ငါးမွေးကန်က အောက်ဆီဂျင်ပေးပန့်နဲ့ “လူကိုအောက်ဆီဂျင်ပေးလို့ရမလား” လို့ မေးတဲ့သူ အတွက်

မဂ်လာပါပရိတ်သတ်ကြီးရေ

ငါးမွေးကန်က အောက်ဆီဂျင်ပေးပန့်နဲ့ “လူကိုအောက်ဆီဂျင်ပေးလို့ရမလား” လို့ မေးတဲ့သူ အတွက် အချက်လက်ကျကျ ရှင်းပြထားပုံတလောက နှာခေါင်းနှစ်ပေါက်မှာငါးကန်ပိုက်တပ်ပြီး အသက်ရှုပြတဲ့အိန္ဒိယကြီးတစ်ယောက် ကိုမြင်ပြီးမေးပုံရပါတယ်။

သူကတစ်မိ

နစ်နှစ်မိနစ်လောက်လုပ်ပြတာကိုအဟုတ်ကြီးမှတ်နေပုံရပါတယ်။ဒါမျိုးကမော်စီတုံးခေတ်မှာဆိုရင် စလွယ်နီနဲ့ဂုဏ်ပြုခံရမယ့်အမျိုးပါ။လွဲနေတဲ့အချက်က ငါးကန်ပန့်ကလေပန့်ပါ။

 

ဘာအောက်ဆီဂျင်မှသပ်သပ်စစ်ထုတ်မပေးပါဘူး။ငါးကန်ပန့်ထဲမှာကွိုင်တစ်ခုနဲ့သံလိုက်နှစ်တုံးပါပါတယ်။ ရိုးရှင်းတဲ့

electromagnetic သဘောတရားနဲ့ လေကိုရာဘာခံပြီးဖိသွင်းတာပါ။ ACလျှပ်စစ်ဓာတ်ပေးပြီး သံတုံးလေး ၂ တုံးကိုပူးလိုက်ခွာလိုက်လုပ်ခြင်းဖြင့်လေကိုဖိသွင်းပေးလိုက်တဲ့သဘောပါ။ဖိအားနဲ့ထွက်လာတဲ့လေတွေဟာ ပူစီဖောင်းလေးတွေအဖြစ်ငါးက

န်ထဲကရေကိုဖြတ်သန်းပြီး ရေမျက်နှာပြင်ပေါ်တက်သွားပါတယ်ရေမျက်နှာပြင်ကိုရောက်တာနဲ့လေဖူးဖောင်းကွဲသွားပါတယ်။ အဲ့ဒီအချိန်မှာရေထဲကိုအောက်ဆီဂျင်ပျော်ဝင်မှုဖြစ်ပေါ်စေပါတယ်။ဒါပါပဲ။ဒါကြောင့် အဲ့လိုငါးကန်ပန့်ကပိုက်ကို နှာခေါင်းတပ်တာဟာ စ

က်ဘီလေထိုးပြွန်ကိုနှာခေါင်းမှာတပ်သလိုပါပဲ။ပရက်ရှာဖိအားတစ်ခုနဲ့ပြင်ပလေကို အဆုတ်ထဲဖိသွင်းတဲ့သဘောပါပဲ။ ပရက်ရှာအထိန်းအကွပ်မရှိရင် အဆုတ်ကိုထိခိုက်တတ်ပါတယ်။ဒါဆိုရင် Oxygen concentrator မဟုတ်ဘူးပေါ့လေထဲကနိုင်ထရိဂျင်မှမဖယ်ပေးတာ ဘယ်လိုလုပ်အောက်ဆီဂျင်

စုပေးမှာလဲ။ Filterမခံထားလို့ ဖုန်မှုန့်တွေတောင်စုပ်ယူလာပါသေးတယ်။ဒါဆိုရင် CPAP တို့ ventilator တို့သဘောမဟုတ်ဘူးလား အဲ့ဒါတွေလုပ်ရင် ISO 5359:2014standard ကိုလိုက်နာရပါတယ်။ Anaesthetic andrespiratory equipmentအတွက်လိုက်နာရမည့် လို

အပ်ချက်များပါ။နဂိုကတည်းကထိခိုက်နေတဲ့ အဆုတ်နဲ့လေပြွန်ကို မပျက်ဆီးစေဖို့ဖြစ်ပါတယ်။မထွင်ရဘူးလားမေးရင် ထွင်လို့ရပါတယ်။ ISO 5359:2014 standard နဲ့လူရဲ့အသက်ရှုတဲ့ respiratory system ကိုသေချာအောင်အသေအချာ

နားလည်ပြီးမှ ထွင်ပါ။ မာလာဝီကကလေးတွေအတွက် အဲ့လိုပန့်နဲ့အသက်ရှုစက်ထွင်ပေးတာရှိပါတယ်။ ဒါပေမယ့်လက်လွတ်စပယ်လုပ်တာမဟုတ်ပါ။ အမေရိကန်နိုင်ငံ Houston ရှိ RiceUniversity မှ စီနီယာဒီဇိုင်းကျောင်းသားတွေလုပ်ခဲ့တာပါ။

ထိန်းချုပ်တဲ့စနစ်တပ်ရပါတယ်။ ventilator လည်းကလေးေတွထွင်ကြတယ်ဘာညာနဲ့နောက်တော့လည်းအသက်အန္တရာယ်မကင်းတာမို့ သတင်းပျောက်သွားပုံရပါတယ်။ ဒီလောက်လွယ်မှဖြင့်စီးပွားရေးသမားတွေလုပ်တာကြာပါပြီ။

စီးပွားရေးကုမ္ပဏီတွေဟာတစ်ယောက်နဲ့တစ်ယောက်စားရိတ်လျော့ချပြီးရောင်းနိုင်ဖို့ အပြိုင်အဆိုင်လုပ်နေကြတာပါ။လုပ်မရလို့မလုပ်တာပါ။ medicalventilatorလုပ်တယ်ဆိုတာ လက်လွတ်စပယ်လုပ်လို့မရပါ။အဲ့ဒီတော့

သေချာဂနမသိပဲရှယ်တာ မျိုးမလုပ်ပါနဲ့။လိုက်လုပ်တဲ့သူမှာအသက်အန္တရာယ်ရှိနိုင်ပါတယ်လို့ပညာရှင်တစ်ဦးက ရှင်းပြထားပါတယ်။အခုလိုဝင်ရောက်ဖတ်ရှု့ပေးကြတဲ့ပရိတ်သတ်တစ် ယောက် ခြင်းစီတိုင်း ကျန်းမာ

ပျော်ရွှင် သော နေ့ရက်များပိုင်ဆိုင်နိုင်ကြပါ စေလို့ဆုတောင်းပေးလိုက်ပါတယ်။


မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owner