မိန်းကလေး ဘဝကို ပြောင်းလဲလိုက်ပြီး မိဘနှစ်ပါးကို အိမ်ဆောက်ပေးလိုက်နိုင်တဲ့ ၁၂နှစ်အရွယ် ကောင်လေး

ကိုယ်ဖြစ်ချင်တဲ့အရာကို သေချာသိပြီး ရဲရဲဝံ့ဝံ့နဲ့ လုပ်ကိုင်နိုင်ခြင်းဟာ အောင်မြင်မှုရဲ့ လမ်းစလို့ဆိုရမှာပါပဲ။

ဒီလိုမျိုး ဆုံးဖြတ်ချက်ကို ရဲရဲဝံ့ဝံ့ချပြီး ပန်းတိုင်ခရီးလမ်းကိုလျှောက်လှမ်းခဲ့တဲ့ ထိုင်းနိုင်ငံက ဆယ်ကျော်သက်လေးတစ်ဦးကတော့ အခုအချိန်မှာ ဖျော်ဖြေရေးလောကမှာ လူသိများတဲ့ အိုင်ဒေါတစ်ယောက်ဖြစ်လာခဲ့ရုံသာမက သူ့လုပ်အားနဲ့ မိဘကိုပါ အိမ်ဆောက်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

သူကတော့ Nesty Sprite လို့အမည်ရတဲ့ ထိုင်းနိုင်ငံဖျော်ဖြေရေးလောကရဲ့ Net Idol တစ်ယောက်ပဲဖြစ်ပါတယ်။

သူဟာ၁၂နှစ်အရွယ်သာရှိသေးပေမယ့် ထက်မြတ်တဲ့မိန်းကလေးဖြစ်တယ်လို့ လူသိများနေရုံသာမက အခုအချိန်မှာဆိုရင် မိသားစုအတွက် သူ့ရဲ့ အနုပညာကြေးတွေနဲ့ အိမ်တောင်ဆောက်ပေးနိုင်ပြီဖြစ်ပါတယ်။

သူ့နာမည်အရင်းကတော့ Nipitpong Rakton
ဖြစ်ပြီး Satri Phang Nga ကျောင်းမှာ အလယ်တန်းအဆင့်ပညာသင်ကြားနေသူဖြစ်ပါတယ်။

သူ့ရဲ့ဝါသနာနဲ့စိတ်ပါရာကို ရှာဖွေတွေ့ရှိပြီးနောက်မှာတော့ ယောက်ျားလေးတစ်ယောက်ဘဝကနေ မိန်းကလေးဖြစ်ဖို့ လေ့လာခဲ့ရုံသာမက ဘဝတိုးတက်ဖို့အတွက် အင်္ဂလိပ်စာကိုလည်း အဓိကထားကာ လေ့လာသင်ယူခဲ့ပါတယ်။

.

.

Nasty Sprits ဟာမောင်နှမ ၅ယောက်အနက် အငယ်ဆုံးလေးဖြစ်ပေမယ့် စားဝတ်နေရေးအတွက် ထန်းနဲ့ရာဘာစိုက်ပျိုးရေးကိုလုပ်ကိုင်ရတဲ့မိဘ၂ပါးကို အိမ်တစ်လုံးဆောက်ပေးနိုင်တဲ့အထိ အစွမ်းအစရှိနေပြီဖြစ်ပါတယ်။

.

ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ လေ့လာမှုကို တစိုက်မတ်မတ်လုပ်ကိုင်ရင်း လူသိများတဲ့ Idol တစ်ယောက်အဖြစ် ဘဝကိုရုန်းကန်နေတဲ့ ဆယ်ကျော်သက်လေးတစ်ယောက်ရဲ့ စိတ်ဓာတ်ကတော့ တကယ့်ကိုလေးစားစရာပါပဲ။

သူဟာ မျိုးဆက်သစ်များအတွက်လည်း လေ့လာမှုကအရေးကြီးကြောင်းနဲ့ အသိပညာဗဟုသုအတွက် လေ့လာသင်ယူနေသင့်ကြောင်း လမ်းညွှန်ပေးနေသူလည်းဖြစ်ပါတယ်။

Shwe Yaung Myanmar ( Writer – Lwin Lwin Aung )