၅ နှစ်အရွယ်ကတည်းက ကွဲကွာသွားတဲ့ အဖေကို လမ်းဘေးမှာ ပြန်တွေ့လိုက်တဲ့ သမီးဖြစ်သူ

အမေရိကန်နိုင်ငံမှ ဓာတ်ပုံရိုက်ကူးခြင်းကိုဝါသနာပါတဲ့ အသက်၃၀အရွယ် မိန်းကလေးတစ်ဦးဟာ ဝါသနာအရဓာတ်ပုံလိုက်ရိုက်ရာကနေ ကွဲကွာနေတာကြာပြီဖြစ်တဲ့ ဖခင်နဲ့ပြန်ဆုံခဲ့ရပါတယ်။

သူမနဲ့ဖခင်တို့ဟာ အနှစ်၂၀ကျော်မှပြန်လည်ဆုံတွေ့ခဲ့ရတာဖြစ်ပြီး သူမအသက်၅နှစ်အရွယ်မှာ ဖခင်ဟာ မိခင်နဲ့စကားများရာမှ ကွာရှင်းခဲ့ကြပြီး အိမ်ကထွက်သွားခဲ့တာဖြစ်ပါတယ်။

Kim လို့အမည်ရတဲ့ ထိုအမျိုးသမီးလေးဟာ မိဘ၂ပါးရဲ့အိမ်ထောင်ရေးပြိုကွဲမှုကြောင့်ဘဝခရီးလမ်းမှာ အခက်အခက်တို့ကြုံတွေ့ခဲ့ရပေမယ့် သူမရဲ့ဝါသနာဖြစ်တဲ့ ဓာတ်ပုံဆရာတစ်ယောက်ဖြစ်လာဖို့ကို လက်မလျှော့ဘဲ ကြိုးစားခဲ့သူလည်းဖြစ်ပါတယ်။

သူမဟာ လက်ရှိအချိန်မှာဓာတ်ပုံဆရာတစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းပြုနေသူဖြစ်ပြီး ဝါသနာအလျောက် အိမ်ခြေရာမဲ့များကို ဓာတ်ပုံရိုက်ကူးရာကနေ အိမ်ခြေရာမဲ့ဖြစ်နေတဲ့ ဖခင်နဲ့မထင်မှတ်ဘဲ တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။

Kim ဟာ သူတို့သားအမိကိုထားခဲ့တဲ့ဖခင်ကို လမ်းပြတ်တစ်ခုမှာ စုတ်စုတ်ပြတ်ပြတ်နဲ့ပြန်တွေ့ခဲ့ရပေမယ့် မသိသလိုနဲ့ မထားခဲ့ဘဲ ဝမ်းသာအားရနဲ့ အိမ်ပြန်ခေါ်သွားခဲ့တယ်လို့ သိရပါတယ်။

Shwe Yaung Myanmar ( Writer – Lwin Lwin Aung )

.

.

.

.