စုတ်ပြတ်ပြတ် တဲအိမ်ကလေးမှာ ဖွင့်ထားတဲ့ ရွှေဆိုင် အကြောင်း

ကျောက်မျက်ရတနာနဲ့ ရွှေငွေ စတဲ့ အဖိုးတန်ပစ္စည်းတွေဟာ လူအများတပ်မက်ရတဲ့ ရတနာပစ္စည်းတွေဖြစ်တာကြောင့် ရွေဆိုင်ဆိုလိုက်တာနဲ့ ထည်ဝါတဲ့ဆိုင်ကြီးတွေကိုပဲ ပြေးမြင်မိကြမှာပါ။

အခုဓာတ်ပုံလေးထဲမှာ တွေ့ရတဲ့ သံချေးပေါက်သွပ်မိုးတွေနဲ့ ဆိုင်စုတ်လေးကိုတော့ ဘယ်သူကမှ ရွှေငွေရတနာဆိုင်လို့ ယောင်မှားပြီး ထင်မိကြမှာမဟုတ်ပါဘူး။

ဒါပေမဲ့ အနေစုတ်ပေမယ့် ရွှေထုတ်တဲ့မြပုဝါလို့ ဆိုရမှာပါပဲ။ ဒီဆိုင်လေးမှာ လုံလောက်တဲ့အကာကွယ်နဲ့ ထည်ဝါခြင်းတို့မရှိပေမယ့် ဒါဟာ ဗီယက်နမ်နိုင်ငံ Ben Tre ဆိုတဲ့ ပြည်နယ်လေးက ရွှေဆိုင်လေးဖြစ်တယ်လို့သိရပါတယ်။

ဒီနယ်မြေတစ်ဝိုက်ဟာ ဘယ်လောက်တောင် ငြိမ်းချမ်းလိုက်လဲဆိုရင် လုံခြုံရေးအစောင့်နဲ့ သော့အထပ်ထပ်မခတ်ထားပေမယ့် ဒီရွှေဆိုင်လေးမှာ မည်သည့်လုယက်မှုမျှမပေါ်ပေါက်ဘဲ ရွှေထည်ပစ္စည်းများရောင်းချလျက်ရှိတယ်လို့သိရပါတယ်။

Shwe Yaung Myanmar ( Writer – Lwin Lwin Aung )

.