လူသိအလွန်နည်းနေသေးတဲ့ မြန်မာ့ရိုးရာ ရွှေဝင် ငွေဝင်နိမိတ်များအကြောင်း

လူသိအလွန်နည်းနေသေးတဲ့ မြန်မာ့ရိုးရာ ရွှေဝင်/ငွေဝင်နိမိတ်များအကြောင်းကိုစာဖတ်ပရိသတ်များသိရှိစေရန် ဖော်ပြပေးလိုက်ပါတယ်။ (၁)အိမ်ထဲဖားခုန်ဝင် တွေ့ရှိခဲ့မူ ငွေရအံ့။

၂။ အိမ်ထဲပိတုန်းဝင်မူ တွေရှိခဲ့ပါကဧည့်သည်လာအံ့။ (၃) အိမ်ထဲ ဓါးခုတ်ကောင်ဝင်မူ တွေ့ရှိခဲ့ပါက ပေးကမ်းမည့်ဧည့်သည်လာအံ့။ (၄)အလံတင်ရမူရည်မှန်းချက် အောင်မြင်အံ့။

၅။ တင်လိုက်သည့်အလံ ပြန်လျှောကျမူဘေး တွေ့အံ့။ (၆) ခွေးလက်ဆောင်ရမူ၊အိမ်တွင် ခွေးလာနေမူမိတ်ဆွေကောင်းရအံ့။ခွေးမဲလာမူဥစ္စာပေးမည့် မိတ်ဆွေ ရအံ့။ ခွေးဝါလာမူ ပျော်ရွှင်စေမည့်မိတ်ဆွေရအံ့။

၇။ ဖြူလာနေမူချစ်ခင်ဖွယ်မိတ်ဆွေရအံ့ခရီးသွားစဉ်နွားနှင့်တိုးမူအလုပ်ကိစ္စအဆင်ပြေအံ့။ (၈)အင်္ကျီပြောင်းပြန်ဝတ်မိမူမထင်မှတ်ပဲငွေအမြောက်အမြားရအံ့။ (၉)အိမ်တွင်ကြောင်မဲလာနေမူမိတ်ဆွေကသစ္စာဖောက်အံ့။

၁၀။ ကကြောင်ဖြူလာနေမူအသက်ဘေး ကြုံအံ့။ (၁၁) ကြောင်ဝါလာနေမူကံဆိုးပြီးမှကံကောင်းလာအံ့။ (၁၂) အိမ်ထဲလိပ်ပြာဝင်မူသတင်းထူးသတင်းကောင်း ကြားအံ့။ မောင်းထုတ်မိလျှင်နိမိတ်ပျယ်အံ့။

သတ်လျှင်ကံဆိုးအံ့။(၁၃)နားယားမူတစ်စုံတစ်ယောက်သင့်အကြောင်း ပြောနေအံ့။(၁၄)ဘယ်ဖက်နားယားမူ အကောင်းပြောအံ့။ (၁၅) ညာဖက်နားယားမူ အဆိုးပြောအံ့။မည်သူပြောနေကြောင်း

မှန်အောင်မှန်းနိုင်လျှင်အယားပျောက်သည်)။(၁၆)မည်သည့်နေရာ မြွေတွေ့တွေ့ကံကောင်းအံ့။သတ်မိလျှင်ထိုနိမိတ်ပျယ်အံ့။ (ရှေ့မှကန့်လန့်ဖြတ်သွားမူသင်လတ်တလောလုပ်မည့်ကိစ္စအမှားဖြစ်အံ့။ ကြန့်ကြာအံ။)

၁၇။ဘပင့်ကူအိမ်တွင်သင့်နာမည်တစ်လုံးလုံးပေါ်နေမူအလုပ်အကိုင်အဆင်ပြေအံ့။(၁၈)အိမ်ထဲငှက်ဝင်လာမူ ငွေဝင်အံ့။ (၁၉)အိမ်ထဲဌက်သိုက်လာဆွဲမူ ချမ်းသာအံ့။ (၂၀)ကလေးမွေးသည့်နေ့

သက်တံ့ထွက်မူထိုကလေး အောင်မြင်သူ ဖြစ်အံ့။(၂၁)မင်္ဂလာဆောင်သည့်နေ့သက်တံ့ထွက်မူထိုအိမ်ထောင်သာယာအံ့။ (သက်တံ့နှစ်ထပ်ထွက်လျှင် အလွန့်အလွန်ကံကောင်းအံ့)

၂၂။ ဘယ်လက်ယားမူ ငွေဝင်အံ့။(၂၃)ညာလက်ယားမငွထွက်အံ့။ (၂၄)လပြည့်နေ့မှာ ငွေဝင်မူ ဥစ္စာတိုးအံ့။(၂၅)ထမင်းစားစဉ်တစ်စုံတယောက်က ငွေလာပေးမူ ငွေအမြောက်အမြားထပ်ဝင်အံ့။


မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners