေးသား တင်ပြလိုက်ရပါသည်။ ။
ကန့်ဘလူကံတင်အောင်(ပထဝီဝင်)[ကြေးမုံနေ့စဉ် သတင်းစာ ဆောင်းပါးမှ]
မည်သူ့ကိုမျှရည်ညွန်းခြင်းမဟုတ်ပါ