တကယ် ချမ်းသာချင်ရင် မဖြစ် မ နေ လုပ်ရမယ့် အရာ(၅) ခု

လူတိုင်းက တော့ ချမ်းသာချင်ကြပါလိမ့်မယ်။ ဒါပေမယ့် ချမ်းသာတဲ့သူကတော့ လူနည်းစုသာ ရှိပါတယ်။ လူတိုင်း မဆင်းရဲချင်ကြပါဘူး။ ဒါပေမယ့် ဆင်းရဲတဲ့သူတွေက သန်းနဲ့ချီရှိနေကြပါတယ်။ ဒါ့ဖြင့် လူတိုင်းနီးပါး ဘာလို့ဆင်းရဲနေတာလဲ၊ ဒါမှမဟုတ် လူတိုင်းနီးပါး ဘာလို့ မချမ်းသာတာလဲ … ?။

အောက်မှာ ဖော်ပြမယ့်အချက်တွေကတော့ ချမ်းသာလိုသူတွေ မဖြစ် မ နေ လုပ်ရမယ့် အရာ(၅)ခုဖြစ်ပါတယ်။ ချမ်းသာချင်တဲ့သူတွေအတွက် ပြန်လည်မျှဝေလိုက်ပါဦးနော်။

(၁) မပျင်းနဲ့

ချမ်းသာချင်ရင် မပျင်းပါနဲ့။ ပျင်းတဲ့သူတွေဟာ မချမ်းသာကြပါဘူး။ ဒါဆို တစ်ချို့သူဌေးကြီးတွေ ဘာမှအလုပ် လုပ်စရာမလိုဘူး သူတို့တစ်တွေရဲ့ အလုပ်ချိန်ဟာ အလွန်နည်းပါတယ်။ ပျင်းနေတယ်ဆိုရင် ဘာမှမလုပ်ပဲနဲ့ ထိုင်စားနေလို့ရတယ်။ သူတို့ကတော့ ဘာလို့ ပျင်းရတာလဲဆိုတော့ … သူတို့မှာ ပစ္စည်းဥစ္စာလုံလောက်ပြီးသားဖြစ်လို့ ပျင်းချင်တဲ့အချိန် ပျင်းလို့ရပါတယ် ။

သူတို့ဟာ လုပ်ငန်း အသီးသီးမှာ ကိုယ်ခွဲတွေ ထားရှိနိုင်လို့ ဒီနေ့ ပျင်းလို့အားမရရင် နောက်ထပ် တစ်လလောက် ပျင်းချင် ပျင်းနေလို့ ရပါသေးတယ်။

ဒီလို ပျင်းလို့ ရ အောင် သူတို့တစ်တွေဟာ ဒီ မတိုင်ခင်က ဘယ်လောက်အလုပ်လုပ်ခဲ့ရသလဲဆိုတာ သင် သိနိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ ချမ်းသာ ချင်ရင် မပျင်းပါနဲ့။ အလုပ် လုပ်ပါ။ အလုပ်မလုပ်ပဲ ချမ်းသာလာသူဆိုတာ ဘယ်နိုင်ငံမှာမှ မရှိသေးပါဘူး။

(၂) ငွေစုပါ

ချမ်းသာချင်ရင် ပါးစပ်က, စိတ်ကူးထဲကနေ ချမ်းသာနေချင်ရုံနဲ့တော့ မရပါဘူး။ တကယ်လက်တွေ့ ချမ်းသာစေမယ့် နည်းလမ်းကောင်းကတော့ ကိုယ်ရှာထားသမျှကို ကျစ်ကျစ် လစ်လစ်နဲ့ သိမ်းဆည်းပြီး တိုးအောင်ပွားအောင် ၊ စီးပွားရေး လုပ်ငန်းတွေမှာ ရင်းနီးမြှုပ်နှံ ရတာ ဖြစ်ပါတယ်။

ဒီလိုနဲ့ သင်ဟာ စီးပွားရေးသမား၊ စီးပွားရေးလုပ်ငန်းရှင်၊ ကုမ္ပဏီဒါရိုက်တာကြီး၊ သူဌေးကြီးဆိုတဲ့ ဘဝ အဆင့်ဆင့်ကို ဖြတ် ကျော်နိုင်ပါလိမ့်မယ်။

(၃) ငွေမဖြုန်းပါနဲ့

နောက်တစ်ခုက ချမ်းသာချင်ရင် ငွေမဖြုန်းပါနဲ့။ ဟုတ်ပါတယ်။ ငွေကို လိုအပ်လို့ သုံးတာကလွဲရင် မသုံးတာ အ ကောင်းဆုံးပါ။ ဒါမှလည်း ပိုက်ဆံက စုဖြစ်မှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ရှာလိုက်သုံးလိုက်ဆိုရင်တော့ အိတ်ပေါက်နဲ့ ဖားကောက်သလို၊ သမင်မွေးရင်း ကျားစားရင်း ဖြစ်နေမှာပါဘဲ။

ဒီတော့ အသုံးနဲ့အဖြုန်းကို ခွဲခြားတတ်ပါစေ။ တစ်ချို့က လစာလေးထုတ်ပြီဆိုရင် ဟိုနေရာသွားချင်ရ၊ ဟိုဟာ ဝယ် ချင်ရ၊ သူငယ်ချင်းတွေနဲ့ စုပြီး စားချင်တာစားနဲ့ လုံးလည်လိုက်နေတတ်ပါတယ်။ ကိုယ့်အတွက် မရှိလည်းဖြစ်တယ်ဆိုတဲ့အရာတွေ မဝယ်ပါနဲ့။ ကိုယ့်အတွက် မရှိမဖြစ် အရာတွေကိုပဲ ဝယ်ပါ။ ဒါက သူဌေးဖြစ်မယ့် နည်းလမ်းပါ။

(၄) အ ကြွေး မ ပေးနဲ့/ အ ကြွေး မယူနဲ့..

သင့်လက်ထဲမှာ ငွေစငွေနလေးမြင်ရင် သင်နဲ့ ရင်းနီးသူတွေ၊ သူငယ်ချင်းတွေ မိသားစုဝင်တွေက သူတို့မ ပြေ လည်တာတွေ ပြောပြပြီး ခဏခဏ ငွေ ချေးတာမျိုး မလွဲ မ သေ ကြုံ ရ ပါ လိမ့် မယ် ။ တချို့က တော့ ကြွေးယူ ပြုံးပြုံး တောင်းတော့ မုန်းဆိုတဲ့ အထဲမှာပါ ဝင်တတ်ပါတယ်။

ကိုယ့်ပိုက်ဆံနဲ့ကိုယ် အကုသလို များရတတ်ပါတယ်။ မိဘမောင်ဖွားတွေကို ကူညီချင်ရင်လည်း ကိုယ်တိုင်က အိမ်ထောင်သည်ဆိုရင် အကြွေးမဟုတ်တဲ့ ထောက်ပံ့မှုမျိုး၊ မိမိတတ်နိုင်သလောက် ထောက်ပံ့ပါ။ ဒီလိုပဲ တစ်ခြားဆီကနေ ငွေလွယ်လွယ်ရလို့ဆိုပြီးလည်း မချေးပါနဲ့။ အထူးသဖြင့် အတိုးနှုန်းနဲ့ ငွေချေးတာမျိုးကို တစ်သက်လုံး ရှောင်နိုင်လေ အကောင်းဆုံးဖြစ်လေ၊ ချမ်းသာဖို့ နီးစပ်လေပါဘဲ။

(၅) မှန်ကန်သော ရင်းနီးမြှုပ်နှံမှု

ငွေ တွေ ရှိနေပြီး မှန်ကန်တဲ့ရင်းနီးမြှုပ်နှံမှု မလုပ်ဘူးဆိုရင်လည်း သင် ချမ်းသာဖို့လမ်း မနီးသေးပါဘူး။ ဒီတော့ ကိုယ့်မှာရင်းနီးစရာ များများစားစားရှိလေ စီးပွားရေးလုပ်ရတဲ့ Scope က ကျယ်လေ ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ခုသတိထားရမှာက ကိုယ်စုထားသမျှ အ ချောင် ဝင်အုပ်ဖို့ ကြံနေတဲ့ လူ့မသမာတွေနဲ့လည်း ကြုံရနိုင်ပါတယ်။ ရင်းနီးမြှုပ်နှံမှုလုပ်မယ်ဆိုရင် ကိုယ်တိုင်ကလည်း ကျွမ်းကျင်နေတဲ့လုပ်ငန်းမျိုးဆို ပိုကောင်းပါတယ်။

ဒီလိုပဲ ကိုယ်တိုင်သိမြင်ထားတဲ့ ဗဟုသုတအရ တကယ်မြတ်လောက်တယ်လို့ ယူဆရတဲ့ လုပ်ငန်းမျိုးကို ဦးစားပေးပါ ။ သူငယ်ချင်းက ပြောလို့ ၊ မိဘက ပြောလို့၊ မယားက ခိုင်း လို့ ရင်းနှီး မြှုပ်နှံ တာထက် ကိုယ်တိုင်က ဒီ အ ကြောင်း ကို ကောင်း ကောင်း သိထားတယ်ဆိုရင် သင် မဆင်းရဲစေရပါဘူး ။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners